အေးဝတ်ရည်သောင်း

အေးဝတ်ရည်သောင်း (၁၉၈၄ ခု၊ မေလ ၂၇ ဖွား) သည် မြန်မာလူမျိုး သရုပ်ဆောင်၊ သရုပ်ပြမယ်နှင့် အဆိုတော် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်များတွင် လူသိများခဲ့သူ ဖြစ်သည်။[1][2][3][4]

အေးဝတ်ရည်သောင်း
မွေးဖွား (1984-05-27) ၂၇ မေ၊ ၁၉၈၄
ရန်ကုန်
အခြား အမည်များအေးသောင်း၊ ပေါက်စီ
အလုပ်အကိုင်သရုပ်ဆောင်၊ သရုပ်ပြမယ်၊ အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ1997–2011
2016–present
အရပ် ft ၆ in (၁.၆၈ m)

ငယ်ဘဝ

၁၉၈၄ ခု၊ မေလ ၂၇ ရက်တွင် ရန်ကုန်၌ မွေးသည်။ ညီအစ်မ ၃ ယောက်အနက် အလတ်ဖြစ်သည်။ အကြီးဖြစ်သော နှင်းဝတ်ရည်သောင်းနှင့် အငယ်ဆုံးဖြစ်သော ဆွိဝတ်ရည်သောင်း တို့သည်လည်း အနုပညာလှုပ်ရှားမှုများ ပြုဖူးသည်။[5]

အထက(၂) ရန်ကင်း၌ အထက်တန်းအောင်ကာ ဒဂုံတက္ကသိုလ်မှ ဓာတုဗေဒနှင့် ဘွဲ့ရသည်။

အနုပညာ လှုပ်ရှားမှု

၁၉၉၇ ခုတွင် သရုပ်ပြမယ်အဖြစ် စလုပ်ရာ ခရစ်စမတ်မယ်ဆုကို ၁၉၉၈ ခုတွင် ရသည်။

တေးစီးရီးများ

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
လွယ်လွယ်လေး ၂၀၀၅

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.