အဲပပ်နတ်ဘုရား

အဲပပ် (သို့) အားပပ် (အင်္ဂလိပ်: Apep) [မှတ်စု 1] သည်အီဂျစ်ဒဏ္ဍာရီလာနတ်ဘုရားတစ်ဦးဖြစ်၍ လောကအစ မရှိခြင်းတရားနတ္ထိ၏ ပြယုတ်ဖြစ်သည်။ ထို့ကြောင့်ပင် အလင်း နှင့် 'မား'(အစီစဉ်ကျနခြင်း/သစ္စာတရား) ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ အနုပညာလက်ရာများ၌ ၎င်းကို ကြီးမားသောမြွေတစ်ကောင်အဖြစ်သရုပ်ဖော်ကြသည်။ ꜥꜣpp(y) အဖြစ်ရေးသားခဲ့ခြင်းနှင့် နောက်ပိုင်းတွင် ကော့ပ်တစ်ဘာသာစကားဖြင့် Ⲁⲫⲱⲫ (Aphōph) ဟူ၍ ရှင်သန်တည်ရှိခဲ့သောကြောင့် အီဂျစ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ၎င်း၏အမည်ကို *ʻAʼpāp(ī) အဖြစ်ပြန်လည်တည်ဆောက်ခဲ့ကြသည်။[1] အဲပပ်အမည်ကို အဌမမြောက်မင်းဆက်ခေတ်တွင် စတင်ဖော်ပြခဲ့ကြပြီး ၎င်း၏အမည်ကို ဂုဏ်ပြု အစွဲပြု၍ပေးထားဖူးသောအမည်များမှာ အီဂျစ်၏ ဆယ့်လေးဆက်မြောက်မင်းဆက်ဘုရင် Apepi နှင့် ကြီးကြယ်ခဲ့သော ဟစ်ခ်ဆော့စ်ဘုရင် (Greater Hyksos) Apophis တို့ဖြစ်ကြသည်။

အဲပပ်/ အဲပါဖစ်
အားတာမ် နှင့် အဲပါဖစ်မြွေ
သင်္ကေတမြွေ
ကိုယ်ရေး အချက်အလက်
မိဘများNeith
မွေးချင်းရား

မှတ်စု

  1. အခြားစာလုံးပေါင်းများမှာ Apepi သို့ Aapep သို့ Apophis ဖြစ်သည်။

ကိုးကား

  1. Erman, Adolf, and Hermann Grapow, eds. 19261953. Wörterbuch der aegyptischen Sprache im Auftrage der deutschen Akademien. 6 vols. Leipzig: J. C. Hinrichs'schen Buchhandlungen. (Reprinted Berlin: Akademie-Verlag GmbH, 1971).
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.