ဥပါယ်တံမျဉ်
ဥပါယ်တံမျဉ်သည် ဖျော်ဖြေရေး ရုပ်ရှင် အမျိုးအစား ဖြစ်ပြီး ပရိတ်သတ် အားပေးမှုများပြားခဲ့သော ရုပ်ရှင်များထဲတွင် တစ်ကား အပါအဝင်ဖြစ်သည်။ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ရုံတင်ပြသခဲ့သည်။
Deception | |
---|---|
ဥပါယ်တံမျဉ် | |
ဒါရိုက်တာ | ခရစ္စတီးနားခီ |
စာရေးသူ | ဇဏ်ခီ |
သရုပ်ဆောင် |
|
ဂီတမှူး | ဇဏ်ခီ |
ထုတ်ဝေသူ | Central Base Productions |
ဖြန့်ချိသည့်နေ့ | |
နိုင်ငံ | မြန်မာနိုင်ငံ |
ဇာတ်ကြောင်း
ဇာတ်လမ်းမှာ ပန်းချီပြခန်းပိုင်ရှင် လူချမ်းသာ အမျိုးသား တစ်ယောက်ကို လူတစ်စုမှ အကွက်ဆင် လိမ်လည်ကြခြင်းဖြစ်သည်။ မင်းထက်သည် ချမ်းသာ ကြွယ်ဝသူတဦး ဖြစ်ပြီး ပန်းချီပြခန်း ၁ ခုကိုလည်း ပိုင်ဆိုင်ထားကာ လှပသော ဇနီးဖြစ်သူ ဇင်မာ နှင့် ပြီးပြည့်စုံသော ဘဝပိုင်ရှင် ဖြစ်သည်။ ဘဝ အချိုးအကွေ့ တခု၌ အမှားတခုကြောင့် မင်းထက်၏ အိမ်ထောင်ရေးနှင့် စီးပွားရေးပါ ပျက်စီးခဲ့ရသည်။ အဖြစ်အပျက်များစွာ ဖြစ်ပျက်ပြီးနောက် မင်းထက်၏ဘဝသည် ၎င်းထင်သလို ပြီးပြည့်စုံသော ဘဝမဟုတ်ဘဲ မြှုပ်ကွက်များ ရှိနေကြောင်းကို သိရှိပြီး ဖော်ထုတ်ကာ ဘဝကို ပြန်လည်တည်ဆောက်သည်။
သရုပ်ဆောင်များ
- မင်းထက် အဖြစ် ဇဏ်ခီ
- ဇင်မာ အဖြစ် သက်မွန်မြင့်
- သိန်းစိုး အဖြစ် အောင်မြင့်မြတ်
- Emily အဖြစ် Kaew Korravee
- နှင်းနှင်း အဖြစ် ခြူးစစ်ဟန်
ရိုက်ကူးမှု
ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားသည် အမျိုးသမီးဒါရိုက်တာ ခရစ္စတီးနားခီ ၏ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ဇာတ်ကားကို ရန်ကုန်၊ ငပလီနှင့် ကလောတို့တွင် ၃ လကြာ ရိုက်ကူးခဲ့ပြီး တစ်နှစ်ကျော်ကြာ အချိန်ယူ တည်းဖြတ်ခဲ့သည်။[1]
ကိုးကား
- သီဟတိုး (၂၃ ဇန်နဝါရီ ၂၀၁၈)။ ထူးခြားတဲ့ အနုပညာ ရိုက်ချက်တွေနဲ့ “ဥပါယ်တံမျဉ်”။ ဧရာဝတီ သတင်းဌာန။ ၂၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။