ဧဠကလောမသိက္ခာပုဒ်

ဧဠကလောမသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ရဟန်းတစ်ပါးသည် ကောသလဖနပုဒ်သာဝတ္ထိမြို့သို့ သွားစဉ် လမ်းခရီးတွင် သိုးမွေးတို့ ရရှိ ဖြစ်ပေါ်၏။ ထိုနောက် ရဟန်းသည် သိုးမွေးတို့ကို ဧကသီဖြင့် အထုပ်ဖွဲ့ကာ ယူသွား၏။

ထိုသို့ ယူသည်ကို လူတို့သည် မြင်၏။ လူတို့သည် ထိုရဟန်းအား “အဘယ်လောက်သော အဖိုးဖြင့် ဝယ်ပါသနည်း၊ အဘယ်မျှလောက်သော အမြတ်ကို ရပါသနည်း” ဟု လှောင်ပြောင်ကြ၏။ ထိုရဟန်းသည် လှောင်ပြောင်ခံရသဖြင့် မျက်နှာမလှဖြစ်လေ၏။ ထိုရဟန်းသည် သာဝတ္ထိမြို့သို့ သွား၍ သိုးမွေးတို့ကို ရပ်လျက်ပင် ပစ်ချ၏။

ထိုအခါ ရဟန်းတို့သည် “အဘယ်ကြောင့် သိုးမွေးတို့ကို ရပ်လျက်ပင် ပစ်ချသနည်း” ဟု မေး၏။ ထိုအခါ ရဟန်းသည် ဖြစ်ကြောင်းကုန်စင် ပြောပြကာ “ဤသိုးမွေးတို့ကြောင့်ပင် ငါ့အား လူတို့သည် လှောင်ပြောင်သည် မဟုတ်လော” ဟု ဆို၏။ ထိုအခါ ရဟန်းတို့သည် “အဘယ်မျှ ဝေးသော အရပ်မှ ယူခဲ့ပါသနည်း” ဟု မေးရာ “သုံးယူဇနာထက် လွန်ခဲ့ပါသည်” ဟု ဆို၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် အဘယ်အတွက်ကြောင့် “သုံးယူဇနာထက်အလွန် သိုးမွေးတို့ကို ယူခဲ့သနည်း” ဟု ကဲ့ရဲ့ကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် “သိုးမွေးတို့ကို သုံးယူဇနာထက်အလွန် ယူဆောင်ခဲ့သည်မှာ ဟုတ်ပါသလား” ဟု မေး၏။ ရဟန်းလည်း “ဟုတ်မှန်ကြောင်း” ဖြေ၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]

သိက္ခာပုဒ်

“ရှည်သော ခရီးသို့ သွားသော ရဟန်းအား သိုးမွေးတို့သည် ဖြစ်ပေါ်ငြားအံ့၊ အလိုရှိသော ရဟန်းသည် ခံယူရာသည်၊ ခံယူပြီးနောက် ဆောင်ယူမည့်သူ မရှိခဲ့သော် သုံးယူဇနာတိုင်တိုင် မိမိလက်ဖြင့် ဆောင်ယူနိုင်သည်။ အကယ်၍ ထိုသုံးယူဇနာထက်အလွန် ဆောင်ယူငြားအံ့၊ ဆောင်ယူမည့်သူ မရှိသော်လည်း (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]

ကိုးကား

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.