တတိယကထိနသိက္ခာပုဒ်

တတိယကထိနသိက္ခာပုဒ် သည် မြတ်စွဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရသည့် နိဿဂ္ဂိပါစိတ်အာပတ် တစ်ခု ဖြစ်သည်။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ရဟန်းတစ်ပါး၌ အချိန်အခါမဟုတ်ဘဲ သင်္ကန်းသည် ရရှိလာ၏။ ထိုရရှိလာသော သင်္ကန်းသည် ချုပ်ပါက လုံလောက်မှု မရှိပေ။ ထိုအခါ ထိုရဟန်းသည် သင်္ကန်းအား ဖြန့်ကာ အထပ်ထပ်အခါခါ ဆွဲဆန့်၏။ ထိုသို့ ပြုသည်ကို မြတ်စွာဘုရားသည် ကျောင်းစဉ်ဒေသစာရီ လှည့်လည်သောအခါ မြင်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား အဘယ်ကြောင့် ထိုကဲ့သို့ ပြုသည်ကို မေး၏။ ရဟန်းလည်း “အခါမဲ့ ရလာသော သင်္ကန်းသည် မလုံလောက်သဖြင့် ပြုရပါသည်” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား “သင့်အား သင်္ကန်းရလိမ့်မည်ဟု မျှော်လင့်ချက် ရှိပါသလား” ဟု မေး၏။ ထိုရဟန်းသည် “ရှိကြောင်း” ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား သင်္ကန်းရလိမ့်မည်ဟု မျှော်လင့်ချက်ရှိပါက ထားခြင်းကို ခွင့်ပြုသည်ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းတို့သည် သင်္ကန်းတို့ကို တစ်လထက်အလွန်ထား၏။ သင်္ကန်းတို့ကိုလည်း သင်္ကန်းတန်း၌ ထုပ်၍ ထားကုန်၏။ ဤသည်ကို အသျှင်အာနန္ဒာသည် ဒေသစာရီလှည့်လည်သောအခါ မြင်၏။

ထို့နောက် အသျှင်အာနန္ဒာသည် ရဟန်းတို့အား တန်း၌ သင်္ကန်းများ ဆွဲထားရသည့်အကြောင်းကို မေးမြန်း၏။ ထိုအခါ ရဟန်းတို့လည်း ထိုသို့ တန်း၌ ထားသည်မှာ တစ်လကျော်ပြီ ဖြစ်ကြောင်း ဖြေ၏။ ထိုအခါ အသျှင်အာနန္နာသည် “အဘယ်ကြောင့် ရဟန်းတို့သည် အခါမဲ့သင်္ကန်းကို ခံယူ၍ တစ်လထက်အလွန် ထားဘိသနည်း” ဟု ကဲ့ရဲ့၏။ ထိုအကြောင်းကို မြတ်စွာဘုရားထံ လျှောက်ထား၏။

မြတ်စွာဘုရားလည်း ထိုရဟန်းတို့အား မေးမြန်း၏။ ထိုရဟန်းတို့လည်း ဟုတ်မှန်ကြောင်း ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါအတိုင်းသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ [1]

သိက္ခာပုဒ်

“ရဟန်း၏ သင်္ကန်း ပြီးဆုံးလတ်သော် ကထိန်ကို နုတ်ပြီးလတ်သော် ရဟန်းအား အခါမဲ့သင်္ကန်း ဖြစ်ပေါ်ငြားအံ့၊ အလိုရှိသော ရဟန်းသည် ခံယူရာသည်။ ခံယူပြီးနောက် လျင်မြန်စွာပင် ချုပ်ဆိုးရမည်။ အကယ်၍ ပြည့်စုံလုံလောက်ခြင်း မဖြစ်ပါက တစ်လအတိုင်းအရှည် (ကာလပတ်လုံး) ထိုရဟန်းသည် ယုတ်လျော့သော သင်္ကန်း၏ ပြည့်စုံလုံလောက်ခြင်းငှါ မျှော်လင့်ချက်ရှိလတ်သော် ထိုသင်္ကန်းကို ထားရာသည်။ ထိုတစ်လထက်အလွန်ထားငြားအံ့ မျှော်လင့်ချက် ရှိသော်လည်း နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။ [1]

ကိုးကား

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.