ကွမ်းဆိပ်ရွာ၊ ရွှေကျင်မြို့နယ်

ကွမ်းဆိပ်ရွာ (အင်္ဂလိပ်: Kunseik)သည်ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ရွေကျင်မြို့နယ်တွင် တည်ရှိသောရွာကြီးတစ်ရွာဖြစ်ပါသည်။စစ်တောင်းမြစ်၏ ကမ်းပါးပေါ်တွင်တည်ရှိသော လှေဆိပ်ရွာကြီးလဲဖြစ်ပါသည်။ ရာဇ၀င်များရှိခဲ့သော သားပြချောင်းသည် ရွာ၏အလည်မှဖြတ်သန်း၍ စစ်တောင်းမြစ်အတွင်းသို့စီး၀င်ပါသည်။ ရွာ၏ပတ်လည်တွင် ပေါင်းလောင်းတောင်တန်းက ကာဆီးထားပါသည်။ ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ ရပ်ကွက်၆ခု ကျား (၂၄၉၈)ဦး မ(၂၅၃၇)ဦး ပေါင်း(၅၀၃၅)ဦးဖြစ်ပါသည်။

ကွမ်းဆိပ်
ရွာ
ကွမ်းဆိပ်ရွာ
ကွမ်းဆိပ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°41′03″N 96°54′21″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ရွှေကျင်မြို့နယ်
ကျေးရွာအုပ်စုကွမ်းဆိပ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကျေးရွာအုပ်စုလဲဖြစ်ပြီး ရွာတည်နေရာကုဒ်မှာ ၁၇၉၄၆၆ ဖြစ်ပါသည်။ မြို့နယ်အတွင်း အကြီးဆုံးရွာဖြစ်ပြီး မွန်ပြည်နယ်နှင့်ပဲခူးတိုင်းကိုဆက်သွယ်ထားသည့်လမ်းမကြီးပေါ်တွင်တည်ရှိပါသည်။ ရွာရှိလူဦးရေအများစုမှာ ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ပြီး ဟိန္ဒူဘာသာ နှင့် ခရစ်ယာန်ဘာသာကိုးကွယ်သူအနည်းငယ်ရှိပါသည်။ ဗမာလူမျိုးအများဆုံးနေထိုင်ပြီး ကရင်လူမျိုး မွန်လူမျိုး ရှမ်းလူမျိုး အနည်းငယ်နေထိုင်ပါသည်။ အဓိကစီးပွားရေးလုပ်ငန်းမှာ ရာဘာလုပ်ငန်း ဆန်စပါးစိုက်ပျိုးခြင်း လယ်ယာစိုက်ပျိုးခြင်း ကုန်စုံဆိုင်များ ၀ါးလုပ်ငန်း သစ်လုပ်ငန်း များလုပ်ကိုင်ပါသည် ။၁၆ကုတင်ဆန့်တိုက်နယ်ဆေးရုံ ၊နယ်မြေရဲစခန်း ၊စာသင်ကျောင်း ၃ကျောင်း ၊ ရွာ၏စည်ပင်စျေး၊ မီးသတ်ရုံး ၊ မဂ်လာခန်းမ ၊ ကားဂိတ်၊ လှေဆိပ် ၊ ရွာဘောလုံးကွင်း ၊ ကမ္ဘာ့ရတနာဘဏ်ခွဲ ၊ ကျေးလက်ကျန်းမာရေးဋ္ဌာန၊ ကုန်စုံဆိုင်ကြီးများရှိသောရွာကြီးဖြစ်ပါသည်။


ကိုးကား


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.