ဧကာသနိုက်ဓုတင်

ဧကာသနိက်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ဧကာသနိက်ဓုတင် ဆောက်တည်သည့် ရဟန်းသည် တစ်နေ့လျှင် တစ်နေရာတည်း၌သာ တစ်ထိုင်တည်းသော ဣရိယာပုတ်ဖြင့် ဆွမ်းဘုဉ်းပေးရ၏။ နှစ်နေရာ၊ သုံးနေရာ စသည်ဖြင့် နေရာအများ၌ ဆွမ်းဘုဉ်းပေးခြင်း မပြုရပေ။[1]

ဆောက်တည်ပုံ

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် “နာနာသနဘောဇနံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “နေရာအများ၌ စားခြင်းကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊ “ဧကာသနိကင်္ဂံ သမာဒိယာမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “တစ်နေရာတည်းတစ်ထိုင်တည်း၌သာ စားလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[1]

ဓုတင် ပျက်စီးခြင်း

နှစ်နေရာ သုံးနေရာ စသည်၌ ဘုဉ်းပေးသုံးဆောင်ပါက ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[1]

ကိုးကား

  1. ချမ်းမြေ့ဆရာတော် (၁၉၉၂ ခုနှစ်၊ ဧပြီလ)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ၅၅ (က)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.