ကြေးဂဏန်း

ကြေးဂဏန်း ရေးသားနည်းဟူသည် ဒူးဂဏန်း ရေးသားနည်းနှင့် ဆင်ဆင်တူသည်။ ဒူးဂဏန်း ရေးသားနည်း နည်းစနစ်အတိုင်း ‘က၊ ခ၊ င၊ စ၊ ဆ၊ ည၊ တ၊ ထ၊ န၊ ပ၊ ဖ၊ မ၊ ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ အ’ အက္ခရာများကို ‘၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉’ ကိန်းဂဏန်းများဖြင့် ဖလှယ်ရေးသားမှု ပြုသည်။ ခြားနားချက်မှာ သက်ဆိုင်ရာ ကိန်းဂဏန်းများတွင် ‘လုံးကြီးတင် (–ိ) နှင့် ရှေ့ဆီး၊ ဝစ္စနှစ်လုံးပေါက် (–း) ထပ်၍ ထည့်သွင်းအသုံးပြု ရေးသားနည်းမျိုး ဖြစ်သည်။ ‘အ’ ဟူသော အက္ခရာကိုမူ ကျေးဂဏန်းဖြင့် ရေးရာတွင် ‘၁’ ဂဏန်းကို သုံးလုံးဆင့်၍ ရှေ့ဆီး (ဝစ္စနှစ်လုံးပေါက် –း) ထည့်သွင်း ရေးသားရ၏။ ထိုသို့သော နည်းစနစ် သတ်မှတ်ချက်ဖြင့် ကျေးဂဏန်း ရေးနည်းပြုမှုကို “ကျေးဂဏန်းမှာ ဧကာအစ၊ နဝမအဆုံး၊ ရေးနည်းထုံးလာ၊ စဉ်တိုင်းသာတည့်၊ မှတ်ရာကွန့်မြူး၊ ထူးသည့်အရေး ရှေ့ဝစ္စနှင့်၊ ပေါ်ကလုံးကြီး၊ တင်စီးမြဲမှတ်၊ တစ်ရပ် ‘ပ’ က၊ ‘ဟ’ အက္ခရာ၊ တိုင်အောင်သာလျှင်၊ သင်္ချာဧက၊ အာဒိစ၍ နဝသို့ရောက်၊ ဒွေးဖော်လှောက်၍၊ အံ့လောက်လုံးကြီး၊ ပေါ်ကစီးသည်၊ စဉ်တိုင်းစီးမှ၊ တစ်သီးဝစ္စ၊ ရေးနည်းပြ၍၊ ရေးပြအပ်ရာ၊ ‘အ’ မှာ ‘ဧက’၊ သုံးဆင့်ချ၍၊ ဝစ္စလုံးကြီး၊ ပေါ်ကစီးသည်၊ တစ်သီးမှတ်ရန်၊ မှတ်ခမ်းတည်း”

ဟူ၍ လမ်းညွှန်ဖွဲ့ဆိုခဲ့ကြသည်။ ယင်းကဗျာ ဖွဲ့ဆိုလမ်းညွှန်ချက်ကို ပုံပြဇယားဖြင့် ဖော်ပြလျှင်

|- |က||ခ||င||စ||ဆ||ည||တ||ထ||န|| |- | ၁ိး||၂ိး||၃ိး||၄ိး||၅ိး||၆ ိး||၇ိး||၈ိး||၉ိး|| |- | ပ||ဖ||မ||ယ||ရ||လ||ဝ||သ||ဟ||အ |- | ၁ိး||၂ိး||၃ိး||၄ိး||၅ိး||၆ ိး||၇ိး||၈ိး||၉ိး||၁ိး |- | ၁||၂||၃||၄||၅||၆||၇||၈||၉||၁ |- | ||||||||||||||||||၁ |}

ကိုးကား

ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား Archived 11 July 2011 at the Wayback Machine.

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.