ဂလစ်ဆရင်း

ဂလစ်ဆရင်း (အင်္ဂလိပ်: Glycerol) /ˈɡlɪsərɒl/[4] သည် အရောင်ကင်း၍ အနံ့ မထင်ရှားသော အချိုရည်ခပ်ပျစ်ပျစ်ဖြစ်သည်။ ရေထက် လေး၍ ရေတွင် ကောင်းစွာပျော်သည်။ အဆီနှင့် ဆီစစ်စစ်မှန်သမျှတွင် ဂလစ်ဆရင်းပါသည်။ ဂလစ်ဆရင်းကို အလှဆီဟူ၍လည်း သိကြသည်။ သကြားမှ ကစော်ဖောက်ယူရသော အရက်များတွင် ဂလစ်ဆရင်း အနည်းအကျဉ်းပါ၏။ ဂလစ်ဆရင်းကို ဆပ်ပြာလုပ်ငန်း၌ ဘေးထွက်ပစ္စည်းအဖြစ်ဖြင့် အများအပြားရရှိသည်။ ဂလစ်ဆရင်းစစ်စစ်ကို ဂလစ်ဆရိုဟု ခေါ်ကြသည်။ ဓာတုဗေဒ အလိုအားဖြင့် ထရိုင်ဟိုက်ဒရစ်အယ်လကိုဟောဟု ခေါ်၍ ဓာတုသင်္ကေတမှာ ဟဂ္ဂ၃ ံ၅ (ဥံ)၃ ဒ္ဒ ဖြစ်၏။ အယ်လကိုဟောအစုတွင် ပါဝင်သော်လည်း ဂလစ်ဆရင်း၌ မူးယစ်စေတတ်သော သတ္တိအနည်းငယ်မျှ မရှိချေ။

Glycerol
Ball-and-stick model of glycerol
Space-filling model of glycerol
အမည်
en:Preferred IUPAC name
Propane-1,2,3-triol
အခြားအမည်များ
Glycerin
Glycerine
Propanetriol
1,2,3-Trihydroxypropane
1,2,3-Propanetriol
အမှတ်အသားများ
CAS Number
56-81-5 Y
ChEBI CHEBI:17522 Y
ChEMBL ChEMBL692 Y
ChemSpider 733 Y
IUPHAR/BPS
5195
Jmol 3D model Interactive image
KEGG D00028 Y
PubChem 753
UNII PDC6A3C0OX Y
ဂုဏ်သတ္တိများ
ဓာတုဗေဒ ဖော်မျူလာ
C3H8O3
Molar mass ၉၂.၀၉ g·mol−1
ရုပ်အဆင်း colorless liquid
hygroscopic
အနံ့ odorless
သိပ်သည်းမှု 1.261 g/cm3
အရည်ပျော်မှတ် ၁၇.၈ ဒီဂရီ စင်တီဂရိတ် (၆၄.၀ ဒီဂရီ ဖာရင်ဟိုက်; ၂၉၀.၉ ကယ်လ်ဗင်)
ရေဆူမှတ် ၂၉၀ ဒီဂရီ စင်တီဂရိတ် (၅၅၄ ဒီဂရီ ဖာရင်ဟိုက်; ၅၆၃ ကယ်လ်ဗင်)[1]
ရေထဲပျော်ဝင်မှု
miscible[2]
ရေငွေ့ ဖိအား 0.003 mmHg (50°C)[2]
Magnetic susceptibility (χ)
-57.06·10−6 cm3/mol
Refractive index (nD)
1.4746
ပျစ်စေးမှု 1.412 Pa·s[3]
ဆေးဝါးဗေဒ
ATC code
A06AG04 (WHO) A06AX01 (WHO), QA16QA03 (WHO)
အန္တရာယ်
Safety data sheet JT Baker
NFPA 704

0
0
0
 
Flash point ၁၆၀ ဒီဂရီ စင်တီဂရိတ် (၃၂၀ ဒီဂရီ ဖာရင်ဟိုက်; ၄၃၃ ကယ်လ်ဗင်) (closed cup)
၁၇၆ ဒီဂရီ စင်တီဂရိတ် (၃၄၉ ဒီဂရီ ဖာရင်ဟိုက်; ၄၄၉ ကယ်လ်ဗင်) (open cup)
US health exposure limits (NIOSH):
PEL (Permissible)
TWA 15 mg/m3 (total) TWA 5 mg/m3 (resp)[2]
REL (Recommended)
None established[2]
IDLH (Immediate danger)
N.D.[2]
Except where otherwise noted, data are given for materials in their standard state (at 25 °C [77 °F], 100 kPa).
Y verify (what is YN ?)
Infobox references

ဂလစ်ဆရင်းသည် ပစ္စည်းများစွာကို အရည်ပျော်စေနိုင်သည်။ အထူးသဖြင့် ထင်းရှူးစေးကဲ့သို့သော ပစ္စည်းမျိုးကို ကောင်းစွာ အရည်ပျော်စေနိုင်သည်။ အဝတ်၌စွဲသော ကော်ဖီလက်ဖက်ရည်အစွန်းအထင်းမျာကို ဂလစ်ဆရင်းနှင့် တိုက်ချွတ် ဆေးကြောလျှင် အစွန်းအထင်းပျောက်သည်။ ဂလစ်ဆရင်းကို နိုက်ထရိုဂလစ်ဆရင်းဒိုင်းနမိုက်စသော ပေါက်ကွဲစေတတ်သည့် ခဲယမ်းမီးကျောက်များပြုလုပ်ရာ၌ အသုံးများသည်။ ဆဲလိုဖိန်းနှင့် ပလပ်စတစ်ပစ္စည်းများ ပြုလုပ်ရာ၌လည်း သုံးသည်။

ဂလစ်ဆရင်းသည် မခြောက်သွေ့သောတတ်သော ပစ္စည်း တစ်မျိုးဖြစ်ခြင်းကြောင့် စီးကရက်နှင့် ဆေးတံသောက်ဆေးများတွင် ရောစွက်အသုံးပြုကြသည်။ ချို၍စေးသော သတ္တိရှိခြင်းကြောင့် ဆပ်ပြာ၊ အလှဆီစသော အလှကုန်များ၊ ဘယဆေးများ၊ သရေစာမုန့်များပြုလုပ်ရာတွင် ဂလစ်ဆရင်းကို အများ အစား အသုံးပြုကြသည်။ ဝမ်းနုတ်ဆေးအဖြစ်ဖြင့်လည်း သုံးကြသည်။[5]

ကိုးကား

  1. Lide, D. R., ed. (1994)။ CRC Handbook of Data on Organic Compounds (3rd ed.)။ Boca Raton, FL: CRC Press။ p. 4386။
  2. NIOSH Pocket Guide to Chemical Hazards #0302 National Institute for Occupational Safety and Health (NIOSH)။
  3. "Viscosity of Glycerol and Its Aqueous Solutions" (1951). Industrial & Engineering Chemistry 43 (9): 2117–2120. doi:10.1021/ie50501a040.
  4. Oxford dictionary: definition of glycerol (British & World English)
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.