ဂါဒိုလီနီယမ်

ဂါဒိုလီနီယမ် (Gadolinium) သည် ပျော့ပြောင်း တောက်ပပြီး ငွေရောင်ရှိသည့် ပုံသွင်းရလွယ်ကူသော သတ္တု တစ်ခုဖြစ်သည်။ ဓာတုဗေဒသင်္ကေတမှာ Gd ဖြစ်သည်။ Periodic Table ရှိ Lanthanide အုပ်စုတွင်ပါဝင်သည်။ ၎င်း သတ္တုသည် ခြောက်သွေ့သော လေထုထဲတွင် အောက်စီဂျင်နှင့် ဓာတ်ပြုခြင်း မဖြစ်နိုင်သော်လည်း စိုစွတ်သောလေထုထဲတွင် ဓာတ်ပြုနိုင်ပါသည်။ Gd သည် ရေနှင့် နှေးကွေးစွာ ဓာတ်ပြုနိုင်ပြီး အက်ဆစ်တွင် ပျော်ဝင်နိုင်ပါသည်။ ၎င်း သတ္တုသည် ၁၀၈၃ ကယ်လ်ဗင် အောက်တွင် လျှပ်စီးကူးမှု အလွန်ကောင်းမွန်ပါသည်။ အခန်းအပူချိန်တွင် အားကောင်းသော သံလိုက်ဓာတ် ရှိသည်။

ဂါဒိုလီနီယမ်,  64Gd
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတဂါဒိုလီနီယမ်, Gd
အသံထွက်/ˌɡædəˈlɪniəm/
GAD-ə-LIN-ee-əm
အဆင်းsilvery white
ဒြပ်စင်အလှည့်ကျဇယားရှိ ဂါဒိုလီနီယမ်


Gd

Cm
ယူရိုပီယမ်ဂါဒိုလီနီယမ်တာဘီယမ်
အက်တမ် အမှတ်စဉ် (Z)64
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  lanthanide
စံ အက်တောမစ် အလေးချိန် (±) (Ar)157.25(3)[1]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f7 5d1 6s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 25, 9, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1585 K (1312 °C, 2394 °F)
အရည်ဆူမှတ်3273 K (3000 °C, 5432 °F)
သိပ်သည်းမှု (အခန်းအပူချိန်)7.90 g/cm3
7.4 g/cm3
ဖျူးရှင်းအပူ10.05 kJ/mol
အငွေ့ပျံခြင်း အပူ301.3 kJ/mol
မိုလာ အပူအင်အား37.03 J/(mol·K)
ငွေ့ရည်ဖိအား (calculated)
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1836 2028 2267 2573 2976 3535
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ1, 2, 3 (a mildly base oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.20
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 593.4 kJ/mol
2nd: 1170 kJ/mol
3rd: 1990 kJ/mol
အက်တောမစ် အချင်းဝက်empirical: 180 pm
ကိုဗေးလန့်အချင်းဝက်196±6 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ hexagonal close-packed (hcp)
အသံ၏အမြန်နှုန်း 2680 m/s (at 20 °C)
အပူ ပြန့်ကားမှုα poly: 9.4 µm/(m·K) (at 100 °C)
အပူစီးကူးမှု10.6 W/(m·K)
လျှပ်စစ် ခုခံမှုα, poly: 1.310 µΩ·m
သံလိုက်ဓာတ်ferromagnetic-paramagnetic transition at 293.4 K
သံလိုက် ထိတွေ့နိုင်မှု (χmol)+755,000.0·10−6 cm3/mol (300.6 K)[2]
Young's modulusα form: 54.8 GPa
Shear modulusα form: 21.8 GPa
Bulk modulusα form: 37.9 GPa
ပိုင်ဆွန် အချိုးα form: 0.259
Vickers hardness510–950 MPa
CAS Number7440-54-2
သမိုင်းကြောင်း
အမည်တပ်ခြင်းafter the mineral Gadolinite]] (itself named after Johan Gadolin)
ရှာဖွေတွေ့ရှိမှုJean Charles Galissard de Marignac (1880)
ပထမဆုံး ခွဲထုတ်မှုLecoq de Boisbaudran (1886)
Most stable isotopes of ဂါဒိုလီနီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
148Gd syn 75 y α 3.271 144Sm
150Gd syn 1.8×106 y α 2.808 146Sm
152Gd 0.20% 1.08×1014 y α 2.205 148Sm
154Gd 2.18% is stable with 90 neutrons
155Gd 14.80% is stable with 91 neutrons
156Gd 20.47% is stable with 92 neutrons
157Gd 15.65% is stable with 93 neutrons
158Gd 24.84% is stable with 94 neutrons
160Gd 21.86% is stable with 96 neutrons

အသုံးပြုမှု

ဂါဒိုလီနီယမ် ကို နျူကလီးယား ဓာတ်ပေါင်းဖို များတွင် Control Rod နှင့် Power Plants အပိုင်းများတွင် အသုံးပြုသည်။ ၎င်းကို မိုက်ကရိုဝေ့ဖ် အသုံးပြုသော ကဏ္ဍများအတွက် အသုံးပြုသည်။ ၎င်း၏ ဒြပ်ပေါင်းများကို TV Tubes ရောင်စုံ ရုပ်မြင်သံကြားစက်များ တွင် မီးစုန်းဓာတ်အတွက် အသုံးပြုသည်။ Gd ကို သတ္တု သီးသန့်အနေဖြင့် အသုံးပြုမှု နည်းပါးသော်လည်း သတ္တုစပ် အဖြစ် သံလိုက်ပြုလုပ်ရာတွင် လည်းကောင်း၊ လျှပ်စစ်ပစ္စည်းများတွင်လည်းကောင်းအသုံးပြုသည်။ ဗီဒီယို ကူးစက်များတွင်လည်း Recrodin Heads အဖြစ်အသုံးပြုသည်။ စီဒီခွေများနှင့် ကွန်ပျူတာ မန်မိုရီ များပြုလုပ်ရာတွင်လည်း အသုံးပြုသည်။

၎င်းသည် အနုဇီဝဆေးပညာတွင် ပုံရိပ်ဖော်ခြင်းအတွက် လက်တွေ့အသုံးဝင်သည်။ ပုံတွင် ပုံမှန်ဦးနှောက်နှင့် စိတ်ကျရောဂါရှိသော သူတိုအကြား ကွဲပြားမှုကို အထူးပြုလေ့လာရန်အတွက် ပုံဖော် အသုံးပြုထားခြင်းဖြစ်သည်။

သဘာဝတွင်တည်ရှိပုံ

ဂါဒိုလီနီယမ်သည် ရှားပါးဒြပ်စင်များ ထဲတွင် ပိုမိုပေါများစွာ တည်ရှိသော ဒြပ်စင်တစ်ခုဖြစ်သည်။ သဘာဝတွင် လွတ်လပ်စွာ မတွေ့ရှိနိုင်သော်လည်း ရှားပါးသော သတ္တု အရင်းအမြစ် အမြောက်အများတွင် ပါဝင်ပါသည်။ အဓိက သတ္တုတွင်း နေရာများမှာ တရုတ်၊ အမေရိကန်၊ ဘရာဇီး၊ သီရိလင်္ကာ၊ အိန္ဒိယ နှင့် ဩစတြေးလျ တို့ဖြစ်သည်။ ထုတ်လုပ်ပြီး ပမာဏမှာ တန်ချိန် တစ်သန်း ခန့်ဖြစ်ပြီး ကမ္ဘာ့ ဂါဒိုလီနီယမ် ထုတ်လုပ်သန့်စင်မှုမှာ တစ်နှစ်လျှင် တန် ၄၀၀ ခန့်ရှိပါသည်။

အရိုးရှင်းဆုံးသော ဂါဒိုလီနီယမ်တစ်ခု

ကျန်းမာရေးသက်ရောက်မှု

ဂါဒိုလီနီယမ် သည် အခြားသော Lanthanides ဒြပ်စင်များ ကဲ့သို့ပင် မပြင်းထန်သော အဆိပ်အတောက် ဖြစ်စေပါသည်။ ဂါဒိုလီနီယမ် ဆားများသည် အသားအရေ နှင့် မျက်လုံးများကို နာကျင်ကျိန်းစပ် စေနိုင်ပြီး ကင်ဆာဆဲလ် ဖြစ်ဖို့ သံသယရှိစေပါသည်။ Gd ၏ အဆိပ် အတောက်ပမာဏကို အသေးစိတ် လေ့လာဆဲဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်သက်ရောက်မှု

ဂါဒိုလီနီယမ် (Gadolinium) သည် အပင်များနှင် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမှ မဖြစ်စေပါ။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.