ကျေးကုလားမ
ကျေးကုလားမကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရသည်။ ကုလားမကြက်တူရွေး၊ ကုလားမကျေးဟုလည်း ခေါ်သည်။ [1] မြန်မာနိုင်ငံရှိ ကြက်တူရွေးများတွင် အသံအကျယ်ဆုံး အော်နိုင်သောအမျိုးဖြစ်၏။[2] ဦးခေါင်းမွဲခြောက်ပြီး အထီးရောအမပါ နုတ်ခမ်းမွေးပါပြီး အရွယ်ရောက်အထီးက အပေါ်နုတ်ခမ်း ပန်းရောင်ဖြစ်သည်။ အသံအကျယ်ဆုံး အော်နိုင်သော အမျိုးဖြစ်သည်။
ကျေးကုလားမ
Red-Breasted Parakeet | |
---|---|
![]() | |
Female (left) and male (right) | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ | |
![]() Least Concern (IUCN 3.1) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Psittaciformes |
မျိုးရင်း: | Psittacidae |
မျိုးစု: | Psittacula |
မျိုးစိတ်: | P. alexandri |
ဒွိနာမ | |
Psittacula alexandri (Linnaeus, 1758) | |
ကျေးကုလားမ၏ရင်အုပ်မှာ အနီရောင် ဖြစ်၏။ ထို့ကြောင့် ကျေးကုလားမကို အင်္ဂလိပ်ဘာသာဖြင့် “အနီရောင်ရင်အုပ်ရှိသော အိန္ဒိယကြက်တူရွေး”ဟု ခေါ်ခြင်း ဖြစ်သည်။ ကျေးကုလားမဆိုသည်မှာ ၎င်း ကြက်တူရွေးမျိုးကို ခေါ်ခြင်း ဖြစ်သည်။ ကြက်တူရွေးအမကိုသာ ကျေးကုလားမဟု ခေါ်ခြင်းမဟုတ်ဘဲ ၎င်းကြက်တူ ရွေးမျိုး အဖိုရော အမကိုပါ ကျေးကုလားမဟု ခေါ်ခြင်း ဖြစ်လေသည်။[3] ငှက်မဦးခေါင်းသည် မွဲခြောက်၍ အပြာရောင်သော်လည်းကောင်း၊ အစိမ်းရောင်သော်လည်းကောင်း၊ ရောလျက်ရှိသည်။ ရင်အုပ်မှာ အနီရင့်ရောင် ပေါက်နေသည်။ ငှက်ကလေးများတွင် တစ်ကိုယ်လုံး စိမ်း၍ အညိုရောင်များလည်း ရောနှောနေတတ်သည်။ [4]အဖိုသည် အမထက် အနည်းငယ် ပိုထွားသည်။
အထီးအမခွဲခြားခြင်း
အထီးများသည်နှုတ်သီးနီ၍ အမများသည် နှုတ်သီးမဲကြသည်။
ပုံများ
- Male at Jerusalem Biblical Zoo
- Female in Assam, India
- Male
- Juvenile male
- Male
ကိုးကား
- မောင်ဝင်းနိုင်၏ တိရစ္ဆာန်ဥယျာဉ်နှင့် တိရစ္ဆာန်များစာအုပ်
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
- မောင်ဝင်းနိုင်၏ တိရစ္ဆာန်ဥယျာဉ်နှင့် တိရစ္ဆာန်များစာအုပ်
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)