သုဒ္ဓကာဠကသိက္ခာပုဒ်

သုဒ္ဓကာဠကသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသာနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိယပါစိတ်အာပတ်တစ်ခု ဖြစ်သည်။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမိုင်း

မြတ်စွာဘုရားသည် ဝေသာလီမြို့၊ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးတွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမည်းသက်သက်ဖြစ်သည့် သိုးမွေးအခင်းကို ပြုလုပ်၏။ ကျောင်းစဉ် လှည့်လည်ကြသော လူတို့သည် ထိုအမည်းသက်သက်ဖြစ်နေသည့် သိုးမွေးအခင်းကို မြင်၏။ ထို့နောက် “အဘယ်ကြောင့် အမည်းသက်သက် သိုးမွေးအခင်းကို ပြုလုပ်စေကုန်ဘိသနည်း၊ ကာမဂုဏ်ခံစားကြသူလူတို့ကဲ့သို့ တကား” ဟု ကဲ့ရဲ့ကြ၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။

ထိုအခါ အလိုနည်းသော ရဟန်းတို့သည်လည်း ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ ထို့နောက် မြတ်စွာဘုရားသည် “အမည်းသက်သက်ဖြစ်သော သိုးမွေးအခင်းကို ပြုလုပ်ကြသည်ဆိုသည်မှာ မှန်ပါသလား” ဟု မေး၏။ “ဟုတ်မှန်ကြောင်း” ရဟန်းတို့သည် ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါအတိုင်း သိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]

သိက္ခာပုဒ်

“အကြင်ရဟန်းသည် အမည်းသက်သက်ဖြစ်သော သိုးမွေးအခင်းကို ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။[1]

ကိုးကား

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.