ဝိဟာရကာရသိက္ခာပုဒ်
ဝိဟာရကာရသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သံဃာဒိသိသ်အာပတ်တစ်ခု ဖြစ်၏။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
မြတ်စွာဘုရားသည် ကောသမ္ဗီမြို့၊ ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူချိန် ဖြစ်၏။ အသျှင်ဆန္န၏ အလုပ်အကြွေးသူကြွယ်သည် ကျောင်းဆောက်လုပ်လှူဒါန်းမည့်အကြောင်း လျှောက်ထား၏။ ထိုအခါ အသျှင်ဆန္နသည် မြို့၊ ရွာနိဂုံးတို့ ပူဇော်အပ်သော နတ်ကွန်းသစ်ပင်ကို ဖြတ်စေ၏။ ထိုအခါ လူတို့သည် အဘယ်ကြောင့် ရဟန်းတို့သည် နတ်ကွန်းသစ်ပင်ကို ဖြတ်ဘိသနည်းဟု ကဲ့ရဲ့၏၊ အပြစ်တင် ပြောဆိုကြ၏။ ထိုစကားသည် အလိုနည်းသော ရဟန်းတို့ထံသို့ ရောက်ရှိသွား၏။
ထို့နောက် ရဟန်းတို့သည် မြတ်စွာဘုရားအား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် အသျှင်ဆန္နအား မေးမြန်းရာ ဟုတ်မှန်ကြောင်း ဖြေကြား၏။ မြတ်စွာဘုရားသည် အသျှင်ဆန္နအား ကဲ့ရဲ့တော်မူကာ အောက်ပါ သိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]
သိက္ခာပုဒ်
“(ဆောက်လုပ်သူ ဒါယကာ) အရှင်ရှိသော မိမိဟူသော ရည်ညွှန်းအပ်သော ပုဂ္ဂိုလ်ရှိသော ကြီးသောကျောင်းကို ဆောက်လုပ်စေလိုသော ရဟန်းသည် ရဟန်းတို့ကို ကျောင်းရာကို ကြားခြင်းငှါ ပင့်ဆောင်အပ်ကုန်၏။ ထိုရဟန်းတို့သည် ဘေးရန်မရှိသော လှည်းလှည့်လည်လောက်သော၊ ဥပစာရှိသော ကျောင်းရာကို ကြားအပ်၏။ ရဟန်းသည် ဘေးရန်ရှိသော၊ လှည်းလှည့်လည်လောက်သော ဥပစာမရှိသော ကျောင်းရာ၌ ကြီးသောကျောင်းကို ဆောက်လုပ်စေငြားအံ့၊ ရဟန်းတို့ကိုသော်လည်းကောင်း ကျောင်းရာကို ကြားခြင်းငှါ မပင့်ဆောင်ငြားအံ့ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏” ဤသို့ ပြကြန်ကုန်လော့ဟု မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။