အောင်ကို
ဦးအောင်ကို (သူရဦးအောင်ကို) သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုပါတီဝင်တစ်ဦးဖြစ်ခဲ့သူလည်းဖြစ်သည်။
သူရ အောင်ကို | |
---|---|
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးထင်ကျော် ဦးမြင့်ဆွေ (ယာယီ) ဦးဝင်းမြင့် |
ယခင်လူ |
|
ဆက်ခံသူ | ဦးကိုကို |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
မဲဆန္ဒနယ် | ကန်ပက်လက်မြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ကျောက်ပန်းတောင်းမြို့၊ မန္တလေးတိုင်းဒေသကြီး | ၄ ဇန်နဝါရီ၊ ၁၉၄၈
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ |
|
ကြင်ဖော်(များ) | မြင့်မြင့်ရီ |
သားသမီး | ၃ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
အမှုထမ်းကာလ | ၁၉၆၉-၁၉၉၇ |
ရာထူး | ဗိုလ်မှူးချုပ် |
လွှတ်တော်ကိုယ်စားလှယ်
ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်သူ သူရဦးအောင်ကိုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအုပ်ချုပ်ရေးကော်မတီဝင်ဆစ်ဦးအဖြစ် ၁၉၉၇ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်။ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူခံရသည့် မြန်မာအစိုးရအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ကာ ၂၀၀၃ခုနှစ်က သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ရာမှ လူသိများလာသည်။[1]၂၀၀၇ခုနှစ်တွင် ဩစတြေးလျ၏ ပိတ်ဆို့မှုခံခဲ့ရသည်။ [2]
၂၀၁၀ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီမှ အရွေးခံခဲ့ရသည်။နောက်ပိုင်းတွင် သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ရေးဗဟိုကော်မတီဝင်များ ထုတ်ပယ်ခံရမှုတွင် ဦးအောင်ကိုပါ ပါဝင်ခဲ့သည်။
ဝန်ကြီး
ဦးသန်းရွှေ၏ အစိုးရအဖွဲ့တွင် သူရဦးမြင့်မောင် လက်အောက်၌ သာသနာရေးဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီဝင်အဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၂တွင် ပါတီအတွင်းရေးမှူးဖြစ်ခဲ့သည်။[3]သူသည် ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ ရင်းနီးသော မိတ်ဆွေဖြစ်သည်။၂၀၁၅ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လတွင် ပါတီဗဟိုကော်မတီဝင်မှ ထုတ်ပယ်ခံကြရသည်။[4]
၂၀၁၅ရွေးကောက်ပွဲအပြီးတွင် ကြံ့ခိုင်ရေးပါတီမှ နှုတ်ထွက်ခဲ့ပြီး အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ခဲ့သည်။[5]ဝန်ကြီးဌာန၂ခုပေါင်းကာ အသစ်ဖွဲ့ထားသည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တွင် ပြည်ထောင်စုဝန်ကြီးဖြစ်လာခဲ့သည်။[6]
ကိုးကား
- Burma-Myanmar Council Decision 2003-461 CFSP။
- BANKING (FOREIGN EXCHANGE) REGULATIONS 1959 DIRECTION RELATING TO FOREIGN CURRENCY TRANSACTIONS AND TO BURMA။
- President U Thein Sein re-elected as Myanmar's ruling party leader - Xinhua | English.news.cn။
- Lwin၊ Ei Ei Toe။ EXCLUSIVE: Speaker makes political comeback bid။
- Thu၊ Mratt Kyaw။ The state of the Sangha။ 8 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2019 တွင် ပြန်စစ်ပြီး။
- Times၊ The Myanmar။ Daw Aung San Suu Kyi to join government as NLD reveals cabinet။