ပတ္တသိက္ခာပုဒ်

ပတ္တသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သပိတ်တို့ကို စုဆောင်း၏။ ထိုသို့ သပိတ်များ စုဆောင်းသည်ကို လူတို့သည် မြင်သောအခါ “ရဟန်းတို့သည် အဘယ်ကြောင့် သပိတ်တို့ကို စုဆောင်းကြသနည်း၊ သပိတ်ကုန်သွယ်ခြင်းကို ပြုကြကုန်လတ္တံ့၊ အိုးခွက်ဈေးဆိုင်ကိုသော်လည်း တည်ခင်းကြလတ္တံ့” ဟု ကဲ့ရဲ့ကြ၏။

ထိုသို့ လူတို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် “အပိုသပိတ်တို့ကို ဆောင်ကြသည်မှာ မှန်ပါသလား” ဟု မေး၏။ “ဟုတ်မှန်ပါသည်” ဟု ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]

သိက္ခာပုဒ်

“အကြင်ရဟန်းသည် အပိုသပိတ်ကို ဆောင်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]

ဒုတိယအနုပညတ်သိက္ခာပုဒ် သမိုင်း

မြတ်စွာဘုရားသည် အထက်ပါသိက္ခာပုဒ်ကို ပညတ်ပြီးချိန်တွင် ဖြစ်၏။ အရှင်အာနန္ဒာသည် အပိုသပိတ် ဖြစ်ပေါ်၏။ ထိုသပိတ်ကို အသျှင်သာရိပုတြာအား လှူဒါန်းလို၏။ အသျှင်သာရိပုတြာသည် သာကေတမြို့၌ နေသဖြင့် မည်သို့မည်ပုံ လှူရမည်နည်းဟု စဉ်းစား၏။

ထို့နောက် မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ထား၏။ မြတ်စွာဘုရားသည် “သာရိပုတြာ အချိန်မည်မျှကြာသည့်အခါ လာမည်နည်း” ဟု မေး၏။ အသျှင်အာနန္ဒာသည် “ကိုးရက်မြောက်နေ့သော်လည်းကောင်း၊ ဆယ်ရက်မြောက်နေ့သော်လည်းကောင်း ပြန်လာပါမည်” ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား တရားစကားဟောကြားတော်မူကာ အပိုသပိတ်ကို ဆယ်ရက်အပိုင်းအခြား ကာလတ်ပတ်လုံး ခွင့်ပြုကြောင်း အောက်ပါအနုပညတ်သိက္ခာပုဒ် ပညတ်ကာ ခွင့်ပြုတော်မူ၏။[1]

ဒုတိယအနုပညတ်သိက္ခာပုဒ်

“ဆယ်ရက်အပိုင်းအခြားရှိသော ကာလပတ်လုံး အပိုသပိတ်ကို ဆောင်ရမည်၊ ထို (ဆယ်ရက်အပိုင်းအခြားရှိသော ကာလ) ကို လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]

ကိုးကား

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.