အောင်သူ (ဘောလုံးသမား)

အောင်သူ (၂၂ မေ ၁၉၉၆ ဖွား ) သည် မြန်မာနိုင်ငံမှ ဘောလုံးသမားတစ်ဦးဖြစ်ပြီး မြန်မာ ယူ-၁၉ ဘောလုံးအသင်းနှင့် ရတနာပုံ ဘောလုံးအသင်းတို့၏ ရှေ့တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သည်။ သူအား ပျဉ်းမနားမြို့တွင် မွေးဖွားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် သူသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)သို့ တက်ရောက်ခဲ့သည်။ သူသည် မြန်မာ ယူ-၁၆ အသင်းတွက်လည်း ကစားခဲ့ပြီး လက်ရှိတွင် မြန်မာလက်ရွေးစင်​ ဘောလုံးအသင်းတွင် ကစားလျက်ရှိသည်။ 2011 AFF U-16 Youth Championship ပြိုင်ပွဲတွင် စတင်ကာ ယူ- ၁၆ အသင်းနှင့်အတူ ပထမဆုံးအကြိမ် နိုင်ငံတကာပွဲ စတင်ကစားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော 2014 AFC U-19 Championship ပြိုင်ပွဲတွင် ကာတာနှင့်ကစားသောပွဲတွင် လှပစွာကန်သွင်း၍ ချေပဂိုးသွင်းယူခဲ့သည်။ သို့သော် အကြောင်းမလှစွာ အချိန်ပိုတွင် ရှုံးနိမ့်ခဲ့သည်။ သူ၏ အစွမ်းပြကစားမှုများဖြင့် မြန်မာ ယူ-၁၉ ဘောလုံးအသင်းသည် ဖီဖာ ယူ-၂၀ ကမ္ဘာဖလားသို့ မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့သည်။ ဒါဟာ ၁၉၇၂ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ မြူနစ်မြို့တွင် ကျင်းပခဲ့သော ခြေစစ်ပွဲအောင်ခဲ့ပြီးနောက်ပိုင်းတွင် မြန်မာဘောလုံးအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။ သူသည် တန်ဖိုးအရှိဆုံး တစ်နှစ်တာ အကောင်းဆုံး အားကစားဆုကို ၂၀၁၅ ခုနှစ်အစောပိုင်းက ရရှိခဲ့သည်။ သူသည် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာဖလားပြိုင်ပွဲတွင် အိမ်ရှင် နယူးဇီလန်အသင်းနှင့်ကစားသောပွဲတွင် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ သူသည် မြန်မာ အမျိုးသားဘောလုံးအသင်းအတွက် ပထမဆုံးနိုင်ငံတကာဂိုးကို ၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲတွင် လာအိုအသင်း ၃-၁ ဖြင့် အနိုင်ရရှိခဲ့သော ပွဲတွင် သွင်းယူပေးခဲ့သည်။

အောင်သူ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် အောင်သူ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
အောင်သူ
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ အောင်သူ
မွေးသက္ကရာဇ် (1996-05-22) ၂၂ မေ၊ ၁၉၉၆
မွေးရပ်ဇာတိ ပျဉ်းမနားမြို့ မြန်မာ
အရပ်အမြင့် ၁.၆၇ m (၅ ft   in)
ကစားသည့်နေရာ ရှေ့တန်း (တိုက်စစ်)
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
​မြောင်​တောင်ယူနိုက်တက် ထိုင်း
အင်္ကျီနံပါတ်
လူငယ်ဘဝကလပ်များ
၂၀၁၁–၂၀၁၃ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၃–၂၀၁၇ ရတနာပုံ ဘောလုံးအသင်း [1] ၅၈ (၂၄)
၂၀၁၈– Police Tero ၂၁ (၁၀)
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၁ မြန်မာ ယူ-၁၆ (၄)
၂၀၁၃–၂၀၁၅ မြန်မာ ယူ-၂၀ ၁၉ (၁၂)
၂၀၁၅– မြန်မာ ၃၄ (၉)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ဒီဇင်ဘာ ၂၇၊ ၂၀၁၅အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ ဒီဇင်ဘာ ၂၇၊ ၂၀၁၅ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ကိုယ်ရေးရာဇဝင်

တက်သစ်စ မြန်မာ့တိုက်စစ်မှူး အောင်သူသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)မှ ထွက်ပေါ်လာခဲ့သော ကစားသမားဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ပျဉ်းမနားမြို့တွင် မွေးဖွားခဲ့ပြီး သူသည် အသက် ၁၃ နှစ်အရွယ်တွင်ပင် အံဩဖို့ကောင်းစွာ ပျဉ်းမနားမြို့ ကိုယ်စားပြုအဖြစ် ဒေသလိုက် ယူ- ၁၉ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)မှ တက်ရောက်ရန် ရွေးချယ်ခံခဲ့ရပြီး သူ၏ အပြည်ပြည်ဆိုင်ရာ ကစားပွဲအဖြစ် ယူ-၁၆ ပြိုင်ပွဲတွင် ၂၀၁၁ ခုနှစ်တွင် ပါဝင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသော Hassanal Bolkiah Trophy ပြိုင်ပွဲတွင် ဗီယက်နမ် ယူ-၁၉ အသင်းနှင့်ကစားသောပွဲတွင် အရေးကြီးသော ဂိုးများကို သွင်းယူပေးခဲ့ပြီး မြန်မာအသင်းသည် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့သည်။ သူသည် ချက်ချင်းပင် မြန်မာဘောလုံးဝါသနာရှင်တို့၏ အကြိုက်ဆုံးတိုက်စစ်မှူးနေရာသို့ ရောက်ရှိခဲ့သည်။ သူသည် ဆက်လက်၍ပင် ၂၀၁၄ ယူ-၁၉ ချန်ပီယံပြိုင်ပွဲနှင့် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာဖလား (နယူးဇီလန်)ပြိုင်ပွဲများတွင် ဂိုးများသွင်းယူနိုင်ခဲ့သည်။ သူအား FIFA techanical study book of 2015 U-20 World Cup စာအုပ်တွင် သူ၏ အားပြင်းသော ကန်ချက်နှင့် ပါးနပ်စွာ ပြေးလွှားမှုတို့ကို မှတ်ချက်ပေးခံခဲ့ရသည်။ အောင်သူသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းဖြစ်သော ရတနာပုံ FC တွင် အကောင်းဆုံးပုံစံဖြင့် ကစားလျက်ရှိသည်။ သူအား မြန်မာ အမျိုးသား ဘောလုံးအသင်းမှ ကစားရန် ခေါ်ယူခြင်းခံခဲ့ရပြီးဖြစ်၍ မကြာမှီပင် နိုင်ငံလက်ရွေးစင်အသင်းနှင့် ပွဲဦးထွက် ကစားနိုင်တော့မည် ဖြစ်သည်။

မြန်မာယူ ၂၃ လက်ရွေးစင်ကစားသမားအောင်သူ

(ပင်ကိုယ်ပါရမီရှိ ၍ ဘောလုံးကျွမ်းကျင်မှုကောင်းမွန်သည့် အားကိုးရသော မြန်မာယူ၂၃ အသင်း၏ ရှေ့တန်းတိုက်စစ် ကစားသမား)

အောင်သူကို ၁၉၉၆ - မေလ - ၂၂ ရက်နေ့တွင် မိတ္တီလာ၊မြို့နယ်၊ ပင်းတလဲရွာမှာ မွေးဖွားခဲ့ပါတယ်။ ဖခင်မှာ အစိုးရဝန်ထမ်းဖြစ်သောကြောင့် ပျဉ်းမနားသို့ပြောင်းရွှေ့တာဝန်ကျခဲ့ပြီး ပျဉ်းမနားမှာပဲကြီးပြင်းခဲ့ပါတယ်။ နှစ်တန်း နှစ်လောက်ကစပြီး ဘောလုံးဝါသနာပါခဲ့ပေမဲ့ စကန်ဖြစ်တာကတော့ လေးတန်းရောက်မှဖြစ်ပါတယ်။ ခြောက်တန်းရောက်တော့နေပြည်တော်ဘောလုံးကွင်းမှာ နွေရာသီဘောလုံးသင်တန်းတက်ရင်းနဲ့ Training စလုပ်ဖြစ်ပါတယ်။ မွေးချင်း ၃ ယောက်လုံးကယောင်္ကျားလေးတွေဖြစ်ကြပြီးဘောလုံးကန်ကောင်းကြပါတယ်။ ၁၃နှစ်အရွယ်မှာ ယူ-၁၉ တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲအတွက်အရွေးခံရပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါသည်။ ပျဉ်းမနားမြို့ လောကမရစိန်ဘုရားကြီးအောက်ကကွင်းပြင်လေးဟာ ငယ်စဉ်က ဘောလုံးကန် လေ့ကျင့်ခဲ့တဲ့ နေရာလေး တစ်ခုဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲပြီးနောက်မကြာခင် ၂၀၀၈ လောက်မှာဘောလုံးအကယ်ဒမီကျောင်းအတွက် ရွေးချယ်ခံရပါတယ်။ အရွေးခံရပြီးနောက်ရန်ကုန်မှာစုပြီး ၂၀၀၉ မှာတော့ မန္တလေးအကယ်ဒမီကိုရောက်ခဲ့ပါတယ်။ ဘဝမှာဝါသနာပါတဲ့လမ်းကြောင်းကို လျှောက်လှမ်းရပေမဲ့လည်း သူရဲ့မိသားစုက သူ့ကို ငွေကြေး ထောက်ပံ့ဖို့ အခက်အခဲတွေကို ဘောလုံးအကယ်ဒမီစတက်တဲ့အချိန်ကနေစပြီး ယူ-၁၉ ရောက်တဲ့ အထိ ကျိတ်မှိတ်ပြီးတော့ ရင်ဆိုင်ခဲ့ပါတယ်။ အားကျအတုယူခဲ့ရတဲ့ပြည်တွင်းကစားသမားကတော့ (ကို)စိုးမြတ်မင်းဖြစ်ပြီး၊ ပြည်ပကစားသမားကတော့ လီယွန်နယ်မက်ဆီ(Lionel Messi) ဖြစ်ပါတယ်။

၂၀၁၁ အာဆီယံ ယူ-၁၆ လူငယ် ပြိုင်ပွဲ(AFF U-16 Youth Championship)နှင့်နိုင်ငံတကာပွဲစတင်ကစားခဲ့သည်။ အောင်သူဆိုပြီး မှတ်မှတ်ရရ ပရိတ်သတ်တွေစတင်သိခဲ့တာကတော့ ၂၀၁၄ ခုနှစ်ဘရူနိုင်းနိုင်ငံမှာကျင်းပတဲ့ Hassanal Bolkiah Trophy ပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲ၊ ဗီယက်နမ်အသင်းကို ၄-၃ အနိုင်ရရှိခဲ့မှာ အဆုံးဖြတ်ဂိုးကိုသွင်းယူခဲ့တာကနေစတင်ခဲ့ပါတယ်။ ပထမဦးဆုံးဆုဖလားရယူနိုင်ခဲ့ခြင်းလဲဖြစ်ပါတယ်။

၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်တာဝန်ယူကျင်းပခဲ့ရာမှာ မြန်မာ ယူ-၁၉ အသင်းဟာ ထိုင်းအသင်းရဲ့နောက် အုပ်စုဒုတိယနဲ့တက်ခဲ့ပြီး ရှုံးထွက်အဆင့်တွင် အာရပ်စော်ဘွားများသမ္မတနိုင်ငံ (UAE) အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ယူကာ ဆီးမီး ၄ သင်းကိုတက်ရောက်ခဲ့ပါတယ်။ ဆီးမီး ဖိုင်နယ်မှာ တွေ့ဆုံတဲ့ ကာတာ (Qatar)အသင်းဘက်ကို လှပသောအဝေးကန်ချက်ဖြင့် ၁ ဂိုးသွင်းယူခဲ့ပြီး ၂ ဂိုးဆီသရေကျခဲ့ပေမဲ့ အချိန်ပိုမှာ ရှုံးနိမ့်ခဲ့ကာ ဗိုလ်လုပွဲနဲ့လွဲခဲ့ရပါတယ်။ ဒါပေမဲ့ အာရှ ယူ-၁၉ ပြိုင်ပွဲရဲ့ ဆီးမီးရောက် ၄ သင်းဟာ ၂၀၁၅ ယူ-၂၀ ကမ္ဘာဖလားကို ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ မြန်မာ ယူ-၂၀ အသင်းနဲ့အတူအောင်သူဟာ ကမ္ဘာဖလား ယူ-၂၀ ပွဲကိုပါဝင်ကစားခဲ့ပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် နယူးဇီလန်နဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ထဲကရတနာပုံအသင်း၌စတင်ကစားခဲ့ပြီး အရပ်အမြင့် ၁၆၇စင်တီမီတာ (၅ပေ၅လက်မခွဲ)ရှိပါတယ်။ မြန်မာနေရှင်နယ်လိဂ်ကို ရတနာပုံအသင်းနှင့်အတူ ၂၀၁၄ နှင့် ၂၀၁၆ တွင်ရရှိထားပါသည်။ သွင်းဂိုးတွေအနေနဲ့ကတော့ မြန်မာယူ-၁၆ အဆင့်မှာ ၄ပွဲကစား ၄ဂိုး သွင်းယူထားခဲ့ပြီး၊ မြန်မာယူ-၂၀ အဆင့်မှာ ၁၉ပွဲကစား ၁၂ဂိုး သွင်းယူထားခဲ့ပါတယ်။ ကမ္ဘာဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြုပွဲ ၂၀ပွဲကစားထားပြီး၊ ၄ ဂိုး သွင်းယူထားပါတယ်။ ၂၀၁၅ခုနှစ် အာဆီယံတနှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု (AFF Youth Player of the Year - 2015)ကို၎င်း၊ အကောင်းဆုံးမြန်မာ့လက်ရွေးစင်ကစားသမားဆုကို ၂၀၁၄၊ ၂၀၁၅ နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့သလို၊ မြန်မာနေရှင်နယ်လိဂ် (Myanmar National League) အကောင်းဆုံးကစားသမားဆုကိုလဲ ၂၀၁၅၊ ၂၀၁၆ နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ [2]

နိုင်ငံတကာသွင်းဂိုးများ

မြန်မာအသင်း၏ သွင်းဂိုးနှင့် ရလဒ်တို့ကို ဦးစွာဖော်ပြထားသည်။
#ရက်စွဲအားကစားကွင်းပြိုင်ဘက်ဂိုးရလဒ်ရလဒ်ပြိုင်ပွဲ
၁၃ အောက်တိုဘာ ၂၀၁၅Supachalasai Stadiumဘန်ကောက်မြို့  လာအို-၁၃-၁၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ
၂၉ မတ် ၂၀၁၆Saida International StadiumSidon  လက်ဘနွန်၀-၁-၁၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ

ဂုဏ်ပြုဆုများ

  • Hassanal Bolkiah Trophy(1): ၂၀၁၄
  • AFF Youth Player of the Year(1): ၂၀၁၅

ပုဂ္ဂိုလ်ရေးဘဝ

​အောင်သူသည် သရုပ်​ဆောင် ပိုးအိအိခန့်နှင့် ၂၀၁၈ခုနှစ် ​မေလ၃၁ရက်​နေ့က တရားရုံးတွင် လက်မှတ်ထိုးကာ လက်ထပ်ခဲ့သည်။[3]

ကိုးကား

  1. "AFC U-19 Championship results"၊ AFC၊ 2014-10-11 25 March 2016 တွင် ပြန်စစ်ပြီး Archived from the original on 11 October 2014။
  2. IASOMFProfile
  3. အောင်သူနဲ့ လက်ထပ်ထားတာ(၉)လကျော်သွားပြီဆိုတဲ့ ပိုးအိအိခန့် Duwun။

ပြင်ပလင့်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.