ဆယ်ဆီယမ်

ဆယ်ဆီယမ် (Cesium) ကို ၁၈၆၀ ခုနှစ်တွင် ဂျာမန် ဓာတုဗေဒ ပညာရှင်များဖြစ်သော Robert Wilhelm Bunsen နှင့် Guastav Robert Kirchoff တို့က ဂျာမနီနိုင်ငံ Durkhein ပြည်နယ်ရှိ သဘာဝရေအား ရောင်စဉ်ကြည့်ကရိယာ (spectroscoptic) ဖြင့် ဆန်းစစ်လေ့လာ သုတေသန ပြုကြရာမှ တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ ဆယ်ဆီယမ်ဟူသော အမည်သည် ရောင်စဉ်ကြည့်ကရိယာ ဖြင့် သုတေသနပြုစဉ် ထွက်ပေါ်လာ သော နက်ပြာရောင် ရောင်စဉ်အတွင်း တောက်ပသော ရောင်စဉ်လှိုင်းနှစ်ခု ပါဝင်နေခြင်းကြောင့် လက်တင်ဘာသာစကားအရ (Caesius = celestial-bule) ကို IUPAC name အရ Caesium သို့မဟုတ် United States name အရ Cesium ဟု အတည်ပြု သက် မှတ်ခဲ့ကြသည်။ ပထမဦးဆုံးသော ဆယ်ဆီယမ်သတ္တုကို ၁၈၈၂ ခုနှစ်တွင် ဆွစ်ဇလန် ဓာတုပညာရှင် Carl Setterberg မှ barium ဒြပ်စင်နှင့် ဆယ်ဆီယမ် ကာဘိုနိုက်ထရိတ် CsCN အရောအနှော တို့ကို ပေါင်းစပ်၍ သတ္တုစပ် (alloy) အဖြစ် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အားလုံးသောဆယ်ဆီယမ် အယ်ကာလီများကို ငွေဖြူရောင်ရှိသော ပုံဆောင်ခဲများအဖြစ်တွေ့ရှိရသည်။ဆယ်ဆီယမ်သည် အိုင်ဆိုတုတ် ပေါများသော ဒြပ်စင်တစ်ခုဖြစ်ပြီး၊ ၎င်းတို့ထဲမှာ သိပ်သည်းဆ အများဆုံးသော အိုင်ဆိုတုတ်မှာ 133Cs ဖြစ်ပြီးသက်တမ်း အရှည်ဆုံးနှင့် ရေဒီယိုသတ္တိအကြွဆုံးသော အိုင်ဆိုတုတ်မှာ 135Cs ဖြစ်သည်။ ၎င်းသက်တမ်းဝက်မှာ ၂.၃ မီလီယံနှစ် ဖြစ်သည်။ အိုင်ဆိုတုတ် 137Cs မှာ ရေတွင်လွယ် ကူစွာ ပျော်ဝင်နိုင်ပြီး မိနစ်အတွင်းအလွန်ပြင်း ထန်သော အဆိပ်ကိုဖြစ်စေသည်။ ၎င်း၏သက်တန်းဝက်မှာ 30.07 years ဖြစ်သည်။ သန့်စင်သောသတ္တုအဖြစ် တွေ့မြင်ရသော ဆယ်ဆီယမ် ဒြပ်စင်၏အရောင်မှာ ရွှေရောင်နှင့်အလွန်ဆင်တူသော ရွှေဖြူရောင်ဖြစ်သည်။ ၎င်းသည် ပျော့ပြောင်းပြီး နန်းဆွဲရလွယ်သော ဒြပ်စင်တစ်ခုဖြစ်သည်။ ၎င်းဒြပ်စင်သည် လျှပ်စစ်ဓာတ်မ အများ ဆုံးနှင့် အယ်ကာလီသတ္တိလွန်ကဲဆုံး ဒြပ်စင်တစ်ခုဖြစ်သည်။ cesium, gallium နှင့် mercury ဒြပ်စင်သုံးခု တို့သည် အခန်းတွင်းအပူချိန် (သိုမဟုတ်) ထိုအပူချိန်ဝန်းကျင်အတွင်း၌ပင် အရည်အဖြစ်သို့ရောက်ရှိသည်။ cesium သည် အပူချိန် (-116 ဒီဂရီစင်တီဂရိတ်) အထက်ရှိသောရေခဲ နှင့် ရေအေး တို့တွင်ပေါက်ကွဲခြင်း အခြေအနေသို့ရောက်ရှိသည်။ cesium hydroxide သည် အားကောင်းသော base ဘေ့စ် (အယ်လကာလီနှင့်အက်စစ်ဓာတ်ပြု၍ရသောဆား) တစ်မျိုးဖြစ်ပြီး ဖန်ထည်မှန် ထည်များကို တိုက်ခိုက်ပျက်စီးစေနိုင်သည်။ cesium သည် halogens များနှင့် ဓာတ်ပြုခြင်းဖြင့် ဖရိုရိုက်(fluoride)၊ ကလိုရိုက် (chloride)၊ ဘရိုမိုက်(bromide) နှင့် အိုင်အိုဒိုက်(iodide) များကိုဖြစ်ပေါ်စေသည်။ ဆယ်ဆီယမ်ဒြပ်စင်သည် လေထဲတွင် အောက်ဆီဂျင်များ နှင့် လျင်မြန်စွာဓာတ်ပြုပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် အန္တရာယ်ရှိသော စွမ်းအားမြင့်မားသည့် အောက်ဆိုဒ်(superoxide) များကိုဖြစ်ပေါ် စေနိုင်သည်။

ဆယ်ဆီယမ်,  55Cs
Spectral lines of caesium
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတဆယ်ဆီယမ်, Cs
အသံထွက်/ˈsziəm/
SEE-zee-əm
အခြားအမည်cesium (US, informal)
အဆင်းpale gold
ဒြပ်စင်အလှည့်ကျဇယားရှိ ဆယ်ဆီယမ်
Rb

Cs

Fr
ဇီနွန်ဆယ်ဆီယမ်ဘယ်ရီယမ်
အက်တမ် အမှတ်စဉ် (Z)55
အုပ်စုဘလော့group 1 (alkali metals), s-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  အယ်လ်ကာလီသတ္တု
စံ အက်တောမစ် အလေးချိန် (±) (Ar)132.90545196(6)[1]
အီလက်ထရွန် ပြုပြင်မှု[Xe] 6s1
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 18, 8, 1
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်301.7 K (28.5 °C, 83.3 °F)
အရည်ဆူမှတ်944 K (671 °C, 1240 °F)
သိပ်သည်းမှု (အခန်းအပူချိန်)1.93 g/cm3
1.843 g/cm3
Critical point1938 K, 9.4 MPa[2]
ဖျူးရှင်းအပူ2.09 kJ/mol
အငွေ့ပျံခြင်း အပူ63.9 kJ/mol
မိုလာ အပူအင်အား32.210 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 418 469 534 623 750 940
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ+1, −1[3] (a strongly base oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 0.79
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 375.7 kJ/mol
2nd: 2234.3 kJ/mol
3rd: 3400 kJ/mol
အက်တောမစ် အချင်းဝက်empirical: 265 pm
ကိုဗေးလန့်အချင်းဝက်244±11 pm
ဗန်ဒါဝေါ့စ် အချင်းဝက်343 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ body-centred cubic (bcc)
အပူ ပြန့်ကားမှု97 µm/(m·K) (at 25 °C)
အပူစီးကူးမှု35.9 W/(m·K)
လျှပ်စစ် ခုခံမှု205 nΩ·m (at 20 °C)
သံလိုက်ဓာတ်paramagnetic[4]
Young's modulus1.7 GPa
Bulk modulus1.6 GPa
Mohs hardness0.2
Brinell hardness0.14 MPa
CAS Number7440-46-2
သမိုင်းကြောင်း
အမည်တပ်ခြင်းfrom Latin caesius, sky blue, for its spectral colours
ရှာဖွေတွေ့ရှိမှုRobert Bunsen and Gustav Kirchhoff (1860)
ပထမဆုံး ခွဲထုတ်မှုCarl Setterberg (1882)
Most stable isotopes of ဆယ်ဆီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
133Cs 100% is stable with 78 neutrons
134Cs syn 2.0648 y ε 1.229 134Xe
β 2.059 134Ba
135Cs trace 2.3×106 y β 0.269 135Ba
137Cs syn 30.17 y[5] β 1.174 137Ba

အသုံးပြုခြင်း

Cesium ကို စက်မှုလုပ်ငန်းများတွင် organic ဒြပ်ပေါင်းများအတွင်းသို့ ဟိုက်ဒရိုဂျင်အက်တမ်များပေါင်း ထည့်သည့်ဖြစ်စဉ်အတွက် အောက်ဆိုဒ်ဖြစ်နေသောဒြပ်စင်များ၏ ဓာတ်ပြုနိုင်စွမ်းကိုမြင့်ပေးသည့် အထောက် အပံ့ဓာတ်ကူပစ္စည်းအဖြစ်အသုံးပြုကြသည်။ cesium nitrate ကိုမျက်ကပ်မှန်များ ပြုလုပ်ရာတွင် အသုံးပြု ကြသည်။ တစ်ခါတစ်ရံတွင် အလင်းပေးမီးသီးများနှင့် လေဟာနယ်ပြွန်များထဲမှ အောက်စီဂျင်များ ကို ဖယ်ရှား ရန်အတွက် cesium ကိုအသုံးပြုသည်။ cesium ဆားများကို ဖန်ထည်မှန်ထည်များ မာကြောစေရန် အတွက်ပုံစံအမျိုးမျိုးဖြင့်အသုံးပြုကြသည်။ cesium chloride ကို ဓာတ်ပုံရိုက်ရာတွင်အလင်းထွက်ပေးရန်၊ စက္ခုအာရုံနှင့်ဆိုင်သော ကိရိယာများ နှင့် အီလက်ထရွန်ပြွန်များ၏ ပြင်ပဒါဏ်မခံနိုင်မှု တိုးပွားနေသော အခါများတွင် အသုံးပြုသည်။ cesium ကိုအဏုမြူနာရီများတွင်အသုံးပြုခဲ့ကြပြီး အိုင်းယွန်း(ion)များ ကိုတွန်းပို့ သောစနစ်များတွင် မကြာသေးမှီသောအချိန်ကမှစတင်အသုံးပြုခဲ့ကြသည်။

ပတ်ဝန်းကျင်တွင်တွေ့ရှိရမှုအခြေအနေ

Cesium ဒြပ်စင်သည် အခြားသော အယ်လကာလီဒြပ်စင်များထက် ပေါကြွယ်ဝမှုအလွန်ပင် နည်းပါး သော်လည်း arsenic, iodine နှင့် uranium ကဲ့သိုသောဒြပ်စင်များထက် ပိုမိုများပြားစွာ တည်ရှိသည် ကိုတွေ့ရသည်။ Cesium သတ္တုရိုင်းတွင်းမှ သန့်စင်သော Cesium ကို အနည်းငယ်သာတွေ့ရှိရပြီး ၎င်းနှင့်ဓာတုဂုဏ် သတ္တိချင်း တူညီသော rubidium နှင့် တွဲဖက်၍တွေ့ရတက်သည်။ ယနေ့ခေတ် Cesium ကို အဓိက ရရှိသော အရင်းအမြစ် တစ်ခုမှာ pollucite (Cs,Na)2Al2Si4O12·2H2O သတ္တုရိုင်းများမှဖြစ်သည်။ pollucite သတ္တုရိုင်းကို ဆီလီကာဒြပ်ပေါင်းများ ပါဝင်သော ကျောက်ပျော်ရည်များ အေးခဲပြီးနောက် မာကျောသည့် ကျောက်တုံးများ အဖြစ်တွေ့ရသည်။ Cesium ဒြပ်ပေါင်း၏ ကမ္ဘာ့ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်၂၀ မျှ ဖြစ်သည်။ အဓိက ထုတ်လုပ်သော နေရာများမှာ ကနေဒါ နိုင်ငံရှိ ဘားနစ်ကန်(Bernic lake)၊ တောင်အာဖရိက နှင့် ဇင်ဘာဘွေနိုင်ငံမှ အနည်းငယ်ထုတ်လုပ်ရရှိသည်။

ကျန်းမာရေးအပေါ်သက်ရောက်မှုများ

လူသားများသည် အသက်ရှူခြင်း၊ ရေသောက်ခြင်း နှင့် အစာစားခြင်းတို့ဖြင့် Cesium နှင့်ထိတွေ့နိုင်သည်။ လေထဲတွင် cesium ပါဝင်မှုသည်ယေဘုယျအားဖြင့် အနည်းငယ်သော ပမာဏမျှသာရှိသော်လည်း အချို့သော ရေမျက်နှာပြင်များနှင့် အစားအစာအမျိုးအစားတချို့တွင် ရေဒီယိုသတ္တိကြွ Cesium များပါဝင်ကြောင်း တွေ့ရသည်။ စားသောက်ဖွယ်ရာများ၌ Cesium ပါဝင်မှုပမာဏသည် အနုမြူဓာတ်အားပေးစက်ရုံများတွင် ရေဒီယိုသတ္တိကြွ Cesium မှတဆင့် မတော်တဆ ရောင်စင်ဖြာထွက်မှုပေါ်တွင် အဓိကမူတည်သည်။ ၎င်းမတော်တဆဖြစ်စဉ်မျိုးသည် ၁၉၈၆ ခုနှစ်တွင်ပေါ်ပေါက်ခဲ့သော ချာနိုဘိုင်း နျူးကလီးယား ပေါက်ကွဲမှု (Chernobyl disaster) မတိုင်ခင်က ပေါ်ပေါက်ခဲ့ခြင်းမရှိခဲ့ပါ။ အနုမြူစွမ်းအင်သုံးစက်မှုလုပ်ငန်းများတွင် အလုပ်လုပ်သော လူများသည် Cesium နှင့်ပိုမို၍ ထိတွေ့နိုင်သော်လည်း ကြိုတင်ကာကွယ် တိုင်းတာနိုင်သော နည်းလမ်းများစွာရှိ သောကြောင့် ၎င်းကိုကာကွယ်တားဆီးနိုင်သည်။ သာမာန်အားဖြင့် Cesium ဒြပ်စင်ကိုယ်တိုင် ဆက်စပ်ပက်သက်ပြီးလူတို့၏ ကျန်းမာရေးအပေါ် သက်ရောက်မှု များတွေ့ ကြုံရခြင်းကဲ့သို့သော ဖြစ်စဉ်မျိုးသည် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။ အလွန်မှပင်ဖြစ်နိုင်ခဲလှသည့် Cesium ရေဒီယိုသတ္တိကြွခြင်း ဖြစ်ပေါ်နေသောအချိန်နှင့် ထိတွေ့မိသောသူသည် Cesium အမှုန်များ၏ ရောင်စဉ်ဖြာ ထွက်ခြင်းကြောင့် ကိုယ်ခန္ဓာရှိ ဆဲလ်များကိုပျက်စီးစေသည်။ ထိုသို့ထိတွေ့မိခြင်းကြောင့် ကိုယ်လက် မအီ မသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးများယိုထွက်ခြင်း ကဲ့သိုသော သက်ရောက်မှု များဖြစ်ပေါ်စေသည်။ အနည်းငယ်ထိတွေ့မိရုံမျှဖြင့် လူကိုအချိန်ကာ လကြာမြင့်စွာ သတိပျောက်ဆုံးစေသည်။ Coma ကဲ့သို့သောသတိမေ့မျှောခြင်းရောဂါ(သို့မဟုတ်)သေဆုံးခြင်း အထိဖြစ်စေနိုင်သည်။ ၎င်း၏သက်ရောက်မှု မည်မျှပြင်းထန်မှုရှိသည်ဟူသောအချက်သည် လူတစ်ဦးချင်းစီ၏ခုခံအား၊ ထိတွေ့သည့်အချိန်ကာလ၊ တစ်ဦးချင်း၏ထိတွေ့ခဲ့သည့်ပြင်းအားပမာဏ စသည့်အချက်များပေါ် မှုတည်သည်။

သန့်စင်မှု မြင့်မားသော ဆယ်ဆီယမ်အား အာဂွန်အောက်တွင် တွေ့ရစဉ်။

ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများ

Cesium ကို ပင်ကိုအတိုင်း ပတ်ဝန်းကျင်တွင်တွေ့ရှိရသည်။ အဓိကအားဖြင့် မြေလွှာများ တိုက်စားခြင်း၊ မိုးဒဏ်လေဒဏ်ကြောင့်ကျောက်တုံးများကွဲပြတ်လွင့်ထွက်ခြင်း နှင့် တွင်းထွက်ပစ္စည်းများ တွင်တွေ့ရသည်။ ၎င်းဒြပ်စင်သည် သတ္တုရိုင်းများကြိတ်ခွဲခြင်း နှင့် ဓာတ်သတ္တုတူးဖော်ခြင်း များမှတဆင့် ရေ၊မြေကြီးနှင့် လေထုအတွင်းသို့ရောက်ရှိကြသည်။ Cesium ဒြပ်စင်၏ ရေဒီယိုသတ္တိကြွနေသော isotopes များသည် အနုမြူစွမ်းအင်သုံးစက်မှုလုပ်ငန်းများ၊ မတော်တဆနျူးကလီးယား ဖြစ်စဉ်များ နှင့် နျူးကလီးယားလက်နက်များ စမ်းသက်ခြင်း စသည်တို့မှ လေထုအတွင်းသို့ ရောက်ရှိသွားကြသည်။ရေဒီယိုသတ္တိကြွနေသော isotopes များအား ရေဒီယိုဓာတ်သတ္တိပြိုကွဲခြင်းဖြစ်စဉ်(radioactive decay) မှတဆင့် ၎င်းတို့၏ ပြင်းအားကိုသာ လျှော့ချနိုင်သည်။ ရေဒီယိုသတ္တိကြွခြင်းမရှိသော Cesium များကို သဘာဝ ပတ်ဝန်းကျင်သို့ရောက်ရှိစဉ် (သိုမဟုတ်) အခြားသောဒြပ်ပေါင်းများနှင့်အလွန်တိကျသော မော်လီကျူးများတွင်းတွင် ဓာတ်ပြုစဉ်အချိန်များ၌ ဖျက်စီးနိုင်သည်။ ရေဒီယို သတ္တိကြွ နေသော Cesium နှင့် တည်ငြိမ် နေသော Cesium နှစ်မျိုးလုံးသည် လူနှင့် တိရိစ္ဆာန်များ၏ခန္ဓာကိုယ်များ အတွင်းတွင် တူညီသော ဓာတုဗေဒ ဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်ကြသည်။ Cesium သည် ကမ္ဘာမြေပေါ်သို့မကြရောက်ခင်ထိ လေထဲတွင် အကွာအဝေးရှည်လျှားစွာ လွင့်မျောနေနိုင်သည်။ ရေနှင့်မြေလွှာများတွင်းရှိ Cesium ဒြပ်ပေါင်းအများစုသည် ရေထဲတွင် အလွန်ပျော်ဝင် လွယ်သည်။ သို့သော်မြေလွှာအတွင်းရှိ Cesium ကို ရေကျင်းဆေးကြောခြင်းဖြစ် မြေအောက်ရေအတွင်းသို့ မရောက်ရှိနိုင်ပါ။ ၎င်း၏ခိုင်ခံသော ချိတ်ဆက်စည်း (bonds) များက မြေလွှာအမှုန်များကိုချိတ်ဆက် ထားခြင်း နှင့် အပင်များ၏ အမြစ်များကို ဖြတ်သန်းဖောက်ထွက်မနိုင်ခြင်း ကဲ့သို့သော အကြောင်းများကြောင့် မြေလွှာအထက်ပိုင်း အလွှာ အတွင်းတွင် Cesium ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။ ရေဒီယိုသတ္တိကြွနေသော Cesium သည် အပင်များအတွင်းသို့ ဝင်ရောက်နိုင်သော အခွင့်အလမ်းတစ်ခုမှာ သစ်ရွက်ကြွေခြင်း များမှပင်ဖြစ်သည်။ တိရိစ္ဆာန်များသည် အလွန်မြင့်သော Cesium ဓာတ်ရောင်ခြည်အဆိပ် အနည်းငယ်သော ပမာဏ သင့်ပါက သာမာန် မဟုတ်သော လှုပ်ရှားမှုများ ဖော်ပြလာကြသည်။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Haynes၊ William M., ed. (2011)။ CRC Handbook of Chemistry and Physics (92nd ed.)။ Boca Raton, FL: CRC Press။ p. 4.121။ ISBN 1439855110
  3. Dye, J. L. (1979). "Compounds of Alkali Metal Anions". Angewandte Chemie 18 (8): 587–598. doi:10.1002/anie.197905871.
  4. "Magnetic susceptibility of the elements and inorganic compounds"။ Handbook of Chemistry and Physics (PDF) (87th ed.)။ CRC press။ ISBN 0-8493-0487-32010-09-26 တွင် ပြန်စစ်ပြီး
  5. NIST Radionuclide Half-Life Measurements NIST 2011-03-13 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.