ပါရာဇိကဏ်
ပါရာဇိကဏ် (ပါဠိ: ပါရာဇိက; အင်္ဂလိပ်: Parajika) သည် ထေရဝါဒဗုဒ္ဓဘာသာရှိ ဝိနည်းကျမ်း ငါးကျမ်းထဲမှ ပထမဆုံးကျမ်းဖြစ်သည်။[1] ဝိနည်းပိဋကတ်ကို သင်္ဂါယနာတင်သောပုံစံဖြင့် ဘိက္ခုဝိဘင်း ၊ ဘိက္ခုနီဝိဘင်း' ၊ မဟာဝဂ် ၊ စူဠဝဂ် ၊ ပရိဝါ ဟူ၍ ပိုင်းခြားပြီး ကျမ်းစာအနေဖြင့် ပါရာဇိကဏ် ၊ ပါစိတ် ၊ မဟာဝဂ် ၊ စူဠဝဂ် ၊ ပရိဝါ ဟူ၍ ပိုင်းခြားထားကြသည်။ ပါရာဇိကဏ်ကို ဘိက္ခုဝိဘင်းမှ ပါရာဇိက ၊ သံဃာဒိသေသ ၊ အနိယတ ၊ နိဿဂ္ဂိယ အပိုင်းများကို ထုတ်နှုတ်၍ ပါရာဇိကပါဠိတော် (သို့) ပါရာဇိကဏ် ဟူ၍ ကျမ်းအဖြစ် ဖွဲ့စည်းထားသည်။ ထို့ကြောင့် ဤကျမ်းတွင် ရဟန်းတို့ကျင့်သုံးလိုက်နာရသည့် (၂၂၇) သိက္ခာပုဒ်များထဲက အချို့အဝက်ပါရှိသည်။[2]
ဖွဲ့စည်းမှု
ပါရာဇိက (၄) ပါး
သံဃာဒိသိသ် (၁၃) ပါး
အနိယတ (၂) ပါး
နိဿဂ္ဂိယ (၃၀) ပါး
- ပထမကထိနသိက္ခာပုဒ်
- ဒုတိယကထိနသိက္ခာပုဒ်
- တတိယကထိနသိက္ခာပုဒ်
- ပုရာဏစီဝရသိက္ခာပုဒ်
- စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ်
- အညာတကဝိညတ္တိသိက္ခာပုဒ်
- တတုတ္တရိသိက္ခာပုဒ်
- ဥပက္ခဋသိက္ခာပုဒ်
- ဒုတိယ ဥပက္ခဋသိက္ခာပုဒ်
- ရာဇသိက္ခာပုဒ်
- ကောသိယသိက္ခာပုဒ်
- သုဒ္ဓကာဠကသိက္ခာပုဒ်
- ဒွေဘာဂသိက္ခာပုဒ်
- ဆဗ္ဗဿသိက္ခာပုဒ်
- နိသီဒနသန္တတသိက္ခာပုဒ်
- ဧဠကလောမသိက္ခာပုဒ်
- ဧဠကလောမဓောဝါပနသိက္ခာပုဒ်
- ရူပိယသိက္ခာပုဒ်
- ရူပိယသံဝေါဟာရသိက္ခာပုဒ်
- ကယဝိက္ကယသိက္ခာပုဒ်
- ပတ္တသိက္ခာပုဒ်
- ဦနပဉ္စဗန္ဓနသိက္ခာပုဒ်
- ဘေသဇ္ဇသိက္ခာပုဒ်
- ဝဿိကသာဋိကသိက္ခာပုဒ်၊ ပတ္တဝဂ်
- စီဝရအစ္ဆန္ဒိနသိက္ခာပုဒ်
- သုတ္တဝိညတ္တိသိက္ခာပုဒ်
- မဟာပေသကာရသိက္ခာပုဒ်
- အစ္စေကစီဝရသိက္ခာပုဒ်
- သာသင်္ကသိက္ခာပုဒ်
- ပရိဏတသိက္ခာပုဒ်
ကိုးကား
- Ko Lay (1991)။ Myanmar Pitaka Association (ed.)။ Guide to Tipitaka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Kuala Lumpur, Malaysia: Sin Jayanti Buddhist Temple။
- ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့, ed. (၁၉၆၅)။ ပါဠိတော်မြန်မာကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ။ ရန်ကုန်မြို့: မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.