စကူးတန် (ကြယ်စုတန်း)

စကူးတန် သည် ကြယ်စုတန်းငယ်ဖြစ်ပြီး ၁၇ ရာစုနှစ်တွင် မိတ်ဆက်ခဲ့သည်။ လက်တင်ဘာသာဖြင့် ဒိုင်းဟု ဆိုလိုသည်။ စကူးတန်အား ၁၆၈၄ ခုနှစ်တွင် ပိုလန် နက္ခတ္တပညာရှင် Johannes Hevelius ဆိုသူမှ အမည်ပေးခဲ့သည်။[1] စကူးတန်၏ တောက်ပသောကြယ်ငါးစင်းမှာ Alpha Scuti, Beta Scuti, Delta Scuti, Epsilon Scuti နှင့် Eta Scuti တို့ဖြစ်ကြသည်။[2] ဆူပါကြယ်နီကြီးဖြစ်သော UY Scuti မှာ မိမိတို့သိရသည့် အကြီးဆုံးကြယ်များထဲတွင် ပါဝင်သည်။ ပိုင်အိုနီးယား ၁၁ အာကာသယာဉ်သည် စကူးတန်ကြယ်စုတန်းဆီသို့ ဦးတည်ကာ မောင်းနှင်နေသော်လည်း နောင်နှစ်ပေါင်း ထောင်ချီသည့်အထိ ယင်း၏ မည်သည့်ကြယ်အနီးအနားသို့ ချဉ်းကပ်လိမ့်မည်မဟုတ်ပေ။

Scutum
ကြယ်စုတန်း
Scutum ကြယ်စာရင်း
အတိုကောက်Sct
မူလScuti
အသံထွက်/ˈskjuːtəm/,
genitive /ˈskjuːt/
သင်္ကေတဒိုင်း
ညာဘက်တိမ်းစောင်းမှု18.7
နိမ့်ဆင်းမှု−10
ကြယ်စုတန်း မိသားစုဟာကျူးလီ
ဂယ်လက်တစ် ကွာဒရပ်SQ4
ဧရိယာ၁၀၉ sq. deg. (၈၄)
ပင်မကြယ်များ
Bayer/Flamsteed
ကြယ်များ
ပြင်ပဂြိုဟ်ပါဝင်သည့်ကြယ်များ
၃.၀၀m ထက်ပိုတောက်ပသည့်ကြယ်များ
၁၀.၀၀ pc (၃၂.၆၂ ly) အကွာမှကြယ်များ
အတောက်ပဆုံးကြယ်α Scuti (၃.၈၅m)
အနီးဆုံးကြယ်LHS 3398
(၄၁.၅၄ ly, ၁၂.၇၄ pc)
Messier objects
ဥက္ကာခဲများJune Scutids
အနီးအနား
ကြယ်စုတန်းများ
Aquila
Sagittarius
Serpens Cauda
လတ္တီကျု +၈၀° နှင့် −၉၀° ကြားတွင် မြင်နိုင်သည်
ည ၉ နာရီ၌ အကောင်းဆုံးမြင်ရသည့်လမှာ ဩဂုတ်ဖြစ်သည်။


ကိုးကား

  1. Star Tales ― Scutum by Ian Ridpath
  2. Wagman, M. (August 1987). "Flamsteed's Missing Stars". Journal for the History of Astronomy 18 (3): 212–213. Bibcode: 1987JHA....18..209W.

ရင်းမြစ်

  • Ian Ridpath and Wil Tirion (2007). Stars and Planets Guide, Collins, London. ISBN 978-0-00-725120-9. Princeton University Press, Princeton. ISBN 978-0-691-13556-4.

ပြင်ပလင့်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.