အာကာသယာဉ်မှူး

အာကာသယာဉ်မှူး ဆိုသည်မှာ လူစီးနင်း လိုက်ပါသည့် အာကာသယာဉ် ပရိုဂရမ် မှ လေ့ကျင့်သင်ကြားထားသော ပုဂ္ဂိုလ်ဖြစ်ပြီး အာကာသယာဉ် တွင် ကွပ်ကဲ မောင်းနှင်ရန် သို့မဟုတ် အမှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။ ထိုအသုံးအနှုန်းအား ပရော်ဖက်ရှင်နယ် အာကာသ ခရီးသွားသူများအတွက်သာ သုံးနှုန်းလေ့ ရှိသော်လည်း တစ်ခါတစ်ရံတွင် အာကာသ အတွင်း ခရီးသွားသော သိပ္ပံပညာရှင်များ၊ နိုင်ငံရေးသမားများ၊ စာနယ်ဇင်းသမားများနှင့် ခရီးသွား ဧည့်သည်များ အတွက် အသုံးပြုလေ့ ရှိသည်။[1] [2]

နာဆာမှ အာကာသယာဉ်မှူး ဘရုစ် မက်ကန်းဒဲလ် ၂ သည် ၁၉၈၄ ခုနှစ် STS-41-B လွန်းပျံ မစ်ရှင်အတွင်းလူစီးနင်းမောင်းနှင်နိုင်သည့် ယူနစ် ကို ချဲလင်ဂျာ အပြင်ဘက်တွင် အသုံးပြုနေပုံ။

၂၀၀၂ ခုနှစ်အထိ အာကာသယာဉ်မှူးများကို အစိုးရနှင့် ဆက်စပ်နေသာ စစ်တပ်မှသော်လည်းကောင်း၊ အရပ်ဘက် အာကာသအေဂျင်စီများမှ သော်လည်းကောင်း ကမကထပြု လေ့ကျင့်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ပုဂ္ဂလိကမှ ငွေကြေး စိုက်ထုတ်ထားသော ထားသော စပေ့ရှစ်ဝမ်း ၏ ကမ္ဘာပတ်လမ်းကြောင်း တစ်ဝက်တစ်ပျက် ပျံသန်းမှုနှင့်အတူ အာကာသယာဉ်မှူး အမျိုးအစားအသစ်ဖြစ်သော စီးပွားဖြစ်အာကာသယာဉ်မှူး များ ပေါ်ပေါက်လာခဲ့သည်။

ကိုးကား

  1. NASA (2006)။ Astronaut Fact Book National Aeronautics and Space Administration September 26, 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 4, 2007 တွင် ပြန်စစ်ပြီး။
  2. Marie MacKay (2005)။ Former astronaut visits USU The Utah Statesman။ September 26, 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 4, 2007 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.