စစ်သင်္ဘော
ကမ္ဘာ့သမိုင်း တစ်လျှောက်တွင် စစ်သင်္ဘောအမျိုးအစား အမျိုးမျိုးကို တီထွင် အသုံးပြုခဲ့ ကြသော်လည်း အဓိကအားဖြင့် စစ်သင်္ဘောများ ၊ ရေငုပ်သင်္ဘောများနှင့် ထောက်ပံ့ရေး သင်္ဘောများဟူ၍ ခွဲခြားနိုင်သည်။
- စစ်သင်္ဘောများကို ထပ်မံ၍ အတန်းအစား ခွဲခြားလျှင် လေယာဉ်တင်သင်္ဘောများ ၊ ဖျက်သင်္ဘောများ ၊ တိုက်သင်္ဘောများ ၊ အစောင့်လိုက် သင်္ဘောများ ၊ အပေါ့စား တိုက်သင်္ဘောများ (Corvette) ၊ ကုန်းရေ နှစ်သွယ်သွား သင်္ဘောများ ဟူ၍ ထပ်မံ ခွဲခြားနိုင်သည်။
- ရေငုပ် သင်္ဘောများကို ဒုတိယ ကမ္ဘာစစ်အတွင်းက စတင် အသုံးပြုခဲ့ကြပြီး မိမိသူလျှိုများအား ရန်သူ့ နယ်မြေအတွင်းသို့ တိတ်တဆိတ် ပို့ဆောင်ရန်နှင့် ရန်သူ့ သင်္ဘောများကို တိုက်ခိုက်ရန်အတွက် အသုံးပြုခဲ့ကြသည်။
- ထောက်ပံ့ရေး သင်္ဘောများတွင် မိုင်းရှင်းသင်္ဘောများ ၊ ကင်းလှည့်သင်္ဘောများ ၊ ဆေးရုံသင်္ဘောများ ၊ လောင်စာတင်သင်္ဘောများ ပါဝင်ကြသည်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.