ဥပရာဇာ

ဥပရာဇာ(IPA: [ṵpəjàzà]; ခမာ: ឧបរាជ - Ouparach; ထိုင်း: อุปราช - RTGS: Upparat; လာအို: ອຸປຮາດ - Oupahat)သည် မြန်မာ၊​ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံများရှိ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြ​သော မင်းဆက်များတွင် ထားရှိခဲ့​သော ​တော်ဝင်ရာထူးဖြစ်သည်။

မြန်မာ

တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ကာ မဟာဥပရာဇာအနောက်ရပအိမ်ရှေ့မင်း ဟု အပြည့်အစုံ​ခေါ်သည်။မင်းညီမင်းသားများတွင် အမြင့်ဆုံးအဆင့်ရှိ​သော မင်းသားကို ခန့်​လေ့ရှိသည်။

သို့​သော် ဤ​နေရာမှာ မိဖုရား​ခေါင်ကြီး၏ အကြီးဆုံးသားကို ဆိုလိုခြင်းမဟုတ်​ပေ။ဥပရာဇာမှာ ​နောင်တွင် ဘုရင်ဖြစ်လာမည်ဟုမဆိုနိုင်​ပေ။

ကမ္ဘောဒီးယား

ဥပရာချ် (အင်္ဂလိပ်: Ouparachခမာ: ឧបរាជ)သည် သင်္သကရိုက်ဘာသာနှင့် ပါဠိဘာသာတို့မှ ဆင်းသက်လာပြီး ဒုတိယဘုရင်ဟု အဓိပ္ပါယ်ရသည်။ဘုရင်ပြီး​နောက် အာဏာရှိသူဖြစ်သည်။အမည်အပြည့်အစုံမှာ Samdach Preah Ouparach (ခမာ: សម្តេចព្រះឧបរាជ) သို့မဟုတ် Samdach Preah Moha Ouparach (ခမာ: សម្តេចព្រះមហាឧបរាជ្យ)ဖြစ်သည်။ [1]

ဆိုင်ယမ်တိုင်းပြည်-ထိုင်းနိုင်ငံ

ဥပရတ် (အင်္ဂလိပ်: Uparatထိုင်း: อุปราช; RTGS: Upparat)သည် ဆိုင်ယမ်တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ခဲ့သည်။ထို​နေရာကို အဆင့်အမြင့်ဆုံးမင်းသားကို ​ပေး​လေ့ရှိသည်။ဥပမာ- ဘုရင်၏ညီငယ် (သို့မဟုတ်) သား​တော်ကြီးများဖြစ်သည်။၁၈၈၅ခုနှစ်မတိုင်မီအထိ ချက္ကရီမင်းဆက်မှန်သမျှသည် ဥပရာဇာခန့်​လေ့ရှိသည်။ဥပရတ်သည် အရှေ့နန်းတော်တွင် ရုံးစိုက်​လေ့ရှိသည်။ချူလာ​လောင်ကွန်းဘုရင်လက်ထက်တွင် သူ၏ဝမ်းကွဲ၊ဥပရာဇာဖြစ်​သော ဘိုဗွန် ဗီချိုင်ချန်​ကွယ်လွန်ပြီး​နောက် ဥပရတ်နေရာကို ဖျက်သိမ်းခဲ့သည်။ထို့​နောက် သူ၏သားအကြီးဆုံးကို အိမ်​ရှေ့မင်း ခန့်အပ်ခဲ့သည်။သို့​သော် ဥပရတ်မဟုတ်​ပေ။

ကိုးကား

  1. Khmer dictionary, adapted from Samdach Chuon Nat Khmer dictionary, page 1643, published in 2007.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.