ဧဠကလောမဓောဝါပနသိက္ခာပုဒ်

ဧဠကလောမဓောဝါပနသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမိုင်း

မြတ်စွာဘုရားသည် သက္ကတတိုင်း၊ ကပိလဝတ်မြို့၊ နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေ၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီမ(ရဟန်းမိန်းမ) တို့အား သိုးမွေးတို့ကို လျှော်ဖွပ်စေ၏၊ ဆိုးစေ၏၊ ဖြေရှင်းစေ၏။ ထိုသို့ ပြုလုပ်ပေးနေရသဖြင့် ဘိက္ခုနီမတို့သည် သိက္ခာပုဒ်တို့ကို မေးမြန်းဆွေးနွေးခြင်း၊ အဓိသီလ အဓိစိတ္တ အဓိပညာလုပ်ငန်းတို့ကို မလုပ်နိုင်ဘဲ ပစ်ထားကြရ၏။

တစ်နေ့သောအခါ ဂေါတမီသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ရပ်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဘိက္ခုနီမတို့သည် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် တည်ကြည်သောစိတ် ရှိကြသည် ဖြစ်၍ နေကြကုန်၏လော” ဟု မေး၏။ ထိုအခါ ဂေါတမီသည် “ဘိက္ခုနီမတို့သည် မမေ့လျော့ခြင်း သတိရှိခြင်း မရှိပါ။ ဆဗ္ဗဂ္ဂီရဟန်းတို့၏ ကိစ္စကို ပြုရသည့်အတွက် ဖြစ်ပါသည်” ဟု ဖြေကြား၏။ ထို့နောက် ဂေါတမီသည် ပြန်သွားလေ၏။

မြတ်စွာဘုရားသည် ရဟန်းတို့အား စုဝေးစေ၏။ ထို့နောက် ဆဗ္ဗဂ္ဂီရဟန်းတို့အား “သင်တို့သည် ဘိက္ခုနီမတို့အား သိုးမွေးကို ဖွပ်၊ ဆိုး၊ လျှော်၊ ဖြေရှင်း စေကြသည်မှာ မှန်ပါသလား” ဟုမေး၏။ ဆဗ္ဗဂ္ဂီရဟန်းတို့လည်း “ဟုတ်မှန်ကြောင်း” ဝန်ခံ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဆွေးမျိုးတော်စပ်ကြပါသလား” ဟု မေးမြန်း၏။ “မြတ်စွာဘုရား မတော်စပ်ပါ” ဟု ရဟန်းတို့သည် ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]

သိက္ခာပုဒ်

“အကြင်ရဟန်းသည် ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမအား သိုးမွေးတို့ကို ဖွပ်လည်း ဖွပ်စေငြားအံ့၊ ဆိုးလည်း ဆိုးစေငြားအံ့၊ ဖြေလည်း ဖြေရှင်းစေငြားအံ့။ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]

ကိုးကား

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.