ကျေးကျုတ်
ကျေးကျုတ်ကို အရှေ့တိုင်းတွင် တွေ့ရ၏။ မြန်မာနိုင်ငံတွင် ကျေးကျုတ်ကို အပူပိုင်းဒေသများနှင့် ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တွေ့ရ၏။[2] ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း တို့တစ်လျောက်တွင် ပျံ့နှံ့စွာနေသည်။သို့ရာတွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တနင်္သာရီတိုင်းတွင် ရှိဟန်မတူချေ။
ကျေးကျုတ်
Rose-ringed parakeet Or Indian Ringneck Parakeet | |
---|---|
Male on right below female | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Psittaciformes |
မျိုးရင်း: | Psittacidae |
မျိုးဇာတ်: | Psittaculini |
မျိုးစု: | Psittacula |
မျိုးစိတ်: | P. krameri |
ဒွိနာမ | |
Psittacula krameri (Scopoli, 1769) | |
Original (wild) range |
ကျေးကျုတ်သည် အလျား ၁၆ ၁/၂ လက်မခန့် ရှိ၍ တစ်ကိုယ်လုံးတွင် အပြာနုရောင် လွမ်းနေသည်။ ကျေးကျုတ်အဖိုကလေးများတွင် ၃ ခါလည်ကျမှ နှင်းဆီရောင်လည်ရစ်နှင့် အမဲရစ်တို့တွေ့ရ၍ ငှက်မများ၌ မထင်ရှားသော အစိမ်းရစ်ကို တွေ့ရသည်။ Mutation လို့ခေါ်တဲ့ ရောင်စုံ ကမ္ဘာ့ဈေးကွက်မှာ ရှိနေပြီ။ မြန်မာပြည်မှာတော့ သဘာဝအစိမ်းရောင်ပဲ ရသေးတယ်။ ဒါတောင် အမည်အလွဲတွေ ခေါ်ဝေါ်ရောင်းနေလို့ မြန်မာတွေ ဘယ်လောက် နောက်ကျသလဲ သက်သေပြနိုင်တဲ့ အမျိုးဖြစ်ပါတယ်။ အမည်အမှားများကတော့ ကျေးတမာ ၊ ကြက်တူရွေး ခေါင်းစိမ်း ၊ ကျေးစေတမန် အိုစုံလို့ပဲ။ သူကတော့ ပိုပြီးလူယဉ်တယ်။ [3]
ကိုးကား
- Psittacula krameri။ IUCN Red List of Threatened Species. Version 2013.2။ International Union for Conservation of Nature (2012)။ 26 November 2013 တွင် ပြန်စစ်ပြီး။
- မောင်ဝင်းနိုင်၏ တိရစ္ဆာန်ဥယျာဉ်နှင့် တိရစ္ဆာန်များစာအုပ်
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)