အိမ်ပြာတော်

အိမ်ပြာတော် (အင်္ဂလိပ်: Blue House; ကိုရီးယား: 청와대; Hanja: 靑瓦臺; ချောင်ဝဒယ်) သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတနေထိုင်ရာ အိမ်တော်နှင့် ရုံးထိုင်ရာ ဖြစ်သည်။ မြို့တော် ဆိုးလ်၌ တည်ရှိသည်။ ကိုရီးယားရိုးရာ ဗိသုကာလက်ရာများကို အများဆုံး တည်ဆောက်ထားသည်။

အိမ်ပြာတော်
청와대
靑瓦臺
Cheong Wa Dae
The reception center of the Blue House in August 2010.
Location in Seoul
အခြားအမည်များCheong Wa Dae
အထွေထွေ အချက်အလက်များ
လိပ်စာ၁ ချောင်ဝဒီလမ်း (ဂျွန်ဂိုခရိုင်)
မြို့ဆိုးလ်မြို့
နိုင်ငံတောင်ကိုရီးယား
ကိုဩဒိနိတ်37.586673°N 126.976268°E / 37.586673; 126.976268
လက်ရှိ အငှားနေထိုင်သူမွန်ဂျေအင်းတောင်ကိုရီးယားနိုင်ငံ၏ သမ္မတ
တည်ဆောက်မှု စတင်ဇူလိုင် ၂၂၊ ၁၉၈၉ (၁၉၈၉-၀၇-၂၂)
ပြီးစီးစက်တင်ဘာ ၄၊ ၁၉၉၁ (၁၉၉၁-၀၉-၀၄)
အိမ်ပြာတော်
ဟန်းဂု
Hanja
Revised RomanizationCheong(-)wadae
McCune–ReischauerCh'ŏng'wadae

အိမ်ပြာတော်တွင် ဘွန်ဂွမ်ဆိုသော အဓိကဟောခန်းမ၊ သမ္မတအိမ်တော်၊ နိုင်ငံတော်အဆင့် ဧည့်ခန်းမအိမ်တော် (ရော်ဘင်ဂွမ်)၊ စာနယ်ဇင်းခန်းမ (ချွန်ချူခွမ်) နှင့် အတွင်းဝန်ရုံးများ ပါဝင်သည်။ ခြံဝန်းတစ်ခုလုံး ၂၅၀,၀၀၀စတုရန်းမီတာ (၆၂ဧက) ကျယ်သည်။

သမိုင်း

၁၉၃၉တွင် ကိုရီးယားကို သိမ်းပိုက်ထားသော ဂျပန်တို့သည် ချောင်ဝဒယ်အနီးတွင် အစိုးရရုံးဆောက်ခဲ့ကာ ၁၉၉၃ ခုနှစ်တွင် သမ္မတကင်ရမ်းဆမ်းက ဖျက်သိမ်းခဲ့သည်။

၁၉၄၈ ကိုရီးယားသမ္မတနိုင်ငံ တည်ထောင်အပြီးတွင် သမ္မတဆောင်မန်ဟီးက ဂျောင်မြူဒေးဟုခေါ်ကာ အိမ်တော်နှင့်ရုံးအဖြစ် သုံးခဲ့သည်။ သမ္မတ ယန်ဘွန်ဆွန်း က ချောင်ဝဒယ်ဟု အမည်ပြောင်းခဲ့သည်။

၁၉၆၈ တွင် မြောက်ကိုရီးယားတို့က သမ္မတ ပတ်ချောင်ဟီးကို လုပ်ကြံရန် အိမ်ပြာတော်ကို တိုက်ခိုက်ခဲ့သည်။ မြောက်ကိုရီးယား ၂၈ ယောက်၊ တောင်ကိုရီးယား ၂၆ ယောက်နှင့် အမေရိကန် ၄ ယောက် သေဆုံးခဲ့သည်။

သမ္မတ နိုတေဝူးလက်ထက်တွင် ရုံးအသစ်၊ အိမ်တော်အသစ်၊ စာနယ်ဇင်းခန်းမများ အသစ်တည်ဆောက်ကာ ၁၉၉၁ ဧပြီတွင် ဖွင့်လှစ်ခဲ့သည်။

နေရာများ

Gardens on the grounds of Cheong Wa Dae

မြောက်ဘက်တွင် ဘူကန်ဆန်တောင်၊တောင်ဘက်တွင် နန့်ဆမ်တောင် ၊အရှေ့တွင်ချွန်ဂျဂီချွန် စမ်းချောင်းနှင့်ဟန်မြစ်တို့ရှိသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.