ဘေသဇ္ဇသိက္ခာပုဒ်

ဘေသဇ္ဇသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ် ဖြစ်၏။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိုမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် အသျှင်ပိလိန္ဒဝစ္ဆသည် ရာဇဂြိုဟ်မြို့တွင် လိုဏ်ပြုလုပ်ကာ ချိုင်းဝှမ်းကို သုတ်သင်၏။

ထိုအခါ ဗိမ္ဗိသာရမင်းသည် အသျှင်ပိလိန္ဒဝစ္ဆထံ ချဉ်းကပ်၏။ ထို့နောက် အရှင်ဘုရားသည် “အဘယ်ကို ပြုနေပါသနည်း” ဟု မေး၏။ ထိုအခါ “လိုဏ်ကို ပြု၍ ချိုင့်ဝှမ်းကို သုတ်သင်ပါသည်” ဟု ဖြေ၏။ ထိုအခါ မင်းကြီးက “အရံအစောင့်ကို အလိုရှိပါသလား” ဟု မေး၏။ အသျှင်ဥပနန္ဒသည် “မင်းကြီး၊ မြတ်စွာဘုရားသည် အရံအစောင့်ကို ခွင့်ပြုတော်မမူသေး” ဟု ပြော၏။ ထိုအခါ မင်းကြီးက “သို့ဖြစ်လျှင် မြတ်စွာဘုရားအား လျှောက်ထား၍ အကြောင်းကြားပါ” ဟု လျှောက်၏။ ထို့နောက် မင်းကြီးသည် ပြန်သွား၏။

အသျှင်ပိလိန္ဒဝစ္ဆသည် မြတ်စွာဘုရားအား “မင်းကြီးသည် အရံအစောင့်ကို လှူလိုပါသည်၊ အဘယ်သို့ ကျင့်ရပါမည်နည်း” ဟု တမန်လွှတ်၍ မေးမြန်း၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား ‘အရံအစောင့်’ ကို ခွင့်ပြုတော်မူ၏။

ထို့နောက် မင်းကြီးသည် ဒုတိယအကြိမ် “မြတ်စွာဘုရာသည် အရံအစောင့်ကို ခွင်ပြုတော်မူပါပြီလား” ဟု မေး၏။ ထိုအခါ အသျှင်ဥပလိန္ဒဝစ္ဆသည် “ခွင့်ပြုပြီ” ဟု ဖြေ၏။ ထိုအခါ “အရံအစောင့်ကို လှူပါမည်” ဟု မင်းကြီးသည် ပြော၏။ သို့သော် မင်းကြီးသည် ထိုသို့ဝန်ခံပြီးနောက် မေ့လျော့၍ နေ၏။

မင်းကြီးသည် ကြာမြင့်မှ သတိရလာပြီး အမှုကိစ္စအားလုံးကို ဆောင်ရွက်ရသည့် အမတ်တစ်ယောက်ကို “အသျှင့်အား အရံအစောင့်ကို လှူပြီးပြီလား” ဟု မေးမြန်း၏။ အမတ်ကြီးသည် “ယနေ့မှ စ၍ ရေတွက်ပါက ဝန်ခံသောနေ့သည် ငါးရက်မျှ ရှိပါပြီ” ဟု လျှောက်၏။

ထိုအခါ မင်းကြီးသည် အရံအစောင့် ငါးရာတို့ကို လှူ၏။ အသျှင်ပိလိန္ဒဝစ္ဆသည် ရွာငယ်တို့၌ အိမ်သို့ ကပ်တတ်သော ရဟန်းဖြစ်၏။ တစ်ခုသော နံနက်ဆွမ်းခံကြွရာတွင် အရံအစောင့်တစ်ဦး၏ အိမ်သို့ ဝင်၏။ ထိုအခါ အရံစောင့်မိန်းမ၏ သမီးသည် အခြားသောသူတို့ကဲ့သို့ ပန်းကို တန်ဆာအဖြစ်မဆင်နိုင်သည့်အတွက် ငို၏။ ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆသည် မြက်ကရွတ်ခွေကို သူငယ်မအား ဦးခေါင်း၌ စွပ်လော့ဟု ပြော၏။ ထိုမြက်ကရွတ်ခွေသည် အလွန်လှပ၍ နန်းတော်တွင်း၌ပင် မရှိနိုင်ပေ။

ထိုအခါ လူတို့သည် ဗိမ္မိသာရမင်းအား “အရံစောင့်၏ အိမ်တွင် အလ္န်လှပ ရွှေပန်းခွေ ရှိပါသည်၊ ထိုပန်းခွေမျိုး နန်းတော်တွင်း၌ပင် မရှိပါ၊ ထိုသို့ ဆင်းရဲသူ၌ အဘယ်မှာ ရှိပါမည်နည်း၊ ခိုးယူလာခြင်း ဖြစ်ပါလိမ့်မည်” ဟု ပြော၏။ ထိုအခါ မင်းကြီးသည် အရံစောင့်အား ဖမ်းဆီး၏။ နောင်အခါ အသျှင်ပိလိန္ဒဝစ္ဆသည် အရံစောင့်အိမ်သို့ သွားသည့်အခါ မတွေ့ရသည့်အတွက် ဖမ်းဆီးခံရကြောင်း သိလေ၏။

ထို့နောက် အသျှင်ပိလိန္ဒဝစ္ဆသည် မင်းကြီးနှင့် သွားတွေ့၏။ မင်းကြီးအား “အဘယ်ကြောင့် အရံစောင့်အား ဖမ်းဆီးသနည်း” ဟု မေးမြန်း၏။ ထိုအခါ မင်းကြီးသည် အရံစောင့်အား ရွှေပန်းခွေနှင့် ပတ်သက်၍ ခိုးယူလာသည် ထင်၍ ဖမ်းပါသည်ဟု ဆို၏။ ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆသည် မင်းကြီး၏ ပြသာဒ်အား “ရွှေဖြစ်စေ” ဟု အဓိဋ္ဌာန်လိုက်ရာ ရွှေပြသာဒ် ဖြစ်လေ၏။ ထိုအခါမှ မင်းကြီးသည် အရံစောင့်အား လွှတ်လေ၏။

လူတို့သည်လည်း အသျှင်ပိလိန္ဒဝစ္ဆအား တန်ခိုးပြာဋိဟာကို ပြတတ်သည်ဟု ဝမ်မြောက်ကြည်ညို၍ ငါးပါးသောဆေးတို့ဖြင့် လှူဒါန်း၏။ အသျှင်ပိလိန္ဒဝစ္ဆသည် မူလကပင် ငါးပါးသောဆေးတို့ကို ရလေ့ရှိ၍ ရသောဆေးတို့ကိုလည်း ပရိသတ်ကို စွန့်၏။ ထိုအခါ ပရိသတ်သည် ပစ္စည်းပေါများလိုသည်ဖြစ်၍ ဆေးတို့ကို သိုမှီးကြ၏။ များပြားလာသော ဆေးတို့သည် ယိုကျကုန်၏၊ ကျောင်းအားလုံးတို့သည်လည်း ကြွက်တို့ဖြင့် ပြည့်နှက်ကုန်၏။

ထိုအခါ လူတို့သည် “ဤရဟန်းတို့သည် ဗိမ္ဗိသာရမင်းကဲ့သို့ပင် အတွင်းကျီရှိကြကုန်၏” ဟု ကဲ့ရဲ့ကြကုန်၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြားကုန်၏။ အလိုနည်းသော ရဟန်းတို့သည်လည်း ကဲ့ရဲ့ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို “ဟုတ်မှန်ပါသလော” ဟု မေးမြန်းရာ “ဟုတ်မှန်ပါသည်” ဟု ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]

သိက္ခာပုဒ်

“မကျန်းမာသော ရဟန်းတို့အား သုံးဆောင်ဖွယ်ဖြစ်သော အကြင်ဆေးတို့သည် ဖြစ်ပေါ်ကုန်၏၊ ဤဆေးတို့သည် ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တ်လဲ တို့ ဖြစ်၏။ ထိုဆေးတို့ကို အကပ်ခံ၍ ခုနစ်ရက်အပိုင်းအခြား ကာလပတ်လုံး သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ သုံးဆောင်ရမည်။ ထိုခုနစ်ရက်ထက် လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]

ကိုးကား

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.