ရားနတ်ဘုရား

ရားနတ်ဘုရား (အင်္ဂလိပ်: Ra)[မှတ်စု 1] သည်အီဂျစ်ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးဖြစ်၍ နေကိုအစိုးရသည်။ ဘီစီမတိုင်မီနှစ် (၂၄၀၀-၂၅၀၀)ခုနှစ်များက ပဉ္စမမြောက်မင်းဆက်ခေတ်တွင် အီဂျစ်ရိုးရာဘာသာ၏ အရေးပါဆုံးသော နတ်ဘုရားများအနက် တစ်ပါးဖြစ်လာခဲ့သည်။ ရား သည်ဖန်တီးထားသမျှသော လောကအားလုံး (ကောင်ကင်၊ ကမ္ဘာမြေ၊ မြေအောက်ကမ္ဘာ) ကိုအစိုးရသည်ဟုလည်းယုံကြည်ခဲ့ကြ၏။[1]

ရားနတ်ဘုရား
နေနတ်ဘုရား 'ရား'၏ ပုံစံများစွာမှတစ်ခုတွင် ၎င်း၌ သိမ်းငှက်ခေါင်းပါရှိပြီး အတွင်း၌မြွေဟောက်ပါရှိသော နေဝန်းအဝိုင်းတစ်ခုသည် ဦးခေါင်းထက်တွင် တည်ရှိ၏။
အရုပ်စာ အမည်



or


or
အဓိက ကိုးကွယ်မှု ဗဟိုဟီးလစ်ယော့ပေါလစ်မြို့
သင်္ကေတနေဝန်းအဝိုင်းပုံ
ကိုယ်ရေး အချက်အလက်
မိဘများမရှိ (ဖော်ပြချက်အများစုအရ)
Khnum နှင့် Neith (အခြားရင်းမြစ်များအရ)
မွေးချင်းအဲပပ် Sobek နှင့် Serket (Khnum နှင့် Neith တို၏သားအဖြစ်)
ကြင်ရာတော်ဟဲသော, Sekhmet ၊ Bastet နှင့် ရံခါတွင် Satet
ဆင်းသက်သူများShu ၊ Tefnut ၊ ဟဲသော၊ Sekhmet ၊ Bastet ၊ Satet ၊ Anhur ၊ Ma'at

ရားကို သရုပ်ဖော်ရာတွင် သိမ်းငှက် (falcon) အဖြစ်ဖော်ကျူး၍ မိုးကောင်းကင်နတ်ဘုရား ဟိုးရပ်စ်နှင့်အတူ ထူးခြားသောလက္ခဏာများကို မျှဝေပိုင်ဆိုင်သည်။ ရံခါ၌ ထိုနတ်ဘုရားနှစ်ပါးသည် 'ရား-ဟိုရာတီ'(Ra-Horakhty) အဖြစ်ပေါင်းစပ်ကြသည်။ ခေတ်သစ် ဘုရင့်နိုင်ငံခေတ်တွင် အေမွန်နတ်ဘုရား (Amun) ထင်ရှားလာခဲ့သည့်အခါ အေမွန်ကို ရားနှင့် ပေါင်းစပ်၍ 'အေမွန်-ရား' ဟုအမည်တွင်သည်။

ရား၏ အမှတ်သညာပြယုတ်တစ်ခုဖြစ်သော နီးဗစ်နွားသိုး(Mnevis) ယုံကြည်ကိုးကွယ်မှုသည် ရှေးဟောင်းအီဂျစ်၏ ဟီးလစ်ယော့ပေါလစ်မြို့၌ အဓိကပုံစံဖြစ်လာခဲ့၍ မြို့မြောက်ဘက်တွင် ယစ်ပူဇော်သော နွား(သိုး)များအတွက် မြှုပ်နှံရာမြေတစ်ခုရှိခဲ့သည်။ သက်ရှိအားလုံးကို 'ရား'မှဖန်တီးခဲ့ကြသည်ဟု ယုံကြည်ကြ၍ အချို့ဖော်ပြမှုများတွင် လူသားများသည် ရား၏မျက်ရည်နှင့် ချွးမှဖြစ်လာသည်ဟု ရေးသားကြသည်။ အီဂျစ်လူမျိုးများသာ် ၎င်းတို့ကိုယ်၎င်းတို့ 'ရား၏နွားများ' (Cattle of Ra) အဖြစ်ခေါ်ဆိုကြသည်။ ကောင်းကင်နွားကြီးစာအုပ် (Book of the Heavenly Cow) ဒဏ္ဍာရီ၌ လူသားများသည် ရားကိုပုန်ကန်ဆန့်ကျင်ကြရာ ရားသည် နတ်ဘုရားမအဖြစ် ၎င်း၏မျက်လုံးကို စေလွှတ်ကာ လူသားများကို အပြစ်ပေးခဲ့သည်။

မှတ်စု

  1. ရံဖန်ရံခါတွင် Re ဟုစာလုံးပေါင်း၍ 'ရေး' အသံထွက်သည်။

ကိုးကား

  1. The Routledge Dictionary of Egyptian Gods and Goddesses, George Hart ISBN 0-415-34495-6
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.