အတ္တကာမပါရိစရိယသိက္ခာပုဒ်

အတ္တကာမပါရိစရိယသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ စောင့်ထိန်းလိုက်နာကြရန် ပညတ်တော်မူခဲ့သည် သံဃာဒိသိသ်အာပတ်တစ်ခု ဖြစ်၏။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်၏။ တစ်ခုသောနံနက်တွင် အသျှင်ဥဒါယီသည် သပိတ်ကို ယူဆောင်ကာ လင်သေဆုံးပြီးသော မိန်းမ၏ နေအိမ်သို့ ချဉ်းကပ်၍ ထိုင်နေ၏။ ထိုမိန်းမသည် အလွန်တရာ လှ၏၊ ရှုချင်ဖွယ် ဖြစ်၏။ ထိုအမျိုးသမီးသည် အသျှင်ဥဒါယီကို ရိုသေစွာရှိခိုးပြီးလျှင် “အသျှင်ဘုရား အလိုရှိရာကို အမိန့်ရှိတော်မူပါ။ တပည့်တော်သည် အသျှင်ဘုရားအား သင်္ကန်း၊ ကျောင်း၊ ဆေးအသုံးအဆောင်တို့ကို ထောက်ပံ့ပေးနိုင်ပါသည်” ဟု လျှောက်၏။ ထိုအခါ အသျှင်ဥဒါယီသည် ထိုအရာတို့သည် မိမိအတွက် မခဲယဉ်းပေ။ စွမ်းနိုင်ပါက ခဲယဉ်းသော အရာဝတ္ထုကို လှူပါဟု ဆို၏။ အမျိုးသမီးသည် မည်သည့်အရာနည်းဟု မေးမြန်းရာ အသျှင်ဥဒါယီက မေထုန်အမှု ဖြစ်ကြောင်းပြောပြ၏။

ထို့နောက် အမျိုးသမီးသည် “အသျှင်ဘုရား ကြွပါ” ဟု ဆိုကာ တိုက်ခန်းသို့ဝင်ကာ ထဘီကိုချွတ်၍ ညောင်စောင်း ‘ခုတင်’ ပေါ် ပက်လက် အိပ်၏။ ထိုအခါ အသျှင်ဥဒါယီသည် အမျိုးသမီးထံ ချဉ်းကပ်၍ “အဘယ်သူသည် ယုတ်မာဆိုးရွား မကောင်းသော အနံ့ရှိသော ဤအရာဝတ္ထုကို သုံးသပ်လိမ့်မည်နည်း” ဟု ဆိုကာ တံတွေထွေး၍ ထွက်ခွာသွား၏။

ထိုအခါ အမျိုးသမီးသည် အသျှင်ဥဒါယီနှင့် ပတ်သက်၍ ရဟန်းတို့အား ကဲ့ရဲ့၏။ ထိုအကြောင်းကို ရဟန်းတို့သည် ကြားသိရသဖြင့် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် ရဟန်းတို့အား စုဝေးစေပြီးလျှင် အသျှင်ဥဒါယီအား မေးမြန်း၏။ အသျှင်ဥဒါယီသည် ဟုတ်တိုင်းမှန်စွာ ဖြေကြား၏။ ထို့နောက် မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား များစွာသော အကြောင်းတို့ဖြင့် ကဲ့ရဲ့တော်မူ၏။ ထို့နောက် ရဟန်းတို့အား အောက်ပါအတိုင်း လိုက်နာစောင့်ထိန်းကြစေရန် သိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]

သိက္ခာပုဒ်

“အကြင် ရဟန်းသည် ရာဂဘီလူး ပူးဝင်အပ်သည်ဖြစ်၍ ဖောက်ပြန်သော စိတ်ဖြင့် မိန်းမ၏ အထံ၌ မိမိ အလိုရှိအပ်သော ကာမဖြင့် လုပ်ကျွေးခြင်း၏ ကျေးဇူးကို ပြောဆိုငြားအံ့၊ ‘နှမ အကြင်မိန်းမသည် အကျင့်သီလရှိသော ကောင်းသော တရားရှိသော မြတ်သော အကျင့်ကို ကျင့်လေ့ရှိသော ငါကဲ့သို့သော သူကို ထိုမေထုန်အမှုဖြင့် လုပ်ကျွေးရာ၏၊ ဤလုပ်ကျွေးခြင်းသည် လုပ်ကျွေးခြင်းတကာတို့တွင် အမြတ်ဆုံးပေတည်း’ ဟု မေထုန်နှင့် စပ်သော စကားဖြင့် ပြောဆိုငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏” ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။[1]

ကိုးကား

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် Text "publisher" ignored (အကူအညီ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.