ကယ်လဆီယမ်

ကယ်လဆီယံ (ထုံးသတ္တု) သည် ပျော့၍ ငွေဖြူရောင်ရှိသော သတ္တုဒြပ်စင် ဖြစ်သည်။ ထိုသတ္တုကို ဓားဖြင့် လှီးနိုင်သည့် အပြင် နန်းကြိုးသေးသေးလည်း ဆွဲ၍ရနိုင်သည်။ ကယ်လဆီယမ်ကို သတ္တုသန့်သန့် အနေဖြင့် သဘာဝတွင် တွေ့ရခဲ၏။ သို့သော် အခြားပစ္စည်းများနှင့်ရော၍ ကယ်လဆီယံ ဒြပ်ပေါင်းမှုန့်အဖြစ်နှင့်မူ အနှံ့အပြား တွေ့ရ၏။ ထင်ရှားသော ကယ်လဆီယမ် ဒြပ်ပေါင်းတို့မှာ

  • (၁) ကယ်လဆီယမ် ကာဗွန်နိတ် (ထုံးကျောက် ၊ မြေဖြူ ၊ စကျင်ကျောက် )
  • (၂) ကယ်လဆီယမ် ဆာလဖိတ် (ဂျစ်ပဆမ် )
  • (၃) ကယ်လဆီယမ် ဖေါ့စဖိတ် (လူနှင့် တိရိစ္ဆာအရိုးများတွင် ပါဝင်သော အဓိက ပစ္စည်း) ဖြစ်ကြသည်။
ကယ်လဆီယမ်,  20Ca
ကယ်လဆီယမ်၏ ရောင်စဉ်မျဉ်း
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတကယ်လဆီယမ်, Ca
အသံထွက်/ˈkælsiəm/
KAL-see-əm
အဆင်းdull gray, silver; with a pale yellow tint[1]
ဒြပ်စင်အလှည့်ကျဇယားရှိ ကယ်လဆီယမ်
Mg

Ca

Sr
ပိုတက်ဆီယမ်ကယ်လဆီယမ်စကန်ဒီယမ်
အက်တမ် အမှတ်စဉ် (Z)20
အုပ်စုဘလော့group 2 (alkaline earth metals), s-block
ဒြပ်စင်အလှည့်ကျဇယားperiod 4
ဒြပ်စင် ကဏ္ဍ  အယ်ကာလိုင်း သတ္တုများ
စံ အက်တောမစ် အလေးချိန် (±) (Ar)40.078(4)[2]
အီလက်ထရွန် ပြုပြင်မှု[Ar] 4s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1115 K (842 °C, 1548 °F)
အရည်ဆူမှတ်1757 K (1484 °C, 2703 °F)
သိပ်သည်းမှု (အခန်းအပူချိန်)1.55 g/cm3
1.378 g/cm3
ဖျူးရှင်းအပူ8.54 kJ/mol
အငွေ့ပျံခြင်း အပူ154.7 kJ/mol
မိုလာ အပူအင်အား25.929 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 864 956 1071 1227 1443 1755
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ+2, +1[3] (a strongly basic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.00
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 589.8 kJ/mol
2nd: 1145.4 kJ/mol
3rd: 4912.4 kJ/mol
(more)
အက်တောမစ် အချင်းဝက်empirical: 197 pm
ကိုဗေးလန့်အချင်းဝက်176±10 pm
ဗန်ဒါဝေါ့စ် အချင်းဝက်231 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ face-centered cubic (fcc)
အသံ၏အမြန်နှုန်း 3810 m/s (at 20 °C)
အပူ ပြန့်ကားမှု22.3 µm/(m·K) (at 25 °C)
အပူစီးကူးမှု201 W/(m·K)
လျှပ်စစ် ခုခံမှု33.6 nΩ·m (at 20 °C)
သံလိုက်ဓာတ်diamagnetism
သံလိုက် ထိတွေ့နိုင်မှု (χmol)+40.0·10−6 cm3/mol[4]
Young's modulus20 GPa
Shear modulus7.4 GPa
Bulk modulus17 GPa
ပိုင်ဆွန် အချိုး0.31
Mohs hardness1.75
Brinell hardness170–416 MPa
CAS Number7440-70-2
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းHumphry Davy (၁၈၀၈)
Most stable isotopes of ကယ်လဆီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
40Ca 96.941% is stable with 20 neutrons
41Ca trace 1.03×105 y ε 41K
42Ca 0.647% is stable with 22 neutrons
43Ca 0.135% is stable with 23 neutrons
44Ca 2.086% is stable with 24 neutrons
45Ca syn 162.7 d β 0.258 45Sc
46Ca 0.004% is stable with 26 neutrons
47Ca syn 4.5 d β 0.694, 1.99 47Sc
γ 1.297
48Ca 0.187% 4.3×1019 y ββ 4.274 48Ti

ထုံးရေကြည်ထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့လွှတ်လိုက်လျှင် ကယ်လဆီယမ် ကာဗွန်နိတ်သည် အနည်ဖြူများအဖြစ် ကျလာသည်။ ထို့ကြောင့် ထုံးရည်ကြည်သည် နို့ရည်ကဲ့သို့ ဖြူသွားသည်။ ထိုကျလာသော အနည်ဖြူကို စစ်၍ အခြောက်ခံယူလျှင် ကယ်လဆီယံကာဗွန်နိတ် အမှုန့်များကိုရ၏။ ထိုအမှုန့်များသည် အရသာမရှိသည့် အပြင် ရေတွင်မပျော်ဝင်နိုင်ချေ။ သို့သော် ကာဗွန်ဒိုင်အောက်ဆိုဒ် ပျော်ဝင်ရည်ထဲတွင် ထည့်လိုက်သောအခါ ချက်ချင်းပင် အရည်ပျော်သွား၏။ ကယ်လဆီယမ် ကာဗွန်နိတ်ကို အမျိုးမျိုး အသုံးပြုနိုင်သည်။ စကျင်ကျောက်သည် ကျောက်ပြား၊ ကျောက်ရုပ်၊ လျှပ်စစ်မလိုက် ပစ္စည်းနှင့်တကွ အခြား အိမ်အသုံး အဆောင်များ ပြုလုပ်ရာ၌ များစွာအသုံးဝင်သည်။ ထုံးကျောက်သည်လည်း ကာဗွန်နိတ်ထဲတွင် အပါအဝင်ဖြစ်၏။ ထုံးကျောက်ကို ထုံးလုပ်ရာ၌ လည်းကောင်း၊ အင်္ဂတေလုပ်ရာ၌ လည်းကောင်း၊ ကယ်လဆီယမ် ကာဗိုက် လုပ်ရာ၌ လည်းကောင်း၊ သံရည်ကျိုလုပ်ငန်း၌ လည်းကောင်း များစွာပင် အသုံးပြုကြသည်။ မြေဖြူသည်လည်း ကာဗွန်နိတ် ဖြစ်၏။

မြေဖြူကို အများသိကြသည့်အတိုင်း ကျောက်သင်ပုန်းပေါ်၌ စာရေးရန်အတွက် လည်းကောင်း အဆောက်အဦ နံရံတွင် အဖြူရောင်ချယ်ရန်အတွက် လည်းကောင်း၊ သွားတိုက်ဆေးမှုန့် ပြုလုပ်ရန် အတွက်လည်းကောင်း အသုံးပြုသည်။ ထုံးကျောက် ဂူလိုဏ်များ အတွင်း၌ ကျောက်စက်ပန်းဆွဲနှင့် ကျောက်စက်မိုးမျှော်တို့ကို တွေ့ရလေ့ရှိသည်။ ထိုထုံးကျောက်တိုင်တို့သည် တစ်စိမ့်စိမ့်ကျနေသည့် ရေထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပျော်ဝင်လျက်ရှိရာမှ ခန်းခြောက်သွားသောအခါ ကျောက်ဖြစ်၍ ကျန်ခဲ့သော ကယ်လဆီယမ် ကာဗွန်နိတ်များပင် ဖြစ်ကြသည်။

ကယ်လဆီယမ်အား မီးရှို့စဉ် အနီရောင်သန်းသည့် လိမ္မော်ရောင် ထွက်ပေါ်သည်။

အပင်များ ကြီးထွားသန်မာလာစေရန် ကယ်လစီယမ်ဒြပ်ပေါင်းများကို လိုအပ်၏။ အရည်ပျော်လွယ်သော ကယ်လဆီယမ် ဖော့စဖိတ် (Ca3 (Po4) 2) သည် အလွန်ကောင်းသော ဓာတ်မြေဩဇာ ဖြစ်သည်။ လူတို့သည် အထူးသဖြင့် ကလေး သူငယ်များသည် ဟင်းသီးဟင်းရွက်နှင့် နို့ရည်များကို အထူးဂရုပြု၍ စားသုံးသင့်၏။ အဘယ်ကြောင့်ဆိုသော် အသီး၊ အရွက်၊ နို့ရည်များကို စားသုံးခြင်းဖြင့် ထုံးဓာတ်များရရှိပြီးလျှင် အရိုးများ မာလာနိုင်သောကြောင့် ဖြစ်သည်။ ကယ်လဆီယမ် ဓာတ်ဆားများပါရှိသော အစားအစာများသည် ဝမ်းတွင်းရှိ အက်ဆစ်အချဉ်ဓာတ်ကို ဖျက်ဆီးနိုင်၏။ ထုံးဓာတ်နည်းသော ကလေးသည် ရစ်ကတ်ရောဂါ (အရိုးပျော့နာ) စွဲကပ်တတ်သည်။ ကယ်လဆီယမ် အောက်ဆိုဒ် (CaO) ကို မဖောက်ထုံးဟု ခေါ်၏။ လေထဲတွင် ပစ်ထားလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ရောစပ်သဖြင့် ကယ်လဆီယမ် ကာဗွန်နိတ်ဖြစ်သွားသည်။ ကယ်လဆီယမ် ဟိုက်ဒရော့ဆိုဒ် (Ca (OH)2) ကို ဖောက်ထုံးဟုခေါ်သည်။ သဲနှင့်ရောလိုက်သောအခါ အင်္ဂတေဖြစ်၏။ အင်္ဂတေ ကိုင်သောအခါ အင်္ဂတေသည် လေထဲတွင်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို စုပ်ယူနိုင်သဖြင့် ကယ်လဆီယမ် ကာဗွန်နိတ်ဖြစ်၍ မာသွားသည်။ သို့သော် လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ် အနည်းငယ်ကိုသာ စုပ်ယူသောကြောင့် အင်္ဂတေသည် ရုတ်တရက် မမာနိုင်ပဲ တဖြည်းဖြည်းမာသွားရသည်။ Ca (OH)2 + CO2 = Ca CO3 ထုံးကျောက် သို့မဟုတ် ထုံးကို အမှုန့်ပြုလုပ်၍ လျှပ်စစ်မီးဖိုတွင် ကုတ်မီးသွေးနှင့်အတူထည့်၍ မီးပြင်းတိုက်ပေး သောအခါ ကယ်လဆီယမ် ကာဗိုက် (CaC2)ကို ရရှိ၏။ ကယ်လဆီယမ် ကာဗိုက်တွင် ရေအနည်းငယ် ထည့်ပေးလိုက်လျှင် အဆက်တီလင် ဓာတ်ငွေ့ထွက်ပေါ်လာသည်။

ကျမ်းကိုး

  1. Greenwood၊ Norman N.; Earnshaw၊ Alan (1997)။ Chemistry of the Elements (2nd ed.)။ Butterworth-Heinemann။ p. 112။ ISBN 0-08-037941-9
  2. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  3. "Mechanistic Elucidation of the Formation of the Inverse Ca(I) Sandwich Complex [(thf)3Ca(μ-C6H3-1,3,5-Ph3)Ca(thf)3] and Stability of Aryl-Substituted Phenylcalcium Complexes" (2010). Journal of the American Chemical Society 132 (35): 12492–12501. doi:10.1021/ja105534w. PMID 20718434.
  4. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.