၂၀၁၁ မြန်မာ ငလျင်
၂၀၁၁ မြန်မာ ငလျင်သည် ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ည ၈ နာရီ ၂၅ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့ နှင့်လွိုင်မွေမြို့အနီးကို ဗဟိုပြုကာ လှုပ်ခတ်သွားသည့် ယင်းငလျင်၏ပြင်းအားမှာ ရစ်ချ်တာစကေး ၆.၈ ဖြစ်သည်။ အနက်မှာ ၁၀ ကီလိုမီတာ ရှိသည်။ [2] ရစ်ချ်တာစကေး ၄.၈ နှင့် ၅.၄ ရှိသည့် နောက်ဆက်တွဲငလျင် ၂ ခုလည်း လှုပ်ခတ်ခဲ့သည်။ ပြင်းအား ၅.၀ နှင့် ၆.၂ ရှိသော ငလျင်များလည်း ဆက်လက်လှုပ်ခတ်ခဲ့သေးသည်။ ငလျင်ဗဟိုချက်မ မှာ ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှ မြောက်ဘက် မိုင် (၇၀) (ကီလိုမီတာ ၁၁၀) အကွာ တွင် ရှိပြီး၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၏ မြောက်ဘက်၊ မြန်မာနိုင်ငံ၊ ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် တွင် ရှိသည်။ [3] တာချီလိတ်နှင့် တာလေမြို့တွင် သေဆုံးသူဦးရေ ၇၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၁ ဦးရှိကာ နေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနှင့် အစိုးရရုံး အဆောက်အဦး ၉ ခု ပျက်စီးခဲ့ကြောင်း မြန်မာအစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ [4]
နေ့ရက် | ၂၀:၂၅:၂၃၊ ၂၄ မတ် ၂၀၁၁ (+၀၆:၃၀) |
---|---|
ကြာမြင့်ချိန် | ၁ မိနစ် |
အတိုင်းအတာ | ၆.၈ Mw |
အနက် | ၁၀ ကီလိုမီတာ (၆.၂၁ မိုင်) |
ငလျင်ဗဟို | 20.705°N 99.949°E |
ထိခိုက်သည့် နိုင်ငံ၊ ဒေသ | မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ |
Max. intensity | Mercalli IX |
အသေအပျောက် | အနည်းဆုံး ၇၅ ဦးသေဆုံး၊ ၁၅၀ ကျော် ဒဏ်ရာရ၊ ၁၀၀ ခန့်ပျောက်ဆုံး[1] |
တာလေတွင် လှုပ်ခတ်ခဲ့သော ယင်းငလျင်သည် ရွှေတြိဂံပြတ်ရွေ့အတွင်း ရှိ နတ်မပြတ်ရွေ့ကြောတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် အတွင်း လှုပ်ခတ်ခဲ့ဖူးသော ငလျင်များ အနက် အင်အားအပြင်းဆုံး ငလျင်ဖြစ်ကြောင်းလည်း သိရသည်။ [5]
ကိုးကား
- "Powerful quake in NE Myanmar kills more than 70"၊ March 25, 2011။ March 25, 2011 တွင် ပြန်စစ်ပြီး။
- Magnitude 6.8 – MYANMAR
- Earthquakes၊ USGS။ Magnitude 5.4 – MYANMAR။ United States Geological Survey။ Earthquake Hazards Program။ March 24, 2011 တွင် ပြန်စစ်ပြီး။
- ရွှေတြိဂံငလျင် ကယ်ဆယ်ရေးစတင် (ဗီအိုအေ)
- Home - Eleven Media Group