အသက် ၂၂ နှစ်အောက် အာရှဖလား
အသက် ၂၃ နှစ်အောက် အာရှဖလား (အာရှအသက် ၂၃ နှစ်အောက်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ) သည် အာရှဘောလုံးအဖွဲ့ချုပ် မှကြီးမှူးကျင်းပသော အာရှအဆင့် သက်တမ်းအလိုက်လူငယ်ဘောလုံးပြိုင်ပွဲဖြစ်သည်။ ပထမဆုံးအကြိမ်ကျင်းပသော ၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား ကို ၂၀၁၁ ခုနှစ် တွင်စတင်ရန်ဆုံးဖြတ်ခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ် မှစ၍သာ ပြိုင်ပွဲများကို ကျင်းပခဲ့သည်။ ၂၀၁၂ ခုနှစ် တွင် ခြေစစ်ပြိုင်ပွဲ(အရည်ချင်းစစ်ပြိုင်ပွဲ) များစွာကို အုပ်စု အလိုက် စတင်၍ ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲများကို ၂ နှစ် တစ်ခါကျင်းပ ရန် ဆုံးဖြတ်ထားသည်။ ထူးခြားချက်မှာ ၂၀၁၆ ခုနှစ်မှစ၍ အသက် ၂၃ နှစ်အောက်အာရှဖလားအဖြစ် ပြောင်းလဲသတ်မှတ်ကာ နွေရာသီအိုလံပစ်ပြိုင်ပွဲကျင်းပသည့် နှစ်များတွင် ပြုလုပ်သော အသက် ၂၃ နှစ်အောက်အာရှဖလားပြိုင်ပွဲ၏ ထိပ်ဆုံး ၃ သင်းသည် ထိုနှစ်၏နွေရာသီအိုလံပစ်အားကစားပွဲ အမျိုးသားဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
ပြိုင်ပွဲပုံစံ
အသက် ၂၂ နှစ်အောက် အာရှဖလား ပြိုင်ပွဲပုံစံ မှာ အောက်ပါအတိုင်းဖြစ်သည်။
- အိမ်ရှင်အသင်း အပါအဝင် အသင်းပေါင်း ၁၆ သင်း ခြေစစ်ပွဲအောင်မည်။
- နောက်ဆုံးပွဲ များကို ၁၈ ရက်အတွင်း အပြီးကျင်းပသွားမည်ဖြစ်သည်။
- နောက်ဆုံးပွဲ များအတွက် ဘောလုံးကွင်း ၃ ကွင်း(သို့) ၄ ကွင်း နှင့် မြို့ ၁ မြို့ အများဆုံး ၂ မြို့တွင် ကျင်းပမည်ဖြစ်သည်။
အိမ်ရှင်နိုင်ငံများကို ၄ နှစ်လျှင်တစ်ကြိမ် အနောက်အာရှနိုင်ငံများ နှင့် အရှေ့အာရှနိုင်ငံများ တစ်လှည့်စီရွေးချယ်သွားမည်ဖြစ်သည်။
ရလဒ်များ
နှစ် | အိမ်ရှင် | ဗိုလ်လုပွဲ | တတိယလုပွဲ | ||||
---|---|---|---|---|---|---|---|
အနိုင်ရအသင်း | ဂိုးရလဒ် | ဒုတိယရအသင်း | တတိယရအသင်း | ဂိုးရလဒ် | စတုတ္တရအသင်း | ||
၂၀၁၃ အသေးစိတ် |
![]() |
![]() |
၁–၀ | ![]() |
![]() |
၀–၀ (ပင်နယ်တီ:၃–၂) | ![]() |
၂၀၁၆ | ![]() |
![]() |
၃–၂ | ![]() |
![]() |
၂–၁ (အချိန်ပို:၁–၀) | ![]() |
၂၀၁၈ | ![]() |
![]() |
၂–၁ (အချိန်ပို:၁–၀) | ![]() |
![]() |
၁–၀ | ![]() |
၂၀၂၀ | ![]() |
![]() |
၁–၀ (အချိန်ပို:၁–၀) | ![]() |
![]() |
၁–၀ | ![]() |
၂၀၂၂ |