၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ
၂၀၁၄ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ခြေစစ်ပွဲသည် ၂၀၁၄ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့် အတွက် ရည်ရွယ်ကျင်းပသော ခြေစစ်ပွဲဖြစ်ပါသည်။ ထိုခြေစစ်ပွဲစဉ်များကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃ ရက် မှ ၁၂ ရက်အထိကျင်းပခဲ့သည်။
ပြိုင်ပွဲပုံစံ
ယခုပြိုင်ပွဲ၏ခြေစစ်ပွဲကိုအာရှနိုင်ငံပေါင်း ၄၀ နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲအောင် ၁၅ သင်းကိုရွေးချယ်ခဲ့သည်။ခြေစစ်ပွဲဝင် နိုင်ငံပေါင်း ၄၀ ကို ၅ သင်း သို့မဟုတ် ၄ သင်းပါဝင်သောအုပ်စု ၉ ခုခွဲကာ အနောက်အာရှဇုန်တွင် ၅ သင်းပါဝင်သောအုပ်စု ၂ အုပ်စု နှင့် ၄ သင်းပါဝင်သော အုပ်စု ၃ အုပ်စု စုစုပေါင်း ၅ အုပ်စု၊အရှေ့အာရှဇုန်တွင် ၅ သင်းပါဝင်သောအုပ်စု ၂ အုပ်စု၊၄ သင်းပါဝင်သောအုပ်စု ၂ အုပ်စု စုစုပေါင်း ၄ အုပ်စုဖြင့်ကျင်းပခဲ့သည်။ခြေစစ်ပွဲစဉ်များကို အာရှဘောလုံးအဖွဲ့ချုပ်မှ သတ်မှတ်ရွေးချယ်ထားသော အိမ်ရှင်နိုင်ငံများတွင် တစ်ကျော့တည်း ကျင်းပခဲ့ကာ အုပ်စု ၉ ခု၏ ပထမရအသင်းများ နှင့် အကောင်းဆုံးဒုတိယ ၆ သင်းတို့သည် ခြေစစ်ပွဲအောင်အသင်းများအဖြစ် ၂၀၁၄ ခုနှစ်တွင် ကျင်းပသည့်နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ အိမ်ရှင် မြန်မာ အသင်းနှင့်အတူ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
မဲခွဲမှုနှင့်အဆင့်သတ်မှတ်ချက်များ
ခြေစစ်ပွဲစဉ်များအတွက် အုပ်စုများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်တွင် မလေးရှားနိုင်ငံ၏မြို့တော် ကွာလာလမ်ပူမြို့ရှိ အာရှဘောလုံးအဖွဲ့ချုပ်၏ရုံးချုပ်၌ မဲခွဲခဲ့သည်။[1] မဲခွဲရာတွင် ၂၀၁၂ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တွင် ရရှိခဲ့သောအဆင့်သတ်မှတ်ချက်များအလိုက် မဲအိုး ၁ မှ ၄ အထိ ၄ အိုးခွဲထားသည်။ထို့နောက် အဆင့်နိမ့်အသင်းများ ပါဝင်သော မဲအိုး ၄ မှအသင်းများကိုဦးစွာမဲနှိုက်၍ထိုမှတစ်ဆင့် မဲအိုး ၃၊၂၊၁ ဟူ၍အစဉ်လိုက်မဲနှိုက်သွားသည်။ ခြွင်းချက်အနေဖြင့် မဲခွဲရာတွင် ခြေစစ်ပွဲကျင်းပမည့်နိုင်ငံများ တစ်အုပ်စုတည်းမကျစေရန်အတွက် အိမ်ရှင်ကျင်းပခွင့်ရနိုင်ငံပါသော အုပ်စု ထွက်ပေါ်လာလျှင် ထိုအုပ်စု၌ အခြားအိမ်ရှင်နိုင်ငံများကို မပါဝင်စေဘဲ အိမ်ရှင်ကျင်းပမည့်နိုင်ငံ မထွက်ပေါ်လာသေးသော အုပ်စုတွင် ပါဝင်စေခဲ့သည်။
မဲအိုး (၁) | မဲအိုး (၂) | မဲအိုး (၃) | မဲအိုး (၄) | မဲအိုး (၅) | |
---|---|---|---|---|---|
အနောက်အာရှဇုန် (အုပ်စု က မှ င) |
အီရန် |
ကူဝိတ် |
ဘာရိန်း |
ဘင်္ဂလားဒေ့ရှ် |
အာဖဂန်နစ္စတန် |
အရှေ့အာရှဇုန် (အုပ်စု စ မှ ဈ) |
ဩစတြေးလျ |
တရုတ် |
တရုတ် တိုင်ပေ |
ဘရူနိုင်း |
မွန်ဂိုးလီးယား |
မြန်မာ သည် ယခုပြိုင်ပွဲ၏ အိမ်ရှင် ဖြစ်သောကြောင့် ခြေစစ်ပွဲ ယှဉ်ပြိုင်စရာမလိုဘဲ နောက်ဆုံးအဆင့်သို့ အလိုအလျောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
အောက်ဖော်ပြပါနိုင်ငံများသည် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပါ။
- ဘူတန်
- ကမ္ဘောဒီးယား
- ကာဂျစ္စတန်
- သီရိလင်္ကာ
- အရှေ့တီမော
- မြောက်မာရီယာနာကျွန်းစု
အသက်ကန့်သတ်ချက်
၁၉၉၅ ဇန်နဝါရီလ ၁ ရက် နှင့် နောက်ပိုင်းမွေးဖွားသော ကစားသမား များကို ခြေစစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားသည်။
အုပ်စုရလဒ်များ
အကယ်၍အုပ်စုပွဲစဉ်များပြီးဆုံးချိန်တွင် အုပ်စုတွင်း ၂ သင်းသို့မဟုတ် ၂ သင်းနှင့်အထက် ရမှတ်များတူညီနေပါက အောက်ပါစည်းမျဉ်းများဖြင့်ဆုံးဖြတ်သည်။
၁။ ထိုအသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှရမှတ်အများဆုံးရသောအသင်းသည်အသာရမည်။
၂။ ထိုထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ဂိုးကွာခြားချက်(+)ပိုရသောအသင်းသည် အသာရမည်။
၃။ ထိုထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ သွင်းဂိုးအများဆုံးရအသင်းသည် အသာရမည်။
၄။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် ဂိုးကွာခြားချက်(+)ပိုရသောအသင်းသည် အသာရမည်။
၅။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် သွင်းဂိုးအများဆုံးရအသင်းသည် အသာရမည်။
၆။ အကယ်၍အမှတ်တူ ၂ သင်းသာရှိပြီး ထို ၂ သင်းစလုံးသည် အုပ်စုနောက်ဆုံးပွဲတွင် ထိပ်တိုက်ကစားရကာ ပွဲပြီးဆုံးချိန်အထိ အပေါ်အချက်များအားလုံးတူညီနေပါက ပင်နယ်တီ အဆုံးအဖြတ်ခံယူကာ အနိုင်ရသောအသင်းသည် အသာရမည်။
၇။ အုပ်စုတွင်းပွဲစဉ်များတွင် အဝါကတ် အနီကတ် ပြသခံရမှု အနည်းဆုံးအသင်းသည် အသာရမည်။
၈။ ထိုအသင်းများ သည် အပေါ်အချက်များ အားလုံးတူညီနေပါက မဲနှိုက်ဆုံးဖြတ်မည်။
အုပ်စု (က)
အုပ်စု (က) ပွဲစဉ်များကို ကာတာနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ကာတာစံတော်ချိန်(UTC+03:00) ဖြစ်သည်။
အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
ကာတာ | ၄ | ၄ | ၀ | ၀ | ၁၃ | ၁ | +၁၂ | ၁၂ |
ဥဇဘက်ကစ္စတန် | ၄ | ၃ | ၀ | ၁ | ၁၀ | ၂ | +၈ | ၉ |
အိန္ဒိယ | ၄ | ၁ | ၁ | ၂ | ၃ | ၇ | −၄ | ၄ |
တာ့ခ်မင်နစ္စတန် | ၄ | ၁ | ၁ | ၂ | ၄ | ၁၁ | −၇ | ၄ |
နီပေါ | ၄ | ၀ | ၀ | ၄ | ၁ | ၁၀ | −၉ | ၀ |
အုပ်စု (ခ)
အုပ်စု (ခ) ပွဲစဉ်များကို ဂျော်ဒန်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ဂျော်ဒန်စံတော်ချိန်(UTC+03:00) ဖြစ်သည်။
အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
အာရပ်စော်ဘွားများပြည်ထောင်စု | ၄ | ၄ | ၀ | ၀ | ၁၅ | ၁ | +၁၄ | ၁၂ |
ယီမင် | ၄ | ၃ | ၀ | ၁ | ၉ | ၃ | +၆ | ၉ |
ဂျော်ဒန် | ၄ | ၁ | ၁ | ၂ | ၃ | ၅ | −၂ | ၄ |
မော်လဒိုက် | ၄ | ၁ | ၁ | ၂ | ၁ | ၈ | −၇ | ၄ |
အာဖဂန်နစ္စတန် | ၄ | ၀ | ၀ | ၄ | ၁ | ၁၂ | −၁၁ | ၀ |
အုပ်စု (ဂ)
အုပ်စု (ဂ) ပွဲစဉ်များကို အီရတ်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံတော်ချိန်မှာ အီရတ်စံတော်ချိန် (UTC+03:00) ဖြစ်သည်။
အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
အီရတ် | ၂ | ၁ | ၁ | ၀ | ၆ | ၀ | +၆ | ၄ |
ဘင်္ဂလားဒေ့ရှ် | ၂ | ၁ | ၀ | ၁ | ၁ | ၆ | −၅ | ၃ |
ကူဝိတ် | ၂ | ၀ | ၁ | ၁ | ၀ | ၁ | −၁ | ၁ |
ပါကစ္စတန် | နုတ်ထွက် |
အုပ်စု (ဃ)
အုပ်စု (ဃ) ပွဲစဉ်များကို အီရန်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံတော်ချိန်မှာ အီရန်စံတော်ချိန်(UTC+03:00) ဖြစ်သည်။
အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
အီရန် | ၃ | ၃ | ၀ | ၀ | ၉ | ၁ | +၈ | ၉ |
ဆော်ဒီအာရေဗျ | ၃ | ၂ | ၀ | ၁ | ၇ | ၂ | +၅ | ၆ |
လက်ဘနွန် | ၃ | ၀ | ၁ | ၂ | ၂ | ၈ | −၆ | ၁ |
တာဂျစ်ကစ္စတန် | ၃ | ၀ | ၁ | ၂ | ၀ | ၇ | −၇ | ၁ |
အုပ်စု (င)
အုပ်စု (င) ပွဲစဉ်များကို ပါလက်စတိုင်းနိုင်ငံ၌ ကျင်းပခဲ့သည်။စံတော်ချိန်မှာ ပါလက်စတိုင်းစံတော်ချိန် (UTC+03:00) ဖြစ်သည်။
အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
အိုမန် | ၂ | ၂ | ၀ | ၀ | ၃ | ၀ | +၃ | ၆ |
ပါလက်စတိုင်း | ၂ | ၀ | ၁ | ၁ | ၁ | ၂ | −၁ | ၁ |
ဘာရိန်း | ၂ | ၀ | ၁ | ၁ | ၁ | ၃ | −၂ | ၁ |
ဆီးရီးယား | နုတ်ထွက် |
အုပ်စု (စ)
အုပ်စု (စ) ပွဲစဉ်များကို မလေးရှားနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ မလေးရှားစံတော်ချိန် (UTC+08:00) ဖြစ်သည်။
အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
ဗီယက်နမ် | ၃ | ၃ | ၀ | ၀ | ၁၆ | ၃ | +၁၃ | ၉ |
ဩစတြေးလျ | ၃ | ၂ | ၀ | ၁ | ၁၁ | ၅ | +၆ | ၆ |
ဟောင်ကောင် | ၃ | ၁ | ၀ | ၂ | ၂ | ၁၂ | −၁၀ | ၃ |
တရုတ် တိုင်ပေ | ၃ | ၀ | ၁ | ၂ | ၁ | ၁၀ | −၉ | ၀ |
မွန်ဂိုးလီးယား | နုတ်ထွက် |
အုပ်စု (ဆ)
အုပ်စု (ဆ) ပွဲစဉ်များကို အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ အနောက်အင်ဒိုနီးရှားစံတော်ချိန် (UTC+07:00) ဖြစ်သည်။
အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
အင်ဒိုနီးရှား | ၃ | ၃ | ၀ | ၀ | ၉ | ၂ | +၇ | ၉ |
တောင်ကိုရီးယား | ၃ | ၂ | ၀ | ၁ | ၁၁ | ၄ | +၇ | ၆ |
ဖိလစ်ပိုင် | ၃ | ၀ | ၁ | ၂ | ၂ | ၈ | −၆ | ၁ |
လာအို | ၃ | ၀ | ၁ | ၂ | ၃ | ၁၁ | −၈ | ၁ |
ဂူအမ် | နုတ်ထွက် |
အုပ်စု (ဇ)
အုပ်စု (ဇ) ပွဲစဉ်များကို ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ထိုင်းစံတော်ချိန် (UTC+07:00) ဖြစ်သည်။
အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
မြောက်ကိုရီးယား | ၃ | ၃ | ၀ | ၀ | ၁၂ | ၀ | +၁၂ | ၉ |
ထိုင်း | ၃ | ၂ | ၀ | ၁ | ၁၀ | ၂ | +၈ | ၆ |
စင်ကာပူ | ၃ | ၁ | ၀ | ၂ | ၃ | ၈ | −၅ | ၃ |
ဘရူနိုင်း | ၃ | ၀ | ၀ | ၃ | ၁ | ၁၆ | −၁၅ | ၀ |
အကောင်းဆုံး အုပ်စုဒုတိယအသင်းများ သတ်မှတ်ခြင်း
အကောင်းဆုံးအုပ်စုဒုတိယအသင်း ၆ သင်း ရွေးချယ်ရာတွင် အုပ်စု (ဂ) နှင့် (င) တို့တွင် ၃ သင်းသာပါဝင်သောကြောင့် အုပ်စုဒုတိယအသင်းများ ညီတူညီမျှဖြစ်စေရန် ၄ သင်းပါဝင်သောအုပ်စု (ဃ)၊(စ)၊(ဆ)၊(ဇ) နှင့် (ဈ) တို့တွင် အုပ်စုဒုတိယအသင်းများနှင့်အုပ်စုအောက်ဆုံးအသင်းများ၏ ထိပ်တိုက်တွေ့ဆုံခဲ့သောရလဒ်များကိုမတွက်ချက်ဘဲ ရလာသော ထိုအုပ်စုဒုတိယအသင်းများ၏ရလဒ်များကိုကြည့်၍ဆုံးဖြတ်ခဲ့သည်။ အလားတူ ၅ သင်းပါဝင်သော အုပ်စု (က) နှင့် (ခ) တို့မှအောက်ဆုံး ၂ သင်းစီနှင့် ၎င်းတို့အုပ်စုနှင့်သက်ဆိုင်ရာအုပ်စုဒုတိယအသင်းတို့၏ တွေ့ဆုံမှုရလဒ်များကိုမတွက်ဘဲ ရလာသော ယင်းအုပ်စုဒုတိယအသင်းများ၏ရလဒ်များကိုကြည့်ကာဆုံးဖြတ်ခဲ့သည်။
ထိုကဲ့သို့ရွေးချယ်ရာတွင် အောက်ပါအချက်များဖြင့်ဆုံးဖြတ်ခဲ့သည်။
၁။အမှတ်အများဆုံးရသောအသင်းသည် အသာရမည်။
၂။ဂိုးကွာခြားချက် (+)ပိုရသောအသင်းသည် အသာရမည်။
၃။သွင်းဂိုးပိုရသောအသင်းသည် အသာရမည်။
၄။အဝါကတ်၊အနီကတ်ပြသခံရမှုပိုနည်းသောအသင်းသည် အသာရမည်။
၅။မဲခွဲဆုံးဖြတ်မည်။
အုပ်စု | အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|---|
ဈ | တရုတ် | ၂ | ၁ | ၁ | ၀ | ၄ | ၂ | +၂ | ၄ |
စ | ဩစတြေးလျ | ၂ | ၁ | ၀ | ၁ | ၈ | ၅ | +၃ | ၃ |
ဆ | တောင်ကိုရီးယား | ၂ | ၁ | ၀ | ၁ | ၆ | ၃ | +၃ | ၃ |
က | ဥဇဘက်ကစ္စတန် | ၂ | ၁ | ၀ | ၁ | ၄ | ၂ | +၂ | ၃ |
ဇ | ထိုင်း | ၂ | ၁ | ၀ | ၁ | ၃ | ၂ | +၁ | ၃ |
ခ | ယီမင် | ၂ | ၁ | ၀ | ၁ | ၃ | ၃ | ၀ | ၃ |
ဃ | ဆော်ဒီအာရေဗျ | ၂ | ၁ | ၀ | ၁ | ၂ | ၂ | ၀ | ၃ |
ဂ | ဘင်္ဂလားဒေ့ရှ် | ၂ | ၁ | ၀ | ၁ | ၁ | ၆ | −၅ | ၃ |
င | ပါလက်စတိုင်း | ၂ | ၀ | ၁ | ၁ | ၁ | ၂ | −၁ | ၁ |
ကိုးကား
- ၂၀၁၄ ခုနှစ် အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်အတွက် မဲခွဲပွဲ ကျင်းပခဲ့။ အာရှဘောလုံးအဖွဲ့ချုပ် (၂၆ ဧပြီ ၂၀၁၃)။