ဇဏ်ခီ

ဇဏ်ခီ (အင်္ဂလိပ်: Zenn Kyi) သည် မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်အဆိုတော်တေးရေးဂီတမှူးဇာတ်ညွှန်းရေးသူစာရေးဆရာ တစ်ဦးဖြစ်သည်။ ၁၉၈၁-ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စု သို့ ပြောင်းရွှေ့နေထိုင်ပြီး ၂၀၀၉ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ပျောက်ဆုံးနေတဲ့ကမ္ဘာ တစ်ကိုယ်တော်သီချင်းခွေကို ထုတ်ဝေခဲ့သည်။ [1] မုဒြာရဲ့ခေါ်သံ ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ပြီး သူ၏ ပထမဆုံးရုံတင်ခွင့်ရရှိခဲ့သော ဥပါယ်တံမျဉ်ဇာတ်ကားဖြင့် ပရိတ်သတ် အားပေးမှုရရှိခဲ့သည်။[2][3][4]

ဇဏ်ခီ
မွေးဖွား (1981-08-25) ၂၅ ဩဂုတ်၊ ၁၉၈၁
မန္တလေးမြို့မြန်မာနိုင်ငံ
နိုင်ငံလူမျိုးဗမာ/မွန်
ပညာရေးMusic at The City Collage of New York
Flim Scoring at Institute of Audio Research
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်တေးရေး၊ ‌တေးဆိုဂီတမှူးဇာတ်ညွှန်းရေးသူ
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၉–လက်ရှိ
အရပ်၅' ၁၁"
အိမ်ထောင်ဖက်(များ)ခရစ္စတီးနားခီ (m. 2006)
သားသမီးနိုဝါလင်းထက်ခီ (သား)

အစောပိုင်းဘဝနှင့် ပညာရေး

ဇဏ်ခီသည် မန္တလေးဇာတိဖြစ်သည်။ ဆယ်ကျော်သက်အရွယ်၌ အမေရိကသို့ ဖခင်ဖြစ်သူနှင့်အတူ ပြောင်းရွေ့နေထိုင်ခဲ့ပါသည်။ အထက်တန်းကျောင်းသားဘဝမှစ၍ ဂီတပညာကိုအထူးစိတ်ဝင်စားကာ တက္ကသိုလ်၌ ဂီတပညာဘာသာရပ်ကို Major အဖြစ် ရွေးချယ်သင်ကြားခဲ့သည်။ ထို့နောက် ဂီတသီအိုရီ ဘာသာရပ်များကို ငြီးငွေ့လာသဖြင့် အသံဖမ်း အင်ဂျင်နီယာဘာသာရပ်ကိုပြောင်းကာ ရုပ်ရှင်အသံ (Post-Production Sound) ဖြင့် IAR (Institute of Audio Research, NY)မှ ကျောင်းပြီးခဲ့ပါသည်။

ရုပ်ရှင်လုပ်ငန်း

နယူးရော့(ခ်)မြို့၌ ရုပ်ရှင်နှင့်ပတ်သက်သောအသံပိုင်းဆိုင်ရာ အလုပ်များလုပ်ကိုင်ရင်း သရုပ်ဆောင်အဖြစ် စတင် ဝင်ရောက်လုပ်ကိုင်ဖြစ်သည်။ ဇနီးဖြစ်သူ ခရစ္စတီးနားခီနှင့်အတူ ရုပ်ရှင်တိုများနှင့် Music Video များကို တွဲဖက်လုပ်ကိုင်ရင်း ဇာတ်ညွှန်းများပါ စတင်ရေးဖြစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်ကုန်မှ စ၍ မြန်မာပြည်တွင် ပြန်လည်ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး ရုပ်ရှင်လုပ်ငန်း၌ လုပ်ကိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ် အတွင်း၌ ကိုယ်တိုင်ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ကာ အသံနှင့်နောက်ခံဂီတကို ဖန်တီးတီးခတ်ထားသော ဥပါယ်တံမျဉ် နှင့် မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားကို ရုံတင်ပြသခွင့်ရရှိခဲ့ပြီး၊ ပရိသတ်အားပေးမှုကို ရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင်  ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသခဲ့သည်။

အခြားအနုပညာလုပ်ငန်းများ

ဇဏ်ခီကိုယ်တိုင် ရေး/ဆို တစ်ကိုယ်တော် တေးစီးရီး ပထမအခွေဖြစ်သည့် ပျောက်ဆုံးနေတဲ့ကမ္ဘာ ကို ၂၀၀၉ ခုနှစ်အတွင်းမှာ ထုတ်ဝေခဲ့သည်။ ဇဏ်ခီ၏ ပထမဦးဆုံးစာအုပ်အဖြစ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၌  ကိုယ်တိုင်သိရှိသွားမှု အက်ဆေးစာအုပ်ကို ထုတ်ဝေခဲ့သည်။

လူမှုဘဝ

ဇဏ်ခီသည် ၂၀၀၆ တွင် ခရစ္စတီးနားခီ နှင့် လက်ထပ်ခဲ့သည်။ [5]

ပြည်ရွှေဆံတော်ဘုရားသို့ရောက်နေသော ခီမောင်နှံ

ရုပ်ရှင်ဇာတ်ကားကြီးများ

ရုပ်ရှင်ဇာတ်ကားစာရင်း
ခုနှစ် ရုပ်ရှင်အမည် ဒါရိုက်တာ တွဲဖက်သရုပ်ဆောင်များ ဇာတ်ကောင်
၂၀၁၈ ဥပါယ်တံမျဉ် ခရစ္စတီးနားခီ ဇဏ်ခီသက်မွန်မြင့်အောင်မြင့်မြတ်Kaew Korravee မင်းထက်
၂၀၁၈ မုဒြာရဲ့ခေါ်သံ ခရစ္စတီးနားခီ ဇဏ်ခီ၊ လှယဉ်ကျေး၊ နန်းဝေဝေထွန်း Jaden
၂၀၁၉ ထာဝရနှောင်ကြိုး ခရစ္စတီးနားခီ ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ မင်းညို၊ ခင်သဇင်၊ ဂျူးဂျူးကေ သီဟ


ရရှိခဲ့သော ဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ

စဉ် ဆုအမည် ခုနှစ်သက္ကရာဇ် ဆုအမျိုးအစား အနုပညာလုပ်ဆောင်ချက် မှတ်ချက်
၁။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆု) ၂၀၁၈ အမျိုးသားဇာတ်ဆောင်ဆု ဥပါယ်တံမျဉ် (သီဟ အဖြစ် သရုပ်ဆောင်) ဆန်ကာတင်
၂။ ပြည်သူ့အကယ်ဒမီဆု[6] ၂၀၁၉ ပြည်သူ့အကယ်ဒမီဆု - ဥပါယ်တံမျဉ် (သီဟ အဖြစ် သရုပ်ဆောင်၊ ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ညွှန်းကို ရေးသား)

- မုဒြာရဲ့ ‌ခေါ်သံ (‌‌ဂျေဒင်အဖြစ် သရုပ်‌ဆောင်)

ဇနီးဖြစ်သူ ခရစ္စတီးနားခီနှင့် တွဲဖက်၍ ရရှိ

ကိုးကား

  1. ဥပါယ်တံမျဉ် ဇာတ်ကားနဲ့ပရိတ်သတ်ကြားနာမည်ကြီးနေတဲ့ဇဏ်ခီရဲ့ ဘဝဇာတ်ကြောင်း Momolay (၁၅ ဖေဖော်ဝါရီ ၂၀၁၈)။ ၁၅ ဖေဖော်ဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. Nandar Aung (21 March 2018)။ 'မုဒြာ' နဲ့ ရွှေကြာ' (in my)။ The Myanmar Times 26 March 2018 တွင် ပြန်စစ်ပြီး။
  3. Han Nwe (23 January 2018)။ ကြိုးစားမှုနဲ့အတူ ပရိသတ်တွေရဲ့ အာရုံစိုက်မှုအပြည့်ရခဲ့တဲ့ မင်းသား ဇဏ်ခီ (in my)။ Cele Now Media 26 March 2018 တွင် ပြန်စစ်ပြီး။
  4. Han Nwe (11 January 2018)။ ဥပါယ်တံမျဉ် ဇာတ်ကားမှ အဓိက သရုပ်ဆောင် ဇဏ်ခီ နှင့် အင်တာဗျူး Myanmar Movie Trailer 26 March 2018 တွင် ပြန်စစ်ပြီး။
  5. လက်တွဲလာခဲ့ကြတာ (၁၇) နှစ် ရှိပြီဆိုတဲ့ ဇဏ်ခီ နှင့် ခရစ်တီနာခီ Myanmar Celebrity (၁၃ မတ် ၂၀၁၈)။ ၁၃ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  6. https://burma.irrawaddy.com/lifestyle/entertainment/2019/05/13/191092.html

ပြင်ပလင့်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.