ကြယ်ပုဝါ

ကြယ်ပုဝါ (အမျိုးအစား:G-V) သည် ပင်မ အစီအစဉ် အတွင်းရှိကြယ်အမျိုးအစားတစ်ခုဖြစ်သည်။ တောက်ပမှုသည် အဆင့် V စတီလာအမျိုးအစားမှာ G ရှိသောကြောင့် တခါတရံ G-V အမျိုးအစားဟု သုံးနှုန်းသည်။ ယင်းကြယ်မျိုးသည် နေထုထည် ၀.၈ မှ ၁.၂ အရွယ်အစားရှိပြီး မျက်နှာပြင်အပူချိန်မှာ ၃၃၀၀ နှင့် ၆၀၀၀ ကေလ်ဗင်ကြားတွင် တည်ရှိသည်။[1] ယင်းကြယ်အမျိုးအစားများသည် ဟိုက်ဒရိုဂျင်အား ဟီလီယမ်အဖြစ်ပြောင်းလဲပေးပြီး နယူကလိယား ပေါင်းစပ်ခြင်းအား ဖြစ်ပေါ်စေသည်။[2] နေသည် နေအဖွဲ့အစည်းတွင် ဒြပ်ဆွဲအားဖြင့် လွှမ်းခြုံထားကာ မြင်သာသောအရွယ်အစားမှာ အကြီးမားဆုံးပင်ဖြစ်သည်။ နေသည် ကြယ်ပုဝါအတွက် အကောင်းဆုံး နမူနာတစ်ခုဖြစ်ပြီး အခြားသောကြယ်များမှာ အယ်လဖာ စင်တော့ရိအေ၊ တောင်း စင်သီ၊ ၅၁ ပီဂါဆီ တို့ဖြစ်ကြသည်။[3][4][5]

နေသည် ကြယ်ပုဝါအမျိုးအစားအတွက် ဥပမာတစ်ခုပင်ဖြစ်သည်။


ကြယ်ပုဝါဟု သုံးနှုန်းရခြင်းမှာ ပင်မအစီအစဉ်အတွင်းရှိကြယ်များထဲတွင် G အဆင့်ရှိကာ အနည်းငယ် အဝါရောင်သမ်းသောကြောင့် ဖြစ်သည်။[6] နေသည် အမှန်တကယ်မှာမူ အဖြူရောင်ဖြစ်သည်။ သို့သော် ကမ္ဘာလေထုကြောင့် အဝါရောင်အဖြစ် မြင်ရသည်။ နေကဲ့သော တောက်ပသောကြယ်ပုဝါများသည် နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ၉၀ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ အခြားသော ကြယ်ပုနီကြယ်ဖြူပုတို့မူ ပိုမိုမှေးမှိန်ကြလေသည်။ G-type ကြယ်တို့သည် ဟိုက်ဒရိုဂျင်လောင်စာအား နှစ်ပေါင်း ၁ဝ ဘီလီယံနီးပါးခန့် လောင်ကျွမ်းစေကာ သက်တမ်းအား ကုန်လွန်စေသည်။ ထို့သို့ပြီးပါက ဧရာမ ကြယ်နီအဖြစ် ပြောင်းလဲသွားပေမည်။[7] ယင်းကဲ့သို့ ဧရာမ ကြယ်နီကြီးမှ ဆက်လက်လောင်ကျွမ်းပြီးပါက ကြယ်ဖြူပုအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။


အခြားကြည့်ရန်


ကိုးကား

  1. Empirical bolometric corrections for the main-sequence, G. M. H. J. Habets and J. R. W. Heintze, Astronomy and Astrophysics Supplement 46 (November 1981), pp. 193–237.
  2. Stellar Evolution: Main Sequence to Giant Archived 13 May 2020 at the Wayback Machine., class notes, Astronomy 101, Valparaiso University, accessed on line June 19, 2007.
  3. Alpha Centauri A, SIMBAD query result. Accessed on line December 4, 2007.
  4. Tau Ceti, SIMBAD query result. Accessed on line December 4, 2007.
  5. 51 Pegasi, SIMBAD query result. Accessed on line December 4, 2007.
  6. What Color Are the Stars?, Mitchell N. Charity's webpage, accessed November 25, 2007
  7. SIMBAD, entry for Aldebaran, accessed on line June 19, 2007.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.