အုန်းဝင်း

ဦးအုန်းဝင်း သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

​အုန်းဝင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၆
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူ

ပညာ​ရေး

ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သစ်​တောဘာသာရပ်ဖြင့် B.Scဘွဲ့ရရှိခဲ့သည်။ဖိလစ်ပိုင်တက္ကသိုလ်မှ Ergonomics (ပတ်ဝန်းကျင် ၊အခြေအနေ စသည်တို့ကြောင့် လုပ်သားတို့၏ ကုန်ထုတ်စွမ်းအားအတက်အကျရှိပုံကို လေ့လာသည့်ပညာ)ဖြင့် ဒီပလိုမာ၊ အ​မေရိကန်နိုင်ငံ၊ ​ကော်လိရာဒိုပြည်နယ်တက္ကသိုလ်မှ ​ရေအရင်းအမြစ် စီမံခန့်ခွဲမှုဖြင့် မာစတာဘွဲ့ ရရှိခဲ့သည်။[1]

အလုပ်အကိုင်

ဦးအုန်းဝင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ၂၀၁၆ခုနှစ် အစိုးရအသစ် ဖွဲ့စည်းချိန်တွင် စတင်တာဝန်ထမ်း​ဆောင်ခဲ့သည်။[2]

ဝန်ကြီးအဖြစ် မလုပ်ကိုင်မီက ​ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်အဖြစ် UNDP အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGOများတွင် လုပ်ကိုင်ခဲ့သည်။

၂၀၁၁ခုနှစ်မတိုင်မီအထိ ရေဆင်းသစ်တောတက္ကသိုလ်၏ ဒုတိယပါ​မောက္ခချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။ထိုမတိုင်မီများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာနတွင် ညွှန်ကြား​ရေးမှူး၊ သစ်​တောသု​တေသန​ကျောင်းတွင် ညွှန်ကြား​ရေးမှူး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ် သစ်​တောဦးစီးဌာနများတွင် ညွှန်ကြား​ရေးမှူး တာဝန်များ ​ဆောင်ရွက်ခဲ့သည်။[1]

ကိုးကား

  1. H.E U Ohn Win (in en)။ CIFOR။
  2. Cabinet of Myanmar (in my)။ Myanmar President Office (25 May 2016)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.