စူဠဝါ

စူဠဝါ (ပါဠိ: စူဠဝဂ္ဂ; Culavagga) သည် ထေရဝါဒဗုဒ္ဓဘာသာရှိ ဝိနည်းငါးကျမ်းထဲမှ စတုတ္ထမြောက်ကျမ်းစာဖြစ်သည်။[1] ဝိနည်းပိဋကတ်ကို သင်္ဂါယနာတင်သောပုံစံဖြင့် ဘိက္ခုဝိဘင်းဘိက္ခုနီဝိဘင်းမဟာဝဂ် ၊ စူဠဝဂ် ၊ ပရိဝါ ဟူ၍ ပိုင်းခြားပြီး ကျမ်းစာအနေဖြင့် ပါရာဇိကဏ်ပါစိတ်မဟာဝဂ် ၊ စူဠဝဂ် ၊ ပရိဝါ ဟူ၍ ပိုင်းခြားထားကြသည်။[2]

စူဠဝဂ္ဂပါဠိတော် (သို့) စူဠဝဂ်ပါဠိတော် (သို့) စူဠဝါကျမ်းစာတွင် သံဃကမ္မဟု သိရှိကြသော သံဃအဖွဲ့အစည်းနှင့်ပတ်သက်သော လုပ်ဆောင်ချက်များအတွက် ဝိနည်းဆိုင်ရာ စည်းမျဉ်းဥပဒေများကို ဖော်ပြထားလေသည်။[3] ဝဂ် (သို့) အပိုင်းအားဖြင့် ၁၂ ပိုင်းပါရှိသည်။[1] စူဠဝါကို စူဠဝါ ခန္ဓက (ငယ်သော၊ တိုသော သုတ်များပေါင်းစု၍ ဟောထားသောကျမ်း) ဟူလည်း ခေါ်ဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဝိနည်းမဟာဝါတွင် ခန္ဓက (၁၀) ပါးဖြင့် ဖွဲ့စည်း၍ စူဠဝါတွင် နောက်ထပ် ခန္ဓက (၁၂) ဖြင့် ဖွဲ့သည်းထားသောကြောင့် ဖြစ်၏ ။

သေးငယ်သော အဆုံးအမကျမ်းဖြစ်သည့် အားလျော်စွာ အထွေထွေစည်းကမ်းများစွာကို ဖော်ပြထားရာ သပိတ်မှောက်ခြင်း၊ သပိတ်လှန်ခြင်း၊ အာဂန္တုကကျင့်ဝတ်၊ ခရီးသွားရဟန်းကျင့်ဝတ်များပါသကဲ့သို့ အချို့သော အရေးကြီးသည့် ထုတ်ပြန်ထားသော စည်းမျဉ်းများကိုလည်း တွေ့ရှိရာ ဥပမာအနေဖြင့် အဓိကရုဏ်း၊ ပဋိပက္ခ၊ အချင်းများမှုဖြစ်စေသော ရဟန်းများ၊ ဘုရား၊ တရား၊ သံဃာကို ပုတ်ခတ်ပြောဆိုသော ရဟန်းများ ကို မည်သို့ဆောင်ရွက်အရေးယူရပုံ တဇ္ဇနိယကံနှင့်ပတ်သတ်သော တရားများ ၊ ဒေဝဒတ်အဇာတသတ်ပကာသနိယကံအကြောင်း စသည်များလည်း ပါဝင်သည်။ ထို့အပြင် မဟာပဇာပတိ ဂေါတမီတို့ ဘိက္ခုနီအဖြစ် ဝင်ရောက်ပုံများလည်း ဖော်ပြထားကာ နောက်ဆုံးနှစ်ပိုင်း၌ ဝေသာလီပြည်ရှိ ရဟန်းများ၊ အဓိကရုဏ်းနှင့် ရာဇဂြိုဟ်တွင် ကျင်းပသော ပထသံဃအစည်းအဝေး၊ ဝေသာလီတွင် ကျင်းပသော ပထသံဃအစည်းအဝေး အသေးစိတ်များ စသောအကြောင်းအရာများလည်း ထည့်သွင်းဖွဲ့စည်းထားသည်။[1][4]

ပါဝင်ဖွဲ့စည်းထားမှု

  1. ကမ္မက္ခန္ဓက
  2. ပရိဝါသိကက္ခန္ဓက
  3. သမုစ္စယက္ခန္ဓက
  4. သမထက္ခန္ဓက
  5. ခုဒ္ဒကဝတ္ထုက္ခန္ဓက
  6. သေနာသနက္ခန္ဓက
  7. သံဃဘေဒကက္ခန္ဓက
  8. ဝတ္ထက္ခန္ဓက
  9. ပါတိမောက္ခဋ္ဌပနက္ခန္ဓက
  10. ဘိက္ခုနီက္ခန္ဓက
  11. ပဉ္စသတိကက္ခန္ဓက
  12. သတ္တသတိကက္ခန္ဓက တို့ဖြစ်ကြသည်။[4]


ကိုးကား

  1. Ko Lay (1991)။ Myanmar Pitaka Association (ed.)။ Guide to Tipitaka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Kuala Lumpur, Malaysia: Sin Jayanti Buddhist Temple။
  2. ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့, ed. (၁၉၆၅)။ ပါဠိတော်မြန်မာကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ။ ရန်ကုန်မြို့: မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့။
  3. Cullavagga (selected texts)
  4. စူဠဝဂ်ပါဠိတော်မြန်မာပြန်။ ရန်ကုန်၊ ကမ္ဘာအေး: သာသနာရေးဦးစီးဌာန။ ၂၀၁၁။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.