ကချင်လွတ်မြောက်ရေးတပ်မတော်

ကချင်လွတ်မြောက်ရေး တပ်မတော် (အင်္ဂလိပ်: Kachin Independence Army; ကချင်: ShangLawt Hpyen; အတိုကောက် KIA)သည် ကချင်လွတ်လပ်ရေးအဖွဲ့၊ တပ်မတော်(KIO)အဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ၁၉၆၁-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄-ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်
ပြည်တွင်းသောင်းကျန်းမှုသမိုင်းတွင် ပါဝင်
ကချင်လွတ်မြောက်ရေးတပ်မတော်၏ အလံတော်
လှုပ်ရှား၁၉၆၁ (၁၉၆၁)–လက်ရှိ
ခံယူချက်ကချင်အမျိုးသားရေး
ဖက်ဒရယ်ပြည်ထောင်စုစနစ်
ဦးဆောင်သူများဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ် ဂွမ်မော်
ဌာနချုပ်လိုင်ဇာမြို့ကချင်ပြည်နယ်
လှုပ်ရှားသည့် ဧရိယာကချင်ပြည်နယ်မြန်မာနိုင်ငံ
ယူနန်ပြည်နယ်တရုတ်နိုင်ငံ
အိန္ဒိယ အရှေ့မြောက်ပိုင်း
အင်အား၃၅၀၀၀၊ တပ်မဟာ ၁၀ခု ဖြင့်လှုပ်ရှား[1]
တစ်စိတ်တစ်ပိုင်းကချင်လွတ်လပ်ရေးတပ်မတော်
မဟာမိတ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

ရက္ခိုင့်တပ်တော်
ကရင် အမျိုးသား အစည်းအရုံး

ရှမ်းပြည်တပ်မတော်-တောင်ပိုင်း
ပြိုင်ဘက် မြန်မာနိုင်ငံ အစိုးရ

ပြည်ထောင်စု မြန်မာနိုင်ငံ (၂၀၁၁ အထိ)
ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ (၁၉၈၈ အထိ)

Union of Burma (၁၉၆၂ အထိ)
တိုက်ပွဲနှင့် စစ်ပွဲများပြည်တွင်းသောင်းကျန်းမှုသမိုင်း

အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၂၀၁၁-ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။ စစ်ဦးစီးချုပ်မှာ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ရက်တွင် ရှမ်းပြည်မြောက်ပိုင်း တွင် စတည်ဖွဲ့စည်းခဲ့ပြီး ဌာနချုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်း တွင်ထားရှိခဲ့သည်။ ပထမဆုံး KIA စစ်ဦးစီးချုပ်မှာ လထော်ဇော်ဆိုင်း ဖြစ်သည်။ ၁၉၇၀ အစောပိုင်း ကာလများ၌ KIAသည် ဗကပ၊ မဆလ များနှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ နောက်ပိုင်းတွင် ဗကပနှင့် မဟာမိတ်ဖွဲ့ပြီး တရုတ်ပြည် ကွန်မြူနစ်ထံမှ လက်နက်အကူအညီ ရယူကာ တပ်မတော်အား တိုက်ခိုက်ခဲ့ကြသည်။ ၁၉၉၄တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲပြီးနောက် ဒေသတွင်း ဖွံဖြိုးရေးများ၊ မူယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ဆင်ရေးများ ပြုလုပ်ခဲ့ကြသည်။ ၂၀၀၉ခုနှစ်တွင် အစိုးရ၏ လက်နက်ကိုင်များ နယ်ခြါးစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းခြင်းတွင် သဘောတူညီမှု မရခဲ့ပေ။ ထိုစဉ်မှ စစ်​ရေး တင်းမာမှုများ ရှိခဲ့ကြပြီး ၂၀၁၁တွင် ၁၇နှစ်ကြာ အပစ်ခတ်ရပ်စဲရေး မှာ ပျက်သုန်းခဲ့ပြီး ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။

တပ်ဖွဲ့ခွဲများ

KIA သည် တပ်မဟာ ၁၀ခုဖြင့် လှုပ်ရှားနေသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ တပ်မဟာ တစ်ခုတွင် စစ်သည်အင်အား ၁၂၀၀ အထက် ၁၈၀၀ အောက်ဖြစ်ပြီး တပ်ရင်းအင်အားမှာ ၂၅၀ အထက် ၄၀၀ အောက်ဖြစ်သည်။

တပ်မဟာများ

  • တပ်မဟာ ၁ ၏ လှုပ်ရှားနယ်မြေမှာ ပူတာအို
  • အမှတ် ၂ တပ်မဟာ ၏ လှုပ်ရှားနယ်မြေမှ တနိုင်းဒေသ
  • အမှတ် ၃ တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ဗန်မော်ခရိုင်
  • အမှတ်၄ တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ရှမ်မြောက် အနောက်ဘက်
  • အမှတ် ၅ တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ဝိုင်းမော် အနီးနှင့် ဌာနချုပ်အနီး
  • အမှတ် ၆ တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ​​မြောက် ရှ​မ်းမြောက်
  • အမှတ် ၇ တပ်မဟာ ၏ လှုပ်ရှာ​းနယ်မြေမှာ ပန်ဝါ ​​​ဖြစ်
  • အမှတ် ၈ တပ်မဟာ၏လှုပ်ရှားနယ်မြေမှာ မိုးကောင်း မိုးညင်း
  • အမှတ် ၉ တပ်မဟာ ၏ လှုပ်ရှားနယ်မြေမှာ ဖားကန့်
  • အမှတ် ၁၀ တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ရှေ့ ရှမ်းမြောက်

ကိုးကား

  1. AP, 4 May 2012, Myanmar state media report battles between government troops, Kachin rebels killed 31
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.