ဒွေဘာဂသိက္ခာပုဒ်

ဒွေဘာဂသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသာနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်သည်။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ မြတ်စွာဘုရားသည် သုဒ္ဓကာဠကသိက္ခာပုဒ် တွင် အမည်းသက်သက်ဖြစ်သော သိုးမွေးအခင်းကို ပြုလုပ်ခြင်း မပြုရန်၊ ပြုလုပ်ပါက နိဿဂ္ဂိပါစိတ်အာပတ်သင့်သည်ဟု ပညတ်တော်မူပြီး ဖြစ်၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အနည်းငယ်သာဖြစ်သည့် အဖြူကို အဖျားအနား၌ ထည့်သွင်း၍ အမည်းသက်သက်အတိုင်းပင် သိုးမွေးအခင်းကို ပြုလုပ်ကြ၏။

ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရား လျှောက်ထား၏။ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “ဟုတ်မှန်ပါသလော” ဟု မေး၏။ “ဟုတ်မှန်ကြောင်း” ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]

သိက္ခာပုဒ်

“အခင်းအသစ်ကို ပြုလုပ်စေလိုသော ရဟန်းသည် အမည်းသက်သက်ဖြစ်သော သိုးမွေး နှစ်ဖို့တို့ကို ထည့်သွင်းရမည်၊ အဖြူ (သိုးမွေး) သုံးခုမြောက် တစ်ဖို့ကို အကြောင်(သိုးမွေး) လေးခုမြောက် တစ်ဖို့ကိုလည်း ထည့်သွင်းရမည်။ အကယ်၍ ရဟန်းသည် အမည်းသက်သက် သိုးမွေး နှစ်ဖို့တို့ကို အဖြူ (သိုးမွေး) သုံးခုမြောက် တစ်ဖို့ကို အကြောင်(သိုးမွေး) လေးခုမြောက် တစ်ဖို့ကို မထည့်သွင်းဘဲ အခင်းသစ်ကို ပြုစေငြားအံ့ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏။)[1]

ကိုးကား

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.