ပိုတက်ဆီယမ်

ပိုတက်ဆီယမ် (Potassium) ဆိုသော စကားလုံးသည် အင်္ဂလိပ်ဘာသာစကား ပိုတက်ရှ်ခေါ်(ဓာတ်ဆား) ဆိုသော ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဓာတုဗေဒသင်္ကေတအားဖြင့် [K]ဖြင့်သတ်မှတ်ပြီး ၎င်း သင်္ကေတသည်လည်း လက်တင်ဘာသာစကား [kalium] မှ ဆင်းသက်လာခြင်းဖြစ်ပြီး အယ်လကာလီ [alkali] ဟုအဓိပါယ်သက်ရောက်သည်။ ပိုတက်ဆီယမ်သည် ပျော့ပြောင်းသော ငွေရောင် နှင့်အဖြူရောင်စပ်နေသော သတ္တုအမျိုးစားဖြစ်ပြီး အလှည့်မှန်ဇယား၏ အယ်လကာလီအုပ်စုထဲ တွင်ရှိသည်။ ပိုတက်ဆီယမ်[K] သတ္တုအား ဖြတ် တောက်လိုက်သောအခါ တောက်ပသောငွေရောင် ကိုတွေ့ရပါသည်။ထို့နောက် လေထုထဲတွင် လျင်မြန်စွာ ဓာတ်ပြုပြီး အောက်ဆိုဒ်အဖြစ် ပြောင်းလဲသွားကာ မိနစ်အနည်းငယ် အတွင်းတွင် အရောင် မှေးမှိန်သွားကြောင်းတွေ့ရသည်။ ထို့ကြောင့်၎င်းကို ဆီ(သို့) အမဲဆီ သုတ်လိမ်း၍ ထိမ်းသိမ်းထားနိုင်သည်။ ပိုတက်ဆီယမ်သည် ဓာတ်ပြုပြီးနောက်တွင် ဟိုက်ဒရိုဂျင် ထုတ်လွှတ် မှုကြောင့် ရေပေါ်တွင်ပေါ့ပါးစွာ ပေါ်နေနိုင်သည်။ ဓာတုဗေဒနယ်ပယ်တွင် ပိုတက်ဆီ ယမ်ကို အိုင်းရွန်း [K+] အသွင်ဖြင့်တွေ့နိုင်သည်။

Potassium,  19K
Potassium pearls (in paraffin oil, ~0,5 cm each)
Spectral lines of potassium
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတpotassium, K
အသံထွက်/pˈtæsiəm/
po-TAS-ee-əm
အဆင်းsilvery gray
ဒြပ်စင်အလှည့်ကျဇယားရှိ Potassium
Na

K

Rb
အာဂွန်potassiumကယ်လဆီယမ်
အက်တမ် အမှတ်စဉ် (Z)19
အုပ်စုဘလော့group 1 (alkali metals), s-block
ဒြပ်စင်အလှည့်ကျဇယားperiod 4
ဒြပ်စင် ကဏ္ဍ  အယ်လ်ကာလီသတ္တု
စံ အက်တောမစ် အလေးချိန် (±) (Ar)39.0983(1)[1]
အီလက်ထရွန် ပြုပြင်မှု[Ar] 4s1
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 8, 1
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်336.7 K (63.5 °C, 146.3 °F)
အရည်ဆူမှတ်1032 K (759 °C, 1398 °F)
သိပ်သည်းမှု (အခန်းအပူချိန်)0.862 g/cm3
0.828 g/cm3
Critical point2223 K, 16 MPa[2]
ဖျူးရှင်းအပူ2.33 kJ/mol
အငွေ့ပျံခြင်း အပူ76.9 kJ/mol
မိုလာ အပူအင်အား29.6 J/(mol·K)
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ+1, −1 (a strongly basic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 0.82
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 418.8 kJ/mol
2nd: 3052 kJ/mol
3rd: 4420 kJ/mol
(more)
အက်တောမစ် အချင်းဝက်empirical: 227 pm
ကိုဗေးလန့်အချင်းဝက်203±12 pm
ဗန်ဒါဝေါ့စ် အချင်းဝက်275 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ body-centered cubic (bcc)
အသံ၏အမြန်နှုန်း 2000 m/s (at 20 °C)
အပူ ပြန့်ကားမှု83.3 µm/(m·K) (at 25 °C)
အပူစီးကူးမှု102.5 W/(m·K)
လျှပ်စစ် ခုခံမှု72 nΩ·m (at 20 °C)
သံလိုက်ဓာတ်paramagnetic[3]
သံလိုက် ထိတွေ့နိုင်မှု (χmol)+20.8·10−6 cm3/mol (298 K)[4]
Young's modulus3.53 GPa
Shear modulus1.3 GPa
Bulk modulus3.1 GPa
Mohs hardness0.4
Brinell hardness0.363 MPa
CAS Number7440-09-7
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းHumphry Davy (1807)
Most stable isotopes of potassium
iso NA သက်တမ်းဝက် DM DE (MeV) DP
39K 93.258% is stable with 20 neutrons
40K 0.012% 1.248(3)×109 y β 1.311 40Ca
ε 1.505 40Ar
β+ 1.505 40Ar
41K 6.730% is stable with 22 neutrons

အသုံးပြုခြင်း

ပိုတက်ဆီယမ်အများစု(၉၅%)ကို အပင်နှင့် အသီးရွက်များ ကြီးထွားစေရန် ဓာတ်မြေဩဇာ အဖြစ်အသုံးပြုသည်။ အခြားကျန်ရှိသော ပိုတက်ဆီယမ်ပမာဏမှာ ပိုတက်ဆီယမ်ကလိုရိုဒ်အား လျှပ်စစ်သုံးဖြိုခွဲခြင်းဖြင့် ပိုတက်ဆီယမ်ဟိုက်ဒရောဆိုဒ် [KOH]2 ကိုဖြစ်ပေါ်စေသည်။ထို့နောက်၎င်း သည် ပိုတက်ဆီယမ်ကာဗွန်နိဒ် [K2CO3] အဖြစ်ပြောင်းလဲသွားသည်။ ပိုတက်ဆီယမ်ကာဗွန်နိဒ်ကို ဖန်များပြုလုပ်ရာတွင် အမြောက်အများအသုံးပြုပြီး အထူးသဖြင့် ရုပ်မြင်သံကြားဖန်သားပြင်များ ပြု လုပ်ရာတွင်သုံးလေ့ရှိသည်။ ပိုတက်ဆီယမ်ဟိုက်ဒရောဆိုဒ်ကို ဆပ်ပြာအရည်နှင့် အမှုန့်များထုတ် ရာတွင်လည်း အသုံးပြုသည်။ ပိုတက်ဆီယမ်ကလိုရိုဒ်ပမာဏ အနည်းငယ်သာလျှင် ဆေးဝါးဆိုင် ရာ ဆေးသွင်းမှုနှင့် ထိုးဆေးများတွင်သာတွေ့ရသည်။ အခြားသောအသုံးပြုမှုများမှာ မုန့်ဖုတ်ပေါင် ဒါအဖြစ် အသုံးပြုခြင်းဖြစ်ပြီး ဓာတ်ပုံဆေးခြင်းနှင့် သားရေများကို လူသုံးကုန်ပစ္စည်းကုန်ချောပြုလုပ် ရာတွင် တွင်ကျယ်စွာအသုံးပြုသည်။

မီးရှို့စမ်းသပ်စဉ် တွေ့ရသော ပိုတက်ဆီယမ်မီးတောက်

သဘာဝတွင် တွေ့ရှိမှုအခြေအနေ

ပိုတက်ဆီယမ်အများစုကို ကမ္ဘာမြေ၌ ဓာတ်သတ္တုအသွင်ဖြင့်တွေ့ရပြီး ယေဘူယျအားဖြင့် သဘာဝတွင်ကျောက်များ ရွှံ့စေးများအသွင်ဖြင့် တွေ့ရသည်။ ၎င်းကျေက်များကို ခွဲထုတ်လေ့လာ ခြင်းအားဖြင့် ကမ္ဘာ့မြေမျက်နှာပြင်တွင် ပိုတက်ဆီယမ်ပါဝင်မှုပမာဏမှာ [0.75 g/liter] အနည်း ငယ်သာပါဝင်ကြောင်းကိုတွေ့နိုင်သည်။ သဘာဝဓာတ်သတ္တုတွင်းများတွင် ပိုတက်ဆီယမ်ကို ပန်း ရောင်ရှိသောပိုက်ဆီယမ်ကလိုရိုက်၊ ကာနယ်လိုက် [KMgCL3.6(H2O)]၊ အလူနိတ် [alunate] အ သွင်များနှင့်သာတွေ့ရသည်။ ယနေ့ခေတ်တွင် ပိုတက်ဆီယမ်အတွေ့ရများသောနိုင်ငံများမှာ ကနေ ဒါ၊ အမေရိက၊ချီလီဒေသများတွင် အတွေ့ရများဆုံးဖြစ်သည်။ ကမ္ဘာပေါ်တွင် ပိုတက်ဆီယမ်သတ္တု ရိုင်း ထုတ်လုပ်မှုပမာဏမှာ တန်ချိန်သန်းပေါင်း (၅၀)ခန့်ရှိသည်။ ပိုတက်ဆီယမ်သည် အပင်များအ တွက် အလွန်အရေးပါသည်။ ပိုတက်ဆီယမ်သည် ရေတွင်လွယ်ကူစွာပျော်ဝင်သော်လည်း ကမ္ဘာ မြေတွင်းရှိပိုတက်ဆီယမ်ပမာဏ၏ ဆုံးရှုံးမှုမှာ အနည်းငယ်သာဖြစ်သည်။အဘယ်ကြောင့်ဆိုသော် သေကြေပျက်စီးသွားသော အပင်နှင့်သတ္တဝါများသည် သဘာဝမြေဆွေးအသွင်အဖြစ် လွယ်ကူစွာ ပြောင်းလဲသွားနိုင်ပြီး ၎င်းသည်အပင်များ၏ လိုအပ်ချက်ဖြစ်သော ဓာတ်မြေဩဇာကို ဆက်လက် ထိမ်းသိမ်းပေးထားနိုင်ခြင်းကြောင့်ဖြစ်သည်။

ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှု

ပိုတက်ဆီယမ်ကို အသီးအရွက်များ၊ သစ်သီးသစ်ဥများ၊ အာလူး၊ အသားများ၊ နွားနို့နှင့် အခွံမာသီးများတွင် ပါဝင်ကြောင်းတွေ့ရသည်။ ၎င်းသည် လူတို့၏ခန္ဒာကိုယ် အရည်ဓာတ်လိုအပ်မှု တွင် လွန်စွာမှအရေးပါသည်။ ပိုတက်ဆီယမ်သည် ကိုယ်ခန္ဒာတွင်းဆဲများတွင် အိုင်းရွန်း[K+] အ သွင်ဖြင့်ပါဝင်နေပြီး လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွင် (၉၅%) ခန့်ပါဝင်ဖွဲ့စည်းထားသည်။ကိုယ်အင်္ဂါ တွင်းရှိ ကျောက်ကပ်အား လုပ်ဆောင်ချက်များ မှန်ကန်စေရန်နှင့် နှလုံးခုန်နှုန်းမှန်ကန်စေရန် အ တွက်ထောက်ကူပေးသည်။ ပိုတက်ဆီယမ်ကို ရှူသွင်းမိပါက အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်သည်။ ဖုန်မှုန့်များ၊ အညစ်ကြေးများသည် မျက်စိ၊နှာခေါင်း၊အဆုပ်တွင်းသို့ ရောက်ရှိပါက နှာချေခြင်း၊ချောင်းဆိုးခြင်း နှင့် လည်ချောင်းနာခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထိုကဲ့သို့ကြိမ်ဖန် များစွာ ရှူသွင်းမိပါက အဆုပ်တွင်း၌ အရည်တစ်မျိုးဖြစ်ပေါ်စေပြီး အသက်ရှူရပ်တန့်စေနိုင်သည်။ အရေပြားနှင့် မျက်လုံးများအားထိ တွေ့မိပါက ကြာရှည်စွာဝေဒနာခံစားရမှုဖြစ်စေနိုင်သည်။

ပတ်ဝန်းကျင်သို့ အကျိုးသက်ရောက်မှု

နိုက်ထရိုဂျင်[N] နှင့် ဖော့စဖရပ် [P] များကဲသို့ပင် ပိုတက်ဆီယမ်သည်လည်း အပင်များ အတွက် မရှိမဖြစ်လိုအပ်သည်။ မြေဆီလွှာထဲတွင် ၎င်း၏ပါဝင်မှုသည် အပင်နှင့် တိရစ္ဆာန်များကြီး ထွားရန်အတွက် လွန်စွာမှအရေးပါသည်။ ပိုတက်ဆီယမ်၏ အဓိကလုပ်ဆောင်ချက်မှာ အပင်များ အတွင်းရှိ အော့်စမိုးတစ်ပရက်ရှာ [osmotic pressure] နှင့် ဆဲလ်အရွယ်စားများကို ထိမ်းပေးထား နိုင်ခြင်း၊ အစာချက်လုပ်ခြင်း၊ စွမ်းအင်ထုတ်လွှတ်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထောက်ပံ့ပေးခြင်း ၊ အစားအာဟာရများ အစားထိုးပေးခြင်းများကို လုပ်ဆောင်ပေးစေနိုင်သည်။ ၎င်းဒြပ်စင်ကို အပင် များကြီးထွားရန်အတွက်လုံလောက်သော ပမာဏရရှိရန်လိုအပ်သည်။ ပိုတက်ဆီယမ် ထုတ်လုပ် ပေးနိုင်မှုပမာဏ နည်းပါးပါက အပင်များကြီးထွားမှုကိုနှေးကွေးစေသည့်အပြင် အသီးနှင့်အပွင့်များ ဖြစ်ထွန်းမှုကိုပါနည်းပါးစေသည်။ ရေတွင်ပျော်ဝင်မှုကောင်းသော ပိုတက်ဆီယမ်သည် အပင်များ မျိုးပွားခြင်းကိုပျက်စီးစေသည့်အပြင်၊အခြားသောဓာတ်ပြုပစ္စည်းများနှင့်ပေါင်းစပ်လွယ်ကာကောက် ပဲသီးနှံများ၏ အထွက်နှုန်းကိုပါလျော့နည်းစေသည်။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Haynes၊ William M., ed. (2011)။ CRC Handbook of Chemistry and Physics (92nd ed.)။ Boca Raton, FL: CRC Press။ p. 4.122။ ISBN 1439855110
  3. Magnetic susceptibility of the elements and inorganic compounds, in Lide, D. R., ed. (2005)။ CRC Handbook of Chemistry and Physics (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  4. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.