သံဃဘေဒသိက္ခာပုဒ်
သံဃဘေဒသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သံဃဒိသိသ်အာပတ်တစ်ခု ဖြစ်၏။ [1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူနေခိုက် ဖြစ်၏။ အသျှင်ဒေဝဒတ်သည် ကောကလိက၊ ခဏ္ဍာမိဖုရား၏သား ကဋမောဒကတိဿက၊ သမုဒ္ဒတ္တတို့ထံ ချဉ်းကပ်၍ မြတ်စွာဘုရား၏ သံဃာကွဲပြားအောင်လုပ်ဆောင်ရန် တိုက်တွန်းပြောဆို၏။ လူတို့သည် ခေါင်းပါးမှုကို ကြည်ညိုကြ၏။
အသျှင်ဒေဝဒတ်သည် နောက်ပါပရိသတ်နှင့်အတူ မြတ်စွာဘုရားထံတွင် “ရဟန်းတို့သည် (၁) အသက်ထက်ဆုံး တောကျောင်းနေရဟန်း ဖြစ်ပါစေကုန်။ အကြင်ရဟန်းသည် ရွာကျောင်းသို့ သက်ရောက်ငြားအံ့ ထိုရဟန်းအား အပြစ်ရောက်ပါစေ။ (၂) အသက်ထက်ဆုံး ပိဏ္ဍပါတ်ဓူတင်ဆောင် ဖြစ်ပါစေကုန်။ အကြင်ရဟန်းသည် နိမန္တနဘတ် (ပင့်ဖိတ်၍ ကျွေးသော ဆွမ်းကို စားခြင်း) ကို လက်ခံငြားအံ့ ထိုရဟန်းအား အပြစ်ရောက်ပါစေ။ (၃) အသက်ထက်ဆုံး ပံသုကူဓုတင်ဆောင် ဖြစ်ပါစေကုန်။ အကြင်ရဟန်းသည် လူဒါယကာတို့ လှူသော သင်္ကန်းကို လက်ခံငြားအံ့ ထိုရဟန်းအား အပြစ်ရောက်ပါစေ။ (၄) အသက်ထက်ဆုံး ရုက္ခမူဓူတင်ဆောင် ဖြစ်ပါစေကုန်။ အကြင်ရဟန်းသည် အမိုးရှိသော ကျောင်းသို့ ချဉ်းကပ်ငြားအံ့ ထိုရဟန်းအား အပြစ်ရောက်ပါစေ။ (၅) အသက်ထက်ဆုံး ငါးအမဲကို မစားပါစေကုန်လင့်။ အကြင်ရဟန်းသည် ငါးအမဲကို စားငြားအံ့ ထိုရဟန်းအား အပြစ်ရောက်ပါစေ။” ဟု ဤဝတ္ထုငါးမျိုးကို တောင်းဆို၏။ အသျှင်ဒေဝဒတ်သည် သံဃာ၏ ကွဲပြားခြင်းကို အလိုရှိသည့်အတွက် ဤငါးမျိုးကို တောင်းဆိုခြင်း ဖြစ်၏။
သို့သော်လည်း မြတ်စွာဘုရားသည် ဒေဝဒတ်၏ တောင်းဆိုမှုကို ခွင့်မပြုချေ။ ထိုအခါ အသျှင်ဒေဝဒတ်သည် ရွှင်လန်းတက်ကြွစွာ ပရိသတ်နှင့် မြတ်စွာဘုရားအား ကန်တော့၍ နေရာမှ ဖဲသွား၏။ နောက်ပါရဟန်းတို့အား “ရဟန်းဂေါတမသည် ဝတ္ထုငါးမျိုးကို ခွင့်မပြု၊ ငါ့တို့သည် ဤငါးမျိုးကို ဆောက်တည်ကြကုန်အံ့” ဟု လူအပေါင်းကို သိစေ၏။
ထိုအခါ ရတနာသုံးပါးကို မကြည်ညိုသေးသော လူအပေါင်းတို့သည် ရဟန်းတို့သည် လာဘ်လာဘများအောင် ကိလေသာကို ခါထုတ်ကုန်၏၊ ခေါင်းပါးသောအကျင့်ကို ကျင့်ကုန်၏ဟု ကဲ့ရဲ့ကြ၏။ ရတနာသုံးပါးကို ကြည်ညိုပြီးသော လူအပေါင်းတို့သည်လည်း အသျှင်ဒေဝတ်သည် အဘယ်ကြောင့် သံဃာကွဲပြားအောင် လုံ့လပြုဘိသနည်းဟု ကဲ့ရဲ့ပြစ်တင်သနည်းဟု ရှုတ်ချ၏။
ထိုအခါ ရဟန်းတို့သည် များစွာသော အကြောင်းတို့ဖြင့် ကဲ့ရဲ့တော်မူ၏။ မြတ်စွာဘုရား၏ ဤအကြောင်းကို လျှောက်ထား၏။ “ဒေဝဒတ် သင်သည် သံဃာကွဲပြားအောင် လုပ်သည်မှာ မှန်ပါသလော” ဟု မေး၏။ အသျှင်ဒေဝဒတ်လည်း ဟုတ်မှန်ကြောင်း ဖြေကြား၏။
မြတ်စွာဘုရားသည် အသျှင်ဒေဝဒတ်အား များစွာသော အကြောင်းတို့ဖြင့် ကဲ့ရဲ့တော်မူးကာ အောက်ပါအတိုင်း သိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]
သိက္ခာပုဒ်
“အကြင်ရဟန်းသည် ညီညွတ်သော သံဃာ၏ ကွဲပြားခြင်းငှါ လုံ့လပြုငြားအံ့၊ ကွဲပြားခြင်းကို ဖြစ်စေတတ်သော အကြောင်းကိုသော်လည်း ခိုင်မြဲစွာ စွဲယူပြုမူ၍ တည်ငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် ‘အသျှင်သည် ညီညွတ်သောသံဃာ၏ ကွဲပြားခြင်းငှါ လုံ့လ မပြုပါလင့်၊ ကွဲပြားခြင်းကို ဖြစ်စေတတ်သော အကြောင်းကိုသော်လည်း ခိုင်မြဲစွာ စွဲယူပြုမူ၍ မတည်ပါလင့်၊ အသျှင်သည် သံဃာနှင့် ညီညွတ်ပါလော့၊ ညီညွတ်သည်သာလျှင် ဖြစ်သော သံဃာသည် ကောင်းစွာဝမ်းမြောက်သည် ဖြစ်၍ မငြင်းခုံသည်ဖြစ်၍ တူသောပါတိမောက် ပြခြင်းရှိသည်ဖြစ်၍ ချမ်းသာစွာ နေရ၏’ ဟု ပြောဆိုရာ၏။ ရဟန်းတို့သသည် ဤသို့ ဆိုအပ်လျက် ထိုရဟန်းသည် ရှေးနည်းတူပင် ပြုမူငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် သုံးကြိမ်တိုင်အောင် ကောင်းစွာဆိုဆုံးမအပ်သည် ရှိသော် ထိုအယူကို စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့ (ထိုရဟန်းအား) သံဃာဒိသိသတ်အာပတ် သင့်၏” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။