သာသင်္ကသိက္ခာပုဒ်
သာသင်္ကသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် ဝါမှ ထပြီးသော ရဟန်းတို့သည် တောကျောင်းတွင် နေ၏။ ထိုအခါ တန်ဆောင်မုန်းလတွင် ခိုးသူတို့သည် “ရဟန်းတို့သည် လာဘ်လာဘ ရရှိကြသည်” ဟု နှိပ်စက်ကြ၏။
ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် “တောကျောင်း၌ နေသောရဟန်းတို့အား သင်္ကန်းသုံးထည်တွင် တထည်ထည်သော သင်္ကန်းကို ရွာတွင်း၌ ထားခြင်းကို ခွင့်ပြုသည်” ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းတို့သည် သင်္ကန်းသုံးထည်တွင် တစ်ထည်ထည်သော သင်္ကန်းကို ရွာတွင်း၌ ထား၍ ခြောက်ညဉ့်ထက်အလွန် ကင်း၍ နေ၏။ ထိုအခါ သင်္ကန်းတို့သည် ပျောက်ကုန်၏၊ ကြွက်တို့လည်း ကိုက်ကုန်၏။ ထို့အတွက်ကြောင့် ရဟန်းတို့သည် မကောင်းသော အဝတ်၊ ခေါင်းပါးသောသင်္ကန်းတို့သာ ရှိကြကုန်၏။
ထိုအခါ ရဟန်းတို့သည်”ငါ့ရှင်တို့ သင်တို့သည် အဘယ်ကြောင့် မကောင်းသော အဝတ်၊ ခေါင်းပါးသောသင်္ကန်းတို့သာ ရှိကြကုန်သနည်း” ဟု မေး၏။ ထိုရဟန်းတို့လည်း ဖြစ်ကြောင်းကုန်စင် ပြောပြ၏။ ထိုအခါ အလိုနည်းသောရဟန်းတို့သည် ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။
မြတ်စွာဘုရားသည် ထိုရဟန်းတို့အား “ဟုတ်မှန်ပါသလား” ဟု မေးရာ “ဟုတ်မှန်ပါသည်” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]
သိက္ခာပုဒ်
“ဝါကပ်ပြီးနောက် တန်ဆောင်မုန်းလပြည့်နေ့၌ ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်ကုန်သော ဘေးဘျမ်းရှိသော အကြင်တောကျောင်းတို့သည် ရှိကုန်၏။ ထိုသို့သဘောရှိကုန်သော ကျောင်းတို့၌ နေသော ရဟန်းသည် အလိုရှိလတ်သော် သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်သောသင်္ကန်းကို ရွာတွင်း၌ ထားရာ၏။ ထိုရဟန်းအား ထိုသင်္ကန်းနှင့် ကင်း၍ နေခြင်းငှါ အကြောင်းတစ်စုံတစ်ရာ ရှိငြားအံ့၊ ခြောက်ညဉ့်အပိုင်းအခြားကာလပတ်လုံး ထိုရဟန်းသည် ကင်း၍ နေရာ၏။ အကယ်၍ ထို့ထက်အလွန် ကင်း၍ နေငြားအံ့၊ ရဟန်းတို့၏ သမ္မုတိပေးခြင်းကို ထား၍ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏ “ ဟု မိန့်တော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။