အုန်းမြင့်၊ သခင်

သခင်အုန်းမြင့် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။[1]

သခင်
အုန်းမြင့်
မွေးဖွား(1918-04-21)ဧပြီ ၂၁၊ ၁၉၁၈
လက်ပံတန်းမြို့ပဲခူးတိုင်းဗြိတိသျှဘားမား
ကွယ်လွန်စက်တင်ဘာ ၁၇၊ ၂၀၁၀(2010-09-17) (အသက် ၉၂)
ရန်ကင်းမြို့နယ်ရန်ကုန်မြို့မြန်မာနိုင်ငံ
ထာဝရ နားခိုရာနေရာရေဝေးသုသာန်၊ ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာ
လူမျိုးမြန်မာတရုတ်[1]
အလုပ်အကိုင်ဂျာနယ်လစ်
သားသမီး၄ ဦး

သခင်အုန်းမြင့်ကို (၁၉၁၈) ခုနှစ် ဧပြီလ (၂၈) ရက်နေ့က အဘ ဦးမိုးကောင်း၊ အမိ ဒေါ်အေးတင်တို့က ပဲခူးတိုင်း လက်ပံတန်းမြို့နယ်တွင် မွေးဖွား ခဲ့သည်။ (၁၉၃၃) ခုနှစ်တွင် ဒို့ဗမာ အစည်းအရုံး၌ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ရင်း နိုင်ငံရေး လောကထဲသို့ ရောက်ရှိလာခဲ့သည်။

(၁၉၃၄) ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းလာပြီး ဂျာနယ်ကျော် ဦးချစ်မောင်နှင့် အတူ နေထိုင်ရင်း သတင်းစာများတွင် ဆောင်းပါးနှင့် အခန်းဆက် ဝတ္ထုရှည်များ ရေးသားခဲ့သည်။ ဆယ့်နှစ်ရာသီ ပြုံး မြင့်အုန်းဆီမီးခွက် စသော ကလောင်အမည်များကို အသုံးပြုခဲ့သည်။ တိုးတက်ရေး သတင်းစာ၏ သတင်း အယ်ဒီတာအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ဒို့ဗမာ အစည်းအရုံးဝင် ဖြစ်ပြီး ဖက်ဆစ် ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့သည်။

အိမ်စောင့် အစိုးရ လက်ထက်တွင် နိုင်ငံရေး ပုဒ်မများဖြင့် ကိုကိုးကျွန်းသို့ အပို့ ခံခဲ့သည်။[1][2] (၁၉၈၉) နှင့် (၁၉၉၆) ခုနှစ်များတွင်လည်း စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။[2] သူသည် ထင်ပေါ်လိုသူ မဟုတ်သော်လည်း နိုင်ငံရေး လောက စာပေ လောကတို့တွင် လူအများ လေးစားခြင်း ခံခဲ့ရသည်။

၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၇ တွင် ကွယ်လွန်ခဲ့ပြီး ရေဝေးသုသာန်တွင် သင်္ဂြိုဟ် ခဲ့သည်။[2]

ကိုးကား

  1. Myint Maung။ "Spectrum of colleagues pay last respects to Ohn Myint"၊ Mizzima၊ 20 September 2010 8 April 2012 တွင် ပြန်စစ်ပြီး
  2. Wai Moe။ "Suu Kyi’s Mentor Dies"၊ The Irrawaddy၊ 17 September 2010 8 April 2012 တွင် ပြန်စစ်ပြီး Archived from the original on 18 September 2010။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.