အေးရှန်းဝင်း လေကြောင်းလိုင်း


အေးရှန်းဝင်း လေကြောင်းလိုင်း (အင်္ဂလိပ်: Asian Wings Airways) သည် မြန်မာနိုင်ငံအခြေစိုက် လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင် ဝန်ဆောင်မှုပေးခဲ့သည်။[2] ATR-72-500 အမျိုးအစား လေယာဉ် ၃ စီးနှင့် အဲဘတ် အေ၃၂၁-၁၀၀ အမျိုးအစား လေယာဉ် ၁ စီး ဖြင့် မြန်မာနိုင်ငံ အချက်အချာ မြို့များသို့ ပျံသန်းလျက်ရှိသည်။

Asian Wings Airways
IATA ICAO Callsign
YJ AWM Asian Star
တည်ထောင်၂၀၁၁
စတင်ပျံသန်း၂၇ ဇန်နဝါရီ ၂၀၁၁
အခြေစိုက် ဌာနရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
လေယာဉ်ပေါင်း
ပျံသန်းဌာနေပေါင်း၁၂
ဆောင်ပုဒ်Fly beyond Your Dreams [1]
မိခင်ကုမ္ပဏီAsian Wings Airways, Limited
ဌာနချုပ်ရန်ကုန်မြို့မြန်မာနိုင်ငံ
အရေးပါသူများလွင်မိုး
ဝက်ဘ်ဆိုဒ်asianwingsair.com

အေးရှန်းဝင်း လေကြောင်းလိုင်းကို ဆန်းဖား ခရီးသွား ကုမ္ပဏီမှ ပိုင်ဆိုင်သည်။[3]

၂၀၁၃ ခုနှစ်တွင် အောနီပွန် လေကြောင်းလိုင်းသည် အေးရှန်းဝင်း လေကြောင်းလိုင်း၏ စတော့ရှယ်ယာ ၄၉% ကို ဂျပန်ယန်းငွေ သန်း ၃၀၀၀ တန်ဖိုးဖြင့် ဝယ်ယူမည်ဟု ကြော်ငြာခဲ့သည်။[4] သိုသော်လည်း ၂၀၁၄ ခုနှစ်တွင် အောနီပွန် လေကြောင်းလိုင်း၏ ဒါရိုက်တာများ အစုအဖွဲ့က အေးရှန်းဝင်း လေကြောင်းလိုင်းတွင် ရင်းနှီးမြုပ်နှံရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။[5]

လေယာဉ်များ

အေးရှန်းဝင်း လေကြောင်းလိုင်း

Aircraft In Fleet Orders Options Notes
အဲဘတ်စ် အေ၃၂၁-၁၁၂ 0 0 ex-Alitalia
ATR 72-500 0 0
Total 0 0

ပျံသန်းရာမြို့များ

ထပ်မံကြည့်ရှုရန်

ကိုးကား

  1. Asian Wings Airways | Fly Beyond Your Dreams 12 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 March 2016 တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ 16 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 March 2016 တွင် ပြန်စစ်ပြီး။
  3. "Asian Wings Airways"၊ Tourism Transparency 22 October 2012 တွင် ပြန်စစ်ပြီး
  4. "ANA、ミャンマーの中堅航空に出資へ アジア開拓"၊ 27 August 2013 27 August 2013 တွင် ပြန်စစ်ပြီး
  5. "Japan’s ANA Cancels Investment in Burma’s Asian Wings"၊ 30 July 2014 4 March 2015 တွင် ပြန်စစ်ပြီး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.