စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ်

စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရသည့် နိဿဂ္ဂိပါစိတ်အာပတ် တစ်ခု ဖြစ်သည်။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမိုင်း

မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဥပ္ပလဝဏ်ဘိက္ခုနီမသည် သာဝတ္ထိမြို့တွင် နေ၏။ တစ်နေ့သောအခါ ဥပ္ပလဝဏ်သည် သာဝတ္ထိမြို့သို့ ဆွမ်းအလို့ငှါ ဝင်၏။ ထို့နောက် အန္ဓဝန်တောရှိ သစ်ပင်ရင်းတွင် ထိုင်နေ၏။

ထိုအခါ သူခိုးတို့သည် နွားကိုသတ်ပြီး အမဲသားကို ယူကာ အန္ဓဝန်တောသို့ ဝင်၏။ ခိုးသူကြီးသည် ဥပ္ပလဝဏ်ကို မြင်သောအခါ “အကယ်၍ ငါ၏ ညီငယ်များ သားများ မြင်ပါက ဤဘိက္ခုနီမကို ညှင်းဆဲကြလိမ့်မည်”ဟု ကြံစည်၍ အခြားလမ်းမှ သွား၏။ ထို့နောက် ဥပ္ပလဝဏ်၏ အနီး သစ်ပင်တွင် အမဲသားကို ဆွဲကာ “မြင်သော ပုဏ္ဏား၊ ရဟန်းအား ပေးလှူ၏” ဆိုကာ ဖဲသွား၏။

ဥပ္ပလဝဏ်သည် ခိုးသူကြီးပြောသော စကားကို ကြား၏။ ထို့နောက် အမဲသားကို ယူကာ ဝေဠုဝန်ကျောင်းသို့ ကောင်းကင်သို့ ပျံတက်ကာ လာ၏။ ထိုအချိန်တွင် ကျောင်းတော်တွင် မြတ်စွာဘုရားသည် ဆွမ်းခံဝင်ခိုက် ဖြစ်သဖြင့် မရှိပေ။ အသျှင်ဥဒါယီသာ ရှိ၏။

ဥပ္ပလဝဏ်သည် အသျှင်ဥဒါယီအား မြတ်စွာဘုရားအား အမဲသားကို လှူပေးရန် ပြော၏။ ထိုအခါ အသျှင်ဥဒါယီက “နှမ သင်သည် မြတ်စွာဘုရားအား အမဲသားဖြင့် နှစ်သိမ့်စေအပ်ပြီ။ ငါ့အား သင်းပိုင်ကို လှူပါမူ ငါ့ကို သင်းပိုင်ဖြင့် နှစ်သိမ့်စေပြီး ဖြစ်ရာ၏” ဟု ပြော၏။ ထိုအခါ ဥပ္ပလဝဏ် သည် မာတုဂါမတို့သည် လာဘ်လာဘရှားပါးသဖြင့် မလှူနိုင်ပါဟု လျှောက်၏။ ထိုအခါ အသျှင်ဥဒါယီက “မြတ်စွာဘုရားအား အမဲသားလှူပြီး ငါ့အား သင်းပိုင်ကို မလှူရက်” ဟု ဆို၏။ ထိုအခါ ဥပ္ပလဝဏ်သည် အတင်းအကြပ် ပြောသည်ဖြစ်၍ သင်းပိုင်ကို လှူကာ ဘိက္ခုနီမကျောင်းသို့ သွား၏။

ထိုအခါ အခြားဘိက္ခုနီမတို့သည် သင်းပိုင်အဘယ်မှာနည်းဟု မေး၏။ ထိုအခါ ဖြစ်ကြောင်းကုန်စင် ပြောပြ၏။ ထိုအခါ ဘိက္ခုနီမတို့သည် အသျှင်ဥဒါယီအား ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြ၏။ ထို့နောက် ဘိက္ခုနီမတို့သည် ရဟန်းတို့အား လျှောက်ကြ၏။ ရဟန်းတို့သည်လည်း ကဲ့ရဲ့ကြ၏။ ထို့နောက် ရဟန်းတို့သည် မြတ်စွားဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား “ဟုတ်မှန်ပါသလော” ဟု မေးမြန်း၏။ အသျှင်ဥဒါယီလည်း ဟု တ်မှန်ကြောင်း ဝန်ခံ၏။ ထို့နောက် မြတ်စွာဘုရားသည် “သင်နှင့် ဆွေမျိုးတော်စပ်သလော” ဟု မေးရာ “ မတော်စပ်ပါ” ဟု ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]

သိက္ခာပုဒ်

“အကြင် ရဟန်းသည် ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမ၏ လက်မှ သင်္ကန်းကို ခံယူငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။ [1]

ကိုးကား

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.