သုတ္တဝိညတ္တိသိက္ခာပုဒ်
သုတ္တဝိညတ္တိသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းချုပ်သည့်အခါ များစွာသော သင်္ကန်းကို တောင်း၏။ သင်္ကန်းချုပ်၍ ပြီးသော်လည်း များစွာသော ချည်တို့ ကျန်သေး၏။ ထိုအခါ “ငါတို့သည် အခြားသော ချည်တို့ကို တောင်းကာ ရက်ကန်းသည်တို့ကို သင်္ကန်းရက်ခိုင်းမည်” ဟု ဆိုကာ အကြံဖြစ်၏။
ထို့နောက် ချည်တို့ကို တောင်း၏၊ ရက်ကန်းသည်တို့ကို ရက်စေ၏၊ သင်္ကန်းကို ရက်ပြီးသော်လည်း ချည်တို့သည် များစွာ ကျန်နေသေး၏။ နှစ်ကြိမ်မြောက်လည်း ဆဗ္ဗဂ္ဂီရဟန်းတို့သည် အခြားသော ချည်တို့ကို တောင်းကာ သင်္ကန်းကို ရက်စေ၏။ သင်္ကန်းရက်ပြီးသော်လည်း ချည်တို့သည် များစွာ ကျန်နေသေး၏။ သုံးကြိမ်မြောက်လည်း ချည်တို့ကို တောင်းကာ သင်္ကန်းကို ရက်စေ၏။ သင်္ကန်းရက်ပြီးသော်လည်း ချည်တို့သည် များစွာ ကျန်နေသေး၏။
ထိုအခါ လူတို့သည် “အဘယ်ကြောင့် ရဟန်းတို့သည် ချည်တို့ကို တောင်းကာ ရက်ကန်းသည်တို့ကို သင်္ကန်းရက်စေဘိသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားထံ လျှောက်ထားကြ၏။
မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “ချည်တို့ကို တောင်း၍ ရက်ကန်းသည်တို့ကို ရက်စစေသည်မှာ ဟုတ်မှန်ပါသလော” ဟု မေး၏။ ရဟန်းတို့လည်း “ဟုတ်ပါသည်” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]
သိက္ခာပုဒ်
“အကြင် ရဟန်းသည် ကိုယ်တိုင် ချည်ကိုတောင်း၍ ရက်ကန်းသည်တို့ကို သင်္ကန်းရက်စေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။