ကလိုရင်း

ကလိုရင်း (Chlorine) (ဓာတုသင်္ကေတ-Cl) သည် သိပ္ပံနယ်ပယ်တွင်သာမကသိပ္ပံနှင့် မရင်းနှီးသော သာမန် လူများကပင် အသိများသည့် ဓာတုဒြပ်စင်ဖြစ်သည်။ ကလိုရင်း(Chlorine)သည် စိမ်းလဲ့လဲ့အရောင်နှင့် အသက်ရှု ကျပ်စေသောအနံ့ရှိ၍ လေထက်ပိုလေးသော ဓာတ်ငွေ့ဖြစ်၏။ ဤဓာတ်ငွေ့သည် ဟယ်လိုဂျင်ဓာတ်ငွေ့အစုတွင် ဖလိုရင်းဘရိုမင်းနှင့် အိုင်အိုဒင်းဓာတ်ငွေ့ တို့နှင့်အတူ ပါဝင်ရာ၊ ယင်းတို့၏ ဂုဏ်သတ္တိချင်းမှာ ဆင်တူယိုးမှား ဖြစ်ကြသည်။ ဟယ်လိုဂျင်ဓာတ်ငွေ့စုတွင် ဖလိုရင်းဓာတ်ငွေ့သည် ဓာတ်ပေါင်းစပ်ရာ၌ အထက်မြက်ဆုံးဖြစ်၍ ကလိုရင်းဓာတ်ငွေ့မှာ ဒုတိယ အထက်မြက်ဆုံးဖြစ်၏။ ၁၇၇၄ခုနှစ်တွင် ကားလ် ဝယ်ဟမ် စချဲလိ (Carl Wilhelm Scheele) က အောက်စီဂျင်ပါဝင်နေသော ၎င်းကို မှားယွင်းလွှဲချော်စွာ စတင် တွေ့ရှိခဲ့သည်။ ၁၈၁၀ခုနှစ်တွင် ဟူဖရီ ဒေဗွီ(Humphry Davy) က ၎င်းကို ကလိုရင်း (Cl) ဟု အမည်ပေးခဲ့ပြီး ဒြပ်စင်တစ်ခုအနေဖြင့် စူးစူးစိုက်စိုက်လေ့လာခဲ့သည်။ ကလိုရင်း (Cl) ဆိုသော စကားလုံးသည် ကလိုရို(Chloros) မှ ဆင်းသက်လာပြီး အစိမ်းရောင် (green) ဟု အဓိပ္ပာယ်ရသည်။ ကလိုရင်း (Cl)သည် အက်တမ်နှစ်လုံးရှိသော အစိမ်းရောင် ဓာတ်ငွေ့ ဖြစ်သည်။ ကလိုရင်း (Cl)ဒြပ်စင်သည် ဟေလိုဂျင်အုပ်စုတွင် ဆားဖြစ်ပေါ်ရန်အတွက် တစ်စိတ်တဒေသပါဝင်နေသော ဒြပ်စင်ဖြစ်သည်။ ၎င်းကို ကလိုရိုဒ်(Chlorides) မှ ဓာတ်တိုးခြင်းနှင့် လျှပ်စစ်ဓာတ်ခွဲခြင်းအားဖြင့်ထုတ်ယူရရှိသည်။ ကလိုရင်း (Cl) ဓာတ်ငွေ့ သည် စိမ်းဝါရောင်ရှိပြီး အနီးအနား ရှိ တခြား ဒြပ်စင် များနှင့် ပေါင်းစပ်လေ့ရှိသည်။ စူးရှသောအနံ့ရှိပြီး အလွန်အမင်း အဆိပ်သင့်နိုင်သောဓာတ်ငွေ့ ဖြစ်သည်။ အလွန်အဆိပ်ပြင်းထန်၍ လေထက်လေးသောကြောင့်၊ ပထမကမ္ဘာစစ်အတွင်းက အဆိပ်ဓာတ်ငွေ့ အဖြစ် အသုံးပြုခဲ့ဘူးရာ လူအမြောက်အမြား သေကြေခဲ့ကြရ၏။ သို့သော် လူတို့အား အကျိုးရှိစေမည့် ကိစ္စအများ၌ ကလိုရင်းသည် မည်မျှအရေးပါ အရာရောက်စွာ အသုံးဝင်ပုံကို အောက်တွင် တွေ့ရပေမည်။

ကလိုရင်း,  17Cl
A glass container filled with chlorine gas
Spectral lines of chlorine
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတကလိုရင်း, Cl
အသံထွက်/ˈklɔːrn/ or /ˈklɔːrɪn/
KLOHR-een or KLOHR-ən
အဆင်းpale yellow-green gas
ဒြပ်စင်အလှည့်ကျဇယားရှိ ကလိုရင်း
F

Cl

Br
ဆာလဖာကလိုရင်းအာဂွန်
အက်တမ် အမှတ်စဉ် (Z)17
အုပ်စုဘလော့group 17 (halogens), p-block
ဒြပ်စင်အလှည့်ကျဇယားperiod 3
ဒြပ်စင် ကဏ္ဍ  diatomic nonmetal
စံ အက်တောမစ် အလေးချိန် (Ar)35.45[1] (35.446–35.457)[2]
အီလက်ထရွန် ပြုပြင်မှု[Ne] 3s2 3p5
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 7
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အငွေ့
အရည်ပျော်မှတ်171.6 K (−101.5 °C, −150.7 °F)
အရည်ဆူမှတ်239.11 K (−34.04 °C, −29.27 °F)
သိပ်သည်းမှု (သုည °C)3.2 g/L
(အရည်ဆူမှတ်)1.5625 g/cm3[3]
Critical point416.9 K, 7.991 MPa
ဖျူးရှင်းအပူ(Cl2) 6.406 kJ/mol
အငွေ့ပျံခြင်း အပူ(Cl2) 20.41 kJ/mol
မိုလာ အပူအင်အား(Cl2)
33.949 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 128 139 153 170 197 239
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ7, 6, 5, 4, 3, 2, 1, −1 (a strongly acidic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 3.16
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 1251.2 kJ/mol
2nd: 2298 kJ/mol
3rd: 3822 kJ/mol
(more)
ကိုဗေးလန့်အချင်းဝက်102±4 pm
ဗန်ဒါဝေါ့စ် အချင်းဝက်175 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ orthorhombic
အသံ၏အမြန်နှုန်း206 m/s (gas, at 0 °C)
အပူစီးကူးမှု8.9×10 W/(m·K)
လျှပ်စစ် ခုခံမှု>10 Ω·m (at 20 °C)
သံလိုက်ဓာတ်diamagnetic[4]
သံလိုက် ထိတွေ့နိုင်မှု (χmol)40.5·10−6 cm3/mol[5]
CAS Number7782-50-5
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းCarl Wilhelm Scheele (1774)
Recognized as an element byHumphry Davy (1808)
Most stable isotopes of ကလိုရင်း
iso NA သက်တမ်းဝက် DM DE (MeV) DP
35Cl 76% is stable with 18 neutrons
36Cl trace 3.01×105 y β 0.709 36Ar
ε 36S
37Cl 24% is stable with 20 neutrons

ကလိုရင်းကို ဓာတ်ငွေ့သန့်သန့်အဖြစ်ဖြင့် သဘာဝအလျောက် မတွေ့ရချေ။ ဒြပ်ပေါင်းအနေနှင့်သာ အတွေ့ရများသည်။ အထူးသဖြင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မက်ဂနိဇီယမ်တို့နှင့် ပေါင်းစပ်လျက် တွေ့ရသည်။ ကလိုရင်း သက်သက်သည် အဆိပ်ဖြစ်သော်လည်း၊ ဆိုဒီယမ်နှင့်ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည့် ဆိုဒီယမ်ကလိုရိုက် ဒြပ်ပေါင်းမှာ ကျွန်ုပ်တို့ နေ့စဉ် သုံးစွဲလျက်ရှိသော ဟင်းခတ်ဆားပင်ဖြစ်၏။ကလိုရင်းဓာတ်ငွေ့သန့်သန့်ကို လျှပ်စစ်ဖြင့် ဓာတ်ခွဲနည်းဖြင့် ရရှိနိုင်သည်။ ဟင်းခတ်ဆား ဖျော်ရည်ထဲတွင် လျှပ်စစ်လွှတ်၍ ဓာတ်ခွဲလိုက်သောအခါ ကလိုရင်းဓာတ်ငွေ့သည် ဓာတ်ဖိုတိုင်မှ ထွက်လာ၏။ ကလိုရင်း ဓာတ်ငွေ့ကို ဖိအား ကောင်းကောင်းဖြင့်ဖိ၍ ကလိုရင်းအရည်အဖြစ်သို့ ပြောင်းသွားစေပြီးလျှင် သံမဏိစည်ကြီး များတွင်ထည့်၍ အကြီးအကျယ် ရောင်းဝယ် ကြသည်။ ထိုကလိုရင်းအရည်ကို မြို့ကြီးပြကြီးများ၌ သောက်ရေအဖြစ် အသုံးပြုသော ရေများတွင် ရောဂါပိုးများသေ၍ သန့်ရှင်းစေရန် အနည်းငယ် ခတ်ပေးရသည်။

ကလိုရင်းသည် အခြားဓာတ်ငွေ့များ၊ သတ္တုများနှင့် ပေါင်းစပ်ရာ၌ အလွန်ထက်မြက်၏။ ဟိုက်ဒရိုဂျင်နှင့် တိုက်ရိုက်ပေါင်းစပ်သောအခါ ဟိုက်ဒရိုဂျင်ကလိုရိုက်ခေါ် ဟိုက်ဒရိုကလောရစ်အက်ဆစ်ကို ရ၍၊ ဤအက်ဆစ်မှာ စက်မှုလက်မှုလုပ်ငန်းတွင်၎င်း၊ ကိုယ်တွင်းအစာချေမှု တွင်၎င်း၊ အလွန်အရေးကြီး အသုံးဝင်သည်။ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မန်ဂနိစသော သတ္တုများနှင့် ပေါင်းစပ်သောအခါ ဆိုဒီယမ်ကလိုရိုက်၊ ပိုတက်ဆီယမ်ကလိုရိုက်၊ မန်ဂနိကလိုရိုက်စသော ကလိုရိုက် အသီးသီးကို ရသည်။

အသုံးပြုခြင်း

ကလိုရင်း၌ ဝတ္ထုပစ္စည်းများမှာ အရောင်အမျိုးမျိုးကို ချွတ်ပစ်နိုင်သော သတ္တိလည်းရှိသည်။ ခြောက်သွေ့သော ကလိုရင်းဓာတ်ငွေ့ ထည့်ထားသည့်ဖန်ဗူးထဲသို့ ခြောက်သွေ့သော သစ်ရွက်စိမ်းတစ်ရွက်ကိုဖြစ်စေ၊ ခြောက်သွေ့သောပန်းနီဖြစ်စေ၊ ခြောက်သွေ့သော အဝတ်အနီကိုဖြစ်စေ၊ ထည့်လိုက်သောအခါ အရောင် ပျက်သွားသည်ကို မတွေ့ရချေ။ သို့သော် ဖန်ဗူးထဲရှိ ပစ္စည်းများ စိုစွတ်သွားအောင် ရေအနည်းငယ် ထည့်ပေးလိုက်သည့်နှင့် တစ်ပြိုင်နက်၊ ထိုပစ္စည်းတို့၏ အနီရောင် အစိမ်းရောင် တို့သည် ပျောက်ကွယ်၍ ဖြူသွားကြတော့၏။ အရောင်ဖြူသွားရခြင်း၏ အကြောင်းမှာ ကလိုရင်းသည် ထည့်လိုက်သော ရေထဲမှ ဟိုက်ဒရိုဂျင်နှင့် ပေါင်းစပ်သွားပြီးသော် အောက်စီဂျင်ကို ထီးတည်းကျန်နေစေသည်။ ထိုအောက်စီဂျင်က အရောင်ကို ပျက်အောင်ပြုသဖြင့် အရောင်များ ဖြူသွားရခြင်း ဖြစ်၏။ ထိုကြောင့် ကလိုရင်းကို အရောင် ချွတ်ဆေးများ ဖေါ်စပ်ရာ၌ များစွာ အသုံးပြုကြသည်။ကလိုရင်း (Cl)သည် စက္ကူများ ထုတ်လုပ်ရာတွင် သစ်သားပျော့ဖတ်များကပ်ပါ မနေအောင် (သန့်စင်နေအောင်) ချွတ်ဆေးအနေဖြင့် ပါဝင်နေသကဲ့သို့ သုံးပြီးသား စက္ကူများများကို မင်များဖယ်ရှားပြီး အသစ်ပြန်လည်အသုံးပြုနိုင်ရန်အတွက် ထုတ်လုပ်သော စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုသည်။ဟိုက်ဒရိုဂျင်ရရန်အတွက် ကလိုရင်း (Cl)ကို အစားထိုးအသုံးပြုသည့်အခါ ဩဂဲနစ်ဒြပ်ပေါင်းများတွင် လိုချင်သော ဂုဏ်သတ္တိများရရန် ၎င်းက ပေးစွမ်းဆောင် ရွက်နိုင်သဖြင့် အသုံးပြုကြသည်။ ထို့ကြောင့် ကလိုရင်း (Cl)ကို ဩဂဲနစ်ဓာတုဗေဒတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်၊၊ (အထူးသဖြင့်- ကလိုရိုဒ်(Chlorates)၊မေ့ဆေး( ကလိုရိုဖော) (Chloroform)၊ ကာဗွန်တြာကလိုရိုက်(Carbon tetrachloride) နှင့် ဘရိုမင်း(Bromine) ထုတ်ဖော်ရာတွင် အသုံးပြုသည်။)

အခန်းအပူချိန်၌ ဖိအား ၈ ဘားအောက်တွင် အရည်အဖြစ်ပြောင်းသွားခဲ့ပုံဖြစ်သည်။အရည်၏ ဒေါင်လိုက်အရွယ်အစားမှာ ca. 0.3×3 cmဖြစ်ပါသည်။


ကလိုရင်း (Cl) သည် ဓာတ်ပြုအားကောင်းသော ဓာတ်ငွေ့ဖြစ်သည်။ သဘာဝအားဖြင့် တွေ့ရသော ဒြပ်စင်လည်း ဖြစ်သည်။ အီသိုင်လင်း ဒိုင်ကလိုရိုက် (ethylene dichloride) နှင့် အခြားသော ကလိုရင်းဆက်စပ် ပျော်ရည်များ၊ ပိုလီဗင်နိုင်းလိ ကလိုရိုက်(Polyvinyl chloride (PVC))များ၊ ကလိုရိုဖရူလိုကာဗွန်(Chlorofluorocarbonds)နှင့် ပလိုပိုင်လင်း အောက်ဆိုဒ် (Prpylene oxide) များတွင် ကလိုရင်း (Cl) ကို အများဆုံးအသုံးပြုကြသည်။ စက္ကူများချွတ်ရန် စက္ကူကုမ္ဗဏီများတွင် ကလိုရင်း (Cl) ကို အသုံးပြုသည်။ ရေနှင့် ညစ်ညမ်းရေများသန့်စင်သည့် စက်ရုံများတွင် ရောဂါပိုးများ နှင့်တခြားသော ညစ်ညမ်းစေသော အရာများ ကင်းစင်သန့်ရှင်းသော ရေအဆင့်ရရန်အတွက် ကလိုရင်း (Cl) ကို အသုံးပြုကြသည်။

ကလိုရင်းသည် ဆိုးဆေး၊ မီးသတ်ဆေးရည်နှင့် ကလိုရိုဖေါင်း(ခေါ်)မေ့ဆေးများဖေါ်စပ်ရာ၌လည်း များစွာ အသုံးဝင်ပေ သည်။ စက္ကူထုတ်လုပ်ငန်းများ၊ ပိုးသတ်ဆေး(အနာရောဂါပိုး)၊ဆိုးဆေးများ၊အစားအစာ၊အင်းဆက်ပိုးမွှားသတ်ဆေး၊အိမ်သုတ်ဆေး (ပန်းချီဆေး၊ သင်္ဘော သုတ်ဆေး)၊ ပလပ်စတက်များ၊ ဆေးဝါးများ၊ ချည်မျှင်နှင့် အထည် လုပ်ငန်းများ၊ နှင့်တခြားသော စားသောက်ကုန်-လူသုံးကုန်များထုတ်လုပ်ရာတွင်အသုံးပြုကြသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

လေ -ရေ- မြေ တွင်ပါဝင်နေသော ကလိုရင်း (Cl) များသည် အလုပ်ခွင်နှင့် ပတ်ဝန်းကျင်များတွင် ဆိုးကျိုးများဖြစ်ပေါ်နိုင်သည်။ ကလိုရင်း (Cl) သည်ရှူရှိုက်လိုက်သော လေမှ လည်းကောင်း၊ စားသောက်လိုက်သောအစာနှင့် ရေမှ လည်းကောင်း ခန္ဒာကိုယ်အတွင်း ပိုင်းသို့ဝင်ရောက်လာနိုင်သည်။ သို့သော် ၎င်း၏ဓာတ်ပြမှုစွမ်းများကြောင့် ခန္ဒာကိုယ် အတွင်းပိုင်းတွင် ကျန်နေနိုင်ခြင်းမရှိပါ။

လူသားတို့၏ ကျန်းမာရေးအပေါ် ကလိုရင်း (Cl) အကျိုးသက်ရောက်မှုများမှာ – ကလိုရင်း (Cl)ပမာဏ ဘယ်လောက် များများပါရှိမှု၊ ဘေးဖြစ်မှုအချိန်နှင့် အကြိမ်အရေအတွက် အပေါ်မှာမူတည်ပေသည်။ထို့ အပြင် လူ၏ကျမ္မာရေး နှင့် ဘေးသက်နေသော ပတ်ဝန်းကျင် အခြေအနေပေါ်မှာလည်း တည်မှီးနေသည်။

ကလိုရင်း (Cl)ပမာဏ အနည်းငယ်ကိုရှူမိပါက အချိန်အတိုအတွင်း အသက်ရှူမှု စနစ် တစ်ခုလုံးကို အကျိုးယုတ်ဘေးသင့်စေနိုင်သည်။

ကလိုရင်းအရည်အား ဓာတ်ခွဲထုတ်နေပုံ

ချောင်းဆိုး ရင်ကြပ်ခြင်းနှင့် အဆုတ်ကိုပါ ဆိုးကျိုး ဖြစ်စေသည်။ အရေပြား၊ မျက်လုံးနှင့် အသက်ရှူမှုစနစ်ကို လည်း ဆိုးကျိုးဖြစ်စေသည်။ ထိသို့သော အကျိုးသက်ရောက်မှုများမှာ သာမန်အားဖြင့် ပတ်ဝန်းကျင်တွင်တွေ့ရှိရသည်မှာ အလွန်နည်းသည်။ နေဒဏ်ထိတွေ့မှုများသောကြောင့် ဆံပင်များပိုပြီးမာကျောကျွတ်ဆတ် ပျက်စီး လွယ်စေသည်သာမက (အထူးသဖြင့်ဆံပင်များကို အရောင်ဆိုးထားသောသူတွေမှာပိုမိုပျက်စီးကာ နှစ်ခွကွဲစေသည်ဟု နယူးယောက်ဆေးပညာစင်တာက အလှအပရေးရာဆိုင်ရာ ခွဲစိတ်ဆရာဝန် ကဆိုထားသည်။)ကလိုရင်း (Chlorine) ပါဝင်သော ဆံပင်ဆိုးဆေးများသုံးထားသည့်အခါ နေရောင် ဒဏ်က အဲဒီဆံပင်တွေကို အရောင်မွဲခြောက်နှစ်ခွကွဲတာ ပိုဖြစ်စေသည်။ ထို့ကြောင့် ဆံပင်ဆေး ဆိုးထားသူများအနေဖြင့် အသုံးပြုမယ့်ဆံပင်အလှကုန်တွေထဲမှာ UV ကာကွယ်မှုပါ မပါကြည့်ဖို့ လိုအပ်သည်သာမက အပြင်နေရောင်ထဲသွားတဲ့အချိန်တိုင်း ကောင်းဘွိုင်ဦးထုပ်ကဲ့သို့ ရှာထိုး အပြည့်ပါသော ဦးထုပ်မျိုးဝတ်ဆင်ဖို့လိုအပ်ပေသည်။ နွေရာသီတွင် ဆံပင်ကိုထိန်းသိမ်း ကာကွယ်ရေးအတွက် UV ဒဏ်ကာကွယ်တဲ့ရှမ်ပူ၊ အားဖြည့်ဆေး (Conditioner) နှင့် စပရေးများ ကိုသုံးပေးဖိုလိုအပ်ပေသည်။ ကလိုရင်း (Chlorine) ဖြန်းထားသော ရေကူးကန်များတွင် ရေကူး ရာတွင်လည်း ခုခံကာကွယ်နိုင်သည့် အဝတ်စုံများကို ဝတ်ဆင်ခြင်းဖြင့် ကလိုရင်း၏ အကျိုးသက် ရောက်မှုကို တွန်းလှန်ကာကွယ်နိုင်သည်။

ပတ်ဝန်းကျင်သို့ အကျိုးသက်ရောက်မှုများ

ကလိုရင်း (Cl) သည် ရေနှင့်ရောသည့်အခါ ရေတွင်ပျော်ဝင်သည်။ ရေမှတဆင့် လေထဲသို့ အငွေ့ပျံနိုင်သော အခြေအနေသို့ကူးပြောင်းနိုင်သည်။ ကလိုရင်း (Cl)ကို ပတ်ဝန်းကျင်သို့ တိုက်ရိုက် ထုတ်ပေးနေမှုအများဆုံးမှာ ရေနှင့်လေ ပင်ဖြစ်သည်။ ထိုအခြေအနေများတွင် ကလိုရင်း (Cl)သည် တခြားသော ဓာတုဆိုင်ရာများနှင့် ဓာတ်ပြုမှုဖြစ်ပေါ်သည်။ ၎င်းသည် ရေထဲရှိ အင်အော်ဂဲနစ် ပစ္စည်းများနှင့် ပေါင်းစပ်ပြီး ကလိုရိုက် ဆားများ ရရှိနိုင်သကဲ့သို့ အော်ဂဲနစ် ပစ္စည်းများ နှင့်ပေါင်းစပ်သည့်အခါ ကလိုရင်းပါဝင်သော အော်ဂဲနစ် ဓာတုဒြပ်ပေါင်းများ ဖြစ်စေနိုင်သည်။ ၎င်း၏ ဓာတ်ပြုမှု အားကောင်းမှုကြောင့် မြေကြီးထဲတွင် ရွေ့လျားမှုမရှိနိုင်သကဲ့သို့ မြေအောက်ရေများတွင်လည်း ဝင်ရောက် နေရာ ယူမှုမှာလည်း မရှိပေ။ အပင်နှင့် သတ္တဝါများမှာလည်း ကလိုရင်း သိုလှောင်နိုင်မှုမရှိပေ။ သို့သော်လည်း ဓာတ်ခွဲခန်း လေ့လာမှုများတွင် လေထုထဲရှိ ကလိုရင်းသည် ခုခံအားစနစ်၊ သွေး၊ နှလုံး နှင့် အသက်ရှူမှု စနစ်တစ်ခုလုံးကို ဘေးသင့်စေနိုင်ကြောင်း အထပ်ထပ်ပြဆိုလျက် ရှိပေသည်။ အလွန်နိမ့်သော အဆင့်တွင်ပင် ကလိုရင်းသည် ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသည်။ အထူးသဖြင့် ကလိုရင်းသည် ရေ နှင့် မြေရှိ သက်ရှိအဖွဲ့အစည်း (living organisms) ကို ဆိုးကျိုး များစွာပေးနိုင်သည်။

ကိုးကား

  1. Conventional Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  3. Chlorine, Gas Encyclopaedia, Air Liquide
  4. Magnetic susceptibility of the elements and inorganic compounds, in Lide, D. R., ed. (2005)။ CRC Handbook of Chemistry and Physics (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  5. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.