ဂွမ်မော်

ဆွမ်လွတ်ဂွမ်မော် သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော်၏ ဦးစီးချုပ် ဖြစ်သည်။

ဂွမ်မော်
မွေးဖွား (1963-02-05) ၅ ဖေဖော်ဝါရီ၊ ၁၉၆၃
မြစ်ကြီးနားမြို့ကချင်ပြည်နယ်
သစ္စာခံနိုင်ငံကချင်လွတ်မြောက်ရေးတပ်မတော်
လက်နက်ကိုင်တပ်ကချင်လွတ်မြောက်ရေးတပ်မတော်
အမှုထမ်း ကာလ1987- present
ရာထူးဒုတိယ ဗိုလ်ချုပ်ကြီး
ကွပ်ကဲသည့် ဌာနစစ်ဦးစီးချုပ်၊ ကချင်လွတ်မြောက်ရေးတပ်မတော်
တိုက်ပွဲ/စစ်ပွဲများမြန်မာပြည်တွင်း ပဋိပက္ခ

အစောပိုင်းဘဝနှင့် ပညာရေး

KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးဆွမ်လွတ်ဂွမ်မော်ကို ၁၉၆၃ ဖေဖော်ဝါရီ ၅တွင် မြစ်ကြီးနား ဒူကထောင်တွင်မွေးဖွားခဲ့သည်။ မွေးချင်းငါးဦး အနက် အကြီးဆုံးဖြစ်သည်။ ဆယ်တန်း ကို မြစ်ကြီးနား အမှတ်(၁) အ​ခြေခံပညာအထက်တန်းကျောင်းမှ ၁၉၇၉ တွင် ဖြေဆိုအောင်မြင်ခဲ့သည်။ ထို့နောက် ၁၉၇၉ ဒီဇင်ဘာတွင် မြစ်ကြီးနားဒေသကောလိပ်တွင် ဆက်လက်သင်ကြားပြီး ၁၉၈၇တွင် မန္တလေးတက္ကသိုလ်မှ ရူပဗေဒ ပညာရပ်ဖြင့် (B.Sc) ရရှိခဲ့သည်။

စစ်မှုထမ်းခြင်း

ဘွဲ့ရပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် သို့ ၁၉၈၇ ခုနှစ်တွင် တပ်သားအဆင့်မှ စတင် ဝင်ရောက်ခဲ့သည်။(ထိုအချိန်တွင် KIA ဗိုလ်လောင်းသင်တန်းကျောင်း မရှိသေးပေ။) ထို့နောက် ၁၉၈၈တွင် ဒုတပ်ကြပ်၊ ၁၉၉၀တွင် တပ်ကြပ်ကြီး၊ ၁၉၉၁တွင်ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်၊ ၁၉၉၃ တွင် ဗိုလ်၊ ၂၀၀၁တွင် ဗိုလ်ကြီး၊ ၂၀၀၂တွင် ဗိုလ်မှူး အဆင့်ဆင့် တိုးမြှင့်ခံရသည်။ ယင်းနောက် ၂၀၀၃ မှ ၂၀၀၄ အထိ အမှတ်() တပ်မဟာမှူး နှင့် KIO တွဲဖက်အတွင်းရေးမှူး တာဝန်များ ခန့်အပ်ခံခဲ့ရသည်။ ထို့နောက် ၂၀၀၅တွင် ဒုဗိုလ်မှူးကြီး အဆင့်ဖြင့် မဟာဗျူးဟာဌာန ညွန်ကြားရေးမှူးတာဝန်ယူခဲ့ရသည်။ ဤသို့ စစ်မှုထမ်းဆောင်ရင်း စစ်စည်းကမ်းကောင်းမွန်မှု နှင့် အထက်မှ ပေးအပ်သော တာဝန်များကျေပွန်စွာ ထမ်းရွက်နိုင်ခဲ့သောကြောင့် ၂၀၀၆တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် KIO ဗဟိုကော်မတီဝင် ဖြစ်လာခဲ့သည်။ KIO ဗဟိုကော်မတီအဖြစ် ၃နှစ်ကြာ ထမ်းဆောင်ပြီးနောက် ၂၀၀၉ တွင် တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် KIA ဒုဦးစီးချုပ် အဆင့်သို့တိုးမြင့်ခံရသည်။ ၂၀၁၂တွင် ဗိုလ်ချုပ်အဆင့်ဖြင့် ဒုဦးစီးချုပ်တာဝန် ဆက်လက်ထမ်းဆောင်ခဲ့သည်။ ၂၀၁၉ တွင် ဒုဗိုလ်ချုပ်ကြီး အဆင့်ဖြင့် KIA ဦးစီးချုပ်တာဝန်ကို ယနေ့ထိတိုင် တာဝန်ယူနေသည်။

ကိုးကား

သူတို့တိုက်ခဲ့ရသော စစ်နှင့်သူတို့ရှာနေသောငြိမ်းချမ်းရေး (သန်းဝင်းလှိုင်)

Nmai Gam(ZHA)


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.