ရူဘီဒီယမ်

ရူဘီဒီယမ်သည် အလွန်နူးညံ့ပြီး ဆင်စွယ်ရောင် သတ္တုဒြပ်စင်တစ်မျိုး ဖြစ်ပြီး၊ အုပ်စုနံပါတ်တစ် (alkali metals group) တွင် ပါဝင်သည်။ ၎င်းဒြပ်စင်သည် ဓာတ်ဖို သတ္တိရှိပြီး၊ ပတ်ဝန်းကျင်ရှိ သာမာန်အပူချိန်တွင် အရည်အဖြစ် တည်ရှိနိုင်သည်။သို့သော် အပူချိန် မြင့်မားသော နေ့တွင် ၎င်း၏ အရည်ပျော်မှတ်သည် 40 °C ခန့်ရှိတွင် ရှိသည်။ ၎င်းဒြပ်စင်သည် လေထုထဲတွင် ရေနှင့် လျှင်မြန်စွာ ဓာတ်ပြုပေါင်းစပ်နိုင်သည်။ -100 °C တွင် ရေခဲနှင့်ပင် ဓာတ်ပြုနိုင်သည်။ ဟိုက်ထရိုဂျင် ဖယ်ထုတ်နိုင်ရန်အတွက် မီးနှင့်အပူပေးရန် လိုအပ်သည်။ ရူဘီဒီယမ်သည် မာကျူရီကဲ့သို့သော ပြဒါးသတ္ထုစပ်ပုံစံ ဖြစ်ပြီး၊ gold, cesium, sodium, potassium တို့နှင့် သတ္ထုစပ် (alloy) ပြုလုပ်နိုင်သည်။ ထိုသတ္တုစပ်များ၏ မီးတောက်သည် အဝါရောင်ဖျော့ဖျော့ သန်းနေသော ခရမ်းရင့်ရောင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု ရေတပ်စမ်းသပ်ခန်းရှိ ရူဘီဒီယမ် ရေပန်းအနုမြူဆိုင်ရာ နာရီ၊
ရူဘီဒီယမ်,  37Rb
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတရူဘီဒီယမ်, Rb
အသံထွက်/rʊˈbɪdiəm/
roo-BID-ee-əm
အဆင်းgrey white
ဒြပ်စင်အလှည့်ကျဇယားရှိ ရူဘီဒီယမ်
K

Rb

Cs
ခရစ်ပတွန်ရူဘီဒီယမ်စထရွန်တီယမ်
အက်တမ် အမှတ်စဉ် (Z)37
အုပ်စုဘလော့group 1 (alkali metals), s-block
ဒြပ်စင်အလှည့်ကျဇယားperiod 5
ဒြပ်စင် ကဏ္ဍ  အယ်လ်ကာလီသတ္တု
စံ အက်တောမစ် အလေးချိန် (±) (Ar)85.4678(3)[1]
အီလက်ထရွန် ပြုပြင်မှု[Kr] 5s1
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 8, 1
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်312.45 K (39.30 °C, 102.74 °F)
အရည်ဆူမှတ်961 K (688 °C, 1270 °F)
သိပ်သည်းမှု (အခန်းအပူချိန်)1.532 g/cm3
1.46 g/cm3
သုံးပွင့်ဆိုင်မှတ်312.41 K, ? kPa[2]
Critical point2093 K, 16 MPa (extrapolated)[2]
ဖျူးရှင်းအပူ2.19 kJ/mol
အငွေ့ပျံခြင်း အပူ69 kJ/mol
မိုလာ အပူအင်အား31.060 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 434 486 552 641 769 958
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ+1, −1 (a strongly basic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 0.82
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 403 kJ/mol
2nd: 2632.1 kJ/mol
3rd: 3859.4 kJ/mol
အက်တောမစ် အချင်းဝက်empirical: 248 pm
ကိုဗေးလန့်အချင်းဝက်220±9 pm
ဗန်ဒါဝေါ့စ် အချင်းဝက်303 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ body-centered cubic (bcc)
အသံ၏အမြန်နှုန်း 1300 m/s (at 20 °C)
အပူ ပြန့်ကားမှု90 µm/(m·K)[3] (at r.t.)
အပူစီးကူးမှု58.2 W/(m·K)
လျှပ်စစ် ခုခံမှု128 nΩ·m (at 20 °C)
သံလိုက်ဓာတ်paramagnetic[4]
သံလိုက် ထိတွေ့နိုင်မှု (χmol)+17.0·10−6 cm3/mol (303 K)[5]
Young's modulus2.4 GPa
Bulk modulus2.5 GPa
Mohs hardness0.3
Brinell hardness0.216 MPa
CAS Number7440-17-7
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုRobert Bunsen and Gustav Kirchhoff (1861)
ပထမဆုံး ခွဲထုတ်မှုGeorge de Hevesy
Most stable isotopes of ရူဘီဒီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
83Rb syn 86.2 d ε 83Kr
γ 0.52, 0.53,
0.55
84Rb syn 32.9 d ε 84Kr
β+ 1.66, 0.78 84Kr
γ 0.881
β 0.892 84Sr
85Rb 72.17% is stable with 48 neutrons
86Rb syn 18.7 d β 1.775 86Sr
γ 1.0767
87Rb 27.83% 4.9×10၁၀ y β 0.283 87Sr

အသုံးပြုခြင်း

ရူဘီဒီယမ် နှင့် ၎င်းပါဝင်သော ဆားများကို စီးပွားဖြစ် အနည်းငယ် အသုံးပြုသည်။ ၎င်းဒြပ်စင်ကို photocells ထုတ်လုပ်ရာတွင် လည်းကောင်း၊ လေဟာနယ်ပြွန်ထဲမှ လွတ်နေသောဓာတ်ငွေ့များကို ဖယ်ထုတ်သည့် နေရာများတွင် အသုံးပြုနိုင်သည်။ ရူဘီဒီယမ်ဆားများကို ဖန်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခင်းနှင့်၊ မီးရှူးမီးပန်းထုတ်လုပ်သည့် နေရာများတွင် ခရမ်းရောင် ဖြစ်ပေါ်စေရန်အတွက် အသုံးပြုသည်။ ကုန်းသွားယာဉ်များအတွက် ion engines ထဲတွင် အတည်စွမ်းအင် ဖြစ်ပေါ်စေရန်အတွက်လည်း အသုံးပြုသည်။

သဘာဝမှာတွေ့ရှိမှုအခြေအနေ

ရူဘီဒီယမ်ကို ကမ္ဘာ့မြေမျက်နှာပြင်လွှာထဲတွင် ၁၆ ခုမြောက် အပေါများဆုံး တွေ့ရသော ဒြပ်စင်အဖြစ် သတ်မှတ်ယူဆခဲ့ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပြန်လည်သုံးသပ်ချက်အရ ရူဘီဒီယမ်သည် ယခင်တွက်ချက်ထားမှုထက် ပိုမိုပေါများနေသည်ကို တွေ့ရှိရသည်။ ရူဘီဒီယမ်၏ သဘာဝတွင်းထွက် မဟုတ်သော ဆက်စပ်ဒြပ်ပေါင်းများကိုလည်း ထပ်မံတွေ့ရှိရသည်။ သို့သော် ၎င်းသည် lepodite(1.5%), Pollucite နှင့် carnallite ကဲ့သို့သော အခြားတွင်းထွက်ပစ္စည်းများတွင် ပမာဏများစွာ ပါဝင်နေတတ်သည်။ နှစ်စဉ်နှစ်တိုင်း ရူဘီဒီယမ် ပမာဏကို အနည်းငယ်သာ ထုတ်လုပ်သည်။ **

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

ရူဘီဒီယမ်၏ ထိတွေ့ခြင်းအပေါ်သက်ရောက်မှု

ရူဘီဒီယမ်ကို စားသုံးမိပါက အတန်အသင့် အဆိပ် ဖြစ်စေနိုင်သည်။ ရူဘီဒီယမ် နှင့် ထိတွေ့ပါက အပူလောင်ခြင်းကို ဖြစ်စေသည်။ ရူဘီဒီယမ်သည် rubidium hydroxide ဖြစ်ရန် စိုစွတ်သော အရာများနှင့် လွယ်ကူစွာ ဓာတ်ပြုသည်။ထို့ကြောင့် မျက်လုံး နှင့် အရေပြားတို့ကို ဓာတုဗေဒသဘောအရ လောင်ကျွမ်းမှုများ ဖြစ်စေသည်။

ရူဘီဒီယမ်နှင့် အလွန်အကြူးထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများ

အသားအရေနှင့် မျက်လုံးကို လောင်ကျွမ်းစေသည်။ ကိုယ်ခန္ဓာ ကြီးထွားမှုကို လျှော့နည်းစေသည်။ ခြေလက်ဆာခြင်း၊ အရေပြားတွင် ပြည်တည်အနာဖြစ်ခြင်းနှင့် ပြင်းပြင်းထန်ထန် စိတ်တုန်လှုပ်လွယ်ခြင်းတို့ကို ဖြစ်စေသည်။

ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ

ရူဘီဒီယမ်ကို ဇီဝဗေဒ ပိုင်းတွင် သက်ရောက်နိုင်မှု နည်းပါးသည်။ သို့သော် metabolics အပေါ်တွင် အနည်းငယ် သက်ရောက်မှု တွေ့ရသည်။ အဘယ်ကြောင့် ဆိုသော် ပိုတက်ဆီယမ်နှင့် တူညီနိုင်သောကြောင့် ဖြစ်သည်။ ပိုတက်ဆီယမ်သည် ရူဘီဒီယမ်ထက် ပေါကြွယ်ဝသော်လည်း၊ ၎င်းဒြပ်စင် နှစ်မျိုးလုံးကို တွင်းထွက်ပစ္စည်းများနှင့် မြေဆီလွှာထဲတွင် တွေ့ရသည်။ အပင်များသည် ရူဘီဒီယမ်ကို လျှင်မြန်စွာ စုပ်ယူနိုင်သည်။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Haynes၊ William M., ed. (2011)။ CRC Handbook of Chemistry and Physics (92nd ed.)။ Boca Raton, FL: CRC Press။ p. 4.122။ ISBN 1439855110
  3. Cverna, Fran (2002)။ "Ch. 2 Thermal Expansion"။ ASM Ready Reference: Thermal properties of metals (PDF)။ ASM International။ ISBN 978-0-87170-768-0
  4. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  5. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.