ပထမ အနိယတသိက္ခာပုဒ်

ပထမ အနိယတသိက္ခာပုဒ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရသည့် သိက္ခာပုဒ်တစ်ခု ဖြစ်သည်။[1]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိုမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် အသျှင်ဥဒါယီသည် သာဝတ္ထိမြို့ရှိ နေအိမ်များသို့ လှည့်လည်သွားလာ၏။ အသျှင်ဥဒါယီသည် အလုပ်အကျွေးအမျိုးတို့အား “ဤမည်သော သတို့သမီးသည် အဘယ်မှာနည်း” ဟု မေးမြန်းကာ ထိုသတို့သမီးနေရာ တိုက်ခန်းသို့ သွား၏။ ထိုအမျိုးသမီးနှင့်အတူတူ နှစ်ယောက်တည်း မေထုန်အမှုကို ပြုရန်အသင့်ဖြစ်သော အကာအရံရှိသည့် နေရာတွင် အမျိုးသမီးအား စကားပြော တရားဟော၏။

ထိုအချိန်တွင် ဝိသာခါသည် ဖိတ်ကြားထားသည်ဖြစ်၍ ထိုအမျိုးသမီး၏ နေအိမ်သို့ သွား၏။ ထိုအခါ ဝိသာခါသည် အသျှင်ဥဒါယီသည် မာတုဂါမနှင့်အတူတူ မေထုန်ပြုရန် အသင့်ဖြစ်သည့် အကာအရံရှိသည့် နေရာတွင်နေသည်ကို “အဘယ့်ကြောင့် ဆိတ်ကွယ်ရာ၌ နေထိုင်ဘိသနည်း၊ အသျှင်တို့သည် မေထုန်မှုကို အလိုရှိမည် မဟုတ်ပါ။ သို့သော် မကြည်ညိုသူတို့ ယုံကြည်စေရန် ခဲယဉ်းပါသည်” ဟု လျှောက်ထား၏။ သို့သော် အသျှင်ဥဒါယီသည် ဝိသာခါ၏ စကားကို မနာယူပေ။ ဝိသာခါလည်း ထွက်သွား၏။

ဝိသာခါသည် ထိုအကြောင်းကို ရဟန်းတို့အား လျှောက်ထား၏။ ရဟန်းတို့သည်လည်း ကဲ့ရဲ့ကုန်၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား “မာတုဂါမနှင့် အတူတကွ တစ်ယောက်ချင်းချင်း မေထုန်ပြုရန် အသင့်ဖြစ်သော အကာအရံရှိသော ဆိတ်ကွယ်ရာတွင် ထိုင်နေသည်မှာ မှန်သလော” ဟု မေး၏။ အသျှင်ဥဒါယီလည်း မှန်ကြောင်း လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥဒါယီကို ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]

သိက္ခာပုဒ်

“အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ တစ်ယောက်ချင်းချင်း မေထုန်အမှုကို ပြုခြင်းငှါ အသင့်ဖြစ်သော အကာအရံရှိသော ဆိတ်ကွယ်ရာ၌ ထိုင်နေငြားအံ့၊ ထိုရဟန်းကို ယုံကြည်ထိုက်သော စကားရှိသော ဥပါသိကာမသည် မြင်၍ ပါရာဇိကဖြင့်သော်လည်းကောင်း၊ သံဃာဒိသိသ်ဖြင့်သော်လည်းကောင်း၊ ပါစိတ်ဖြင့်သော်လည်းကောင်း သုံးပါးသော အာပတ်တို့တွင် တစ်ပါးပါးဖြင့် စွဲဆိုငြားအံ့။ ထိုင်နေသော ရဟန်းကို ဝန်ခံသော ရဟန်းကို ပါရာဇိကဖြင့်သော်လည်းကောငး်၊ သံဃာဒိသိသ်ဖြင့်သော်လည်းကောင်း၊ ပါစိတ်ဖြင့်သောလည်းကောင်း သုံးပါးသော အာပတ်တို့တွင် တစ်ပါးပါးဖြင့် ဆုံးဖြတ်ရမည်။ ယုံကြည်ထိုက်သော စကားရှိသော ထိုဥပါသိကာမ စွဲဆိုသော အာပတ်ဖြင့် ထိုရဟန်းကို ဆုံးဖြတ်ရမည်။ ဤအာပတ်ကား အမြဲမရှိ” ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။[1]

ကိုးကား

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.