ရူပိယသိက္ခာပုဒ်
ရူပိယသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမိုင်း
မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ အသျှင်ဥပနန္ဒသည် အမျိုးတစ်မျိုး၏ အိမ်သို့ ကပ်သော အမြဲဆွမ်းဝတ်ရှီသော ရဟန်းဖြစ်၏။ ထိုအမျိုးတို့သည် ခဲဖွယ်၊ ဘောဇဉ် တို့မှ အသျှင်ဥပနန္ဒအတွက် အဖို့ ‘အစု’ ကို ထားရ၏။
တစ်ခုသောညတွင် ထိုအမျိုးတို့အိမ်၌ ‘စမဲဟင်းလျာ’ ဖြစ်ပေါ်၍ အသျှင်ဥပနန္ဒအဖို့ ဖယ်ထား၏။ ထိုအမျိုး၏ ကလေးငယ်သည် နံနက်စောစောထ၍ စမဲဟင်းလျာကို တောင်းကာ ငို၏။ ထိုအခါ ယောက်ျားဖြစ်သူသည် အသျှင်ဥပနန္ဒအတွက် ဖယ်ထားသည့် ဟင်းလျာကို ကလေးအား ပေးပြီး အသျှင်ဥပနန္ဒအတွက်မူ ဟင်းလျာကို ဝယ်၍ လှူမည်ဟု ဆိုကာ ကလေးအား ကျွေးလိုက်၏။
နံနက်အချိန်ရောက်လတ်သော် အသျှင်ဥပနန္ဒသည် သပိတ်ကို ဆောင်ယူကာ ထိုအမျိုးအိမ်သို့ ကြွ၏။ ထို့အခါ ယောက်ျားသည် အသျှင်ဥပနန္ဒအား ဟင်းလျာကို ကလေးအား ကျွေးလိုက်ရသည့် ဖြစ်ကြောင်းအစုံအလင်ကို ပြောပြ၏။ ထို့နောက် ယောက်ျားသည် “အသျှင်ဘုရား အသပြာဖြင့် အဘယ်ကို ဆောင်လာရပါမည်နည်း” ဟု လျှောက်၏။ ထိုအခါ အသျှင်ဥပနန္ဒသည် “ဒါယကာ အသပြာကို ငါ့အား စွန့်လှူပြီး ဖြစ်ပါသလား” ဟု မေး၏။ ထိုအခါ ဒါယကာသည် “စွန့်လှူပြီး ဖြစ်ပါသည်” ဟု ဖြေ၏။ ထိုအခါ အသျှင်ဥပနန္ဒသည် “ဒါယကာ ငါ့အား ထိုအသပြာကိုပင် ပေးပါ” ဟု ဆို၏။ ဒါယကာလည်း အသပြာကို ပေးလှူလိုက်၏။
ထို့နောက် ထိုဒါယကာ ယောက်ျားသည် “ငါတို့သည် ရွှေငွေကို ခံယူသကဲ့သို့ ရဟန်းတို့သည် ရွှေငွေကို ခံယူကြကုန်၏” ဟု ဆိုလျက် ကဲ့ရဲ့ပြစ်တင်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥပနန္ဒအား “ရွှေငွေကို ခံယူသည် ဆိုသည်မှာ မှန်ပါသလား” ဟု မေး၏။ အသျှင်ဥပနန္ဒလည်း “ဟုတ်မှန်ကြောင်း” ဖြေ၏။
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[1]
သိက္ခာပုဒ်
အကြင်ရဟန်းသည် ရွှေ၊ ငွေကို (ကိုယ်တိုင်သော်လည်း) ခံယူငြားအံ့၊ (သူတစ်ပါးကိုသော်လည်း) ခံယူစေငြားအံ့၊ အနီး၌ ချထားအပ်သည်ကို လည်းကောင်း သာယာငြားအံ့ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[1]
ကိုးကား
- ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်။